E! People’s Choice Award အတွက် ပရိသတ်တွေကို ကျေးဇူးစကားဆိုခဲ့တဲ့ Lopez

instagram/jlo instagram/modaseven_

နိုဝင်ဘာ၁၆ရက်တုန်းက ဖျော်ဖြေရေးကဏ္ဍထဲကျော်ကြားသူအနုပညာရှင်တွေကို ပရိသတ်တွေက အွန်လိုင်းစနစ်နဲ့မဲပေးရွေးချယ်တဲ့ အမေရိကန် award ရှိုး People’s Choice Award ကိုကျင်းပခဲ့ပါတယ်။ ဒီရှိုးမှာတော့ ၂၀၂၀ ရဲ့ People’s icon award ဆုကို Jennifer Lopez က လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

 

View this post on Instagram

 

A post shared by YASMINE SETIR (@thecouturebyyas)

ဆုလက်ခံရယူရင်းနဲ့ Lopez က အခုလိုပြောခဲ့ပါတယ်။ “၂၀၂၀ က ဟာသတစ်ပုဒ်မဟုတ်ပါဘူးနော်။ ကျွန်မပြောချင်တာ ၂၀၂၀မတိုင်ခင်အချိန်က ကျွန်မတို့ဟာ ဒီဆုကိုရဖို့ တော်တော်လေးကြိုးစားခဲ့ရတယ်။ ဘယ်သူက record တွေအများဆုံးရောင်းရလဲစသဖြင့် ဒီလိုအရာတွေနောက်လိုက်ကြတယ်။ ဒါပေမဲ့ ကျွန်မအတွက်အရေးကြီးတာက လူတွေပဲဆိုတာ ကျွန်မသိလာပါပြီ။”

READ
Song-Song စုံတွဲရဲ့ မင်္ဂလာဖိတ်စာပုံ ထွက်ပေါ်လာ

Lopez ဟာ သူမရဲ့ ကျေးဇူးတင်စကားမပြောခင် အနည်းငယ်အံ့အားသင့်နေခဲ့တာ ဖြစ်ပါတယ်။ သူမက လူတွေအချင်းချင်းကူညီကြဖို့နဲ့ ကြင်နာမှုရှိဖို့ဟာ အရေးကြီးကြောင်းဆိုခဲ့တာပါ။ ဒါ့အပြင် ဒီနှစ်တာအတောအတွင်း အနုပညာရှင်တွေအနေနဲ့ ခက်ခဲ့တဲ့အချိန်တွေ ပင်ပန်းတဲ့အချိန်တွေရှိခဲ့ကြောင်းနဲ့ ဒီလိုအချိန်တွေမှာ သူမကိုပံ့ပိုးအားပေးခဲ့ကြတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို ကျေးဇူးအရမ်းတင်တဲ့အကြောင်းပြောပြခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

Lopez ဟာ In Living Colour အမည်ရတဲ့ အမေရိကန်ဟာသဇာတ်လမ်းတွဲစီးရီးမှာ dancer တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး အနုပညာခရီးကိုစတင်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ သူမဟာ သရုပ်ဆောင်မင်းသမီး၊ အဆိုတော်၊ ပရိုဂျူဆာအဖြစ် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

READ
အွတွင်းခံကြော်ငြာ အတူတူရိုက်ကူးခဲ့တဲ့ Justin Bieber တို့ ဇနီးမောင်နှံ

“လက်တင်အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မတို့ဟာ အခွင့်အရေးတစ်ခုရဖို့အတွက် တစ်ခါတစ်လေ သူများတွေထက် နှစ်ဆလောက်ကြိုးစားရပါတယ်။ အရင်တုန်းက ကျွန်မနားမှာရှိနေတဲ့သူတွေက ကျွန်မအိပ်မက်ကိုနားမလည်ကြဘူး။”

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

“သူတို့က နင် dancer ပဲဖြစ်မှာ။ မင်းသမီးမဖြစ်နိုင်ဘူးဆိုပြီးပြောကြတယ်။ ကျွန်မမလုပ်နိုင်ဘူးလို့ သူတို့ပြောလေလေ ကျွန်မဖြစ်အောင်လုပ်ရမယ်ဆိုတာ သိလာလေလေပဲ။ ဒါကြောင့် အခုကျွန်မသိပါပြီ။ ကျွန်မရဲ့အောင်မြင်မှုကို box office နံပတ်တွေ record တွေနဲ့ တိုင်းလို့မရဘူး။ လူတွေဆီက အချစ်နဲ့ပဲ တိုင်းတာလို့ရတယ်။ ပရိသတ်တွေရဲ့အချစ်ကို ကျွန်မခံစားရပါတယ်။” ဆိုပြီး Lopez က ပြောခဲ့တာကိုလည်း CNNသတင်းကတဆင့် သိရှိရပါတယ်။

ShweMom

SHARE