Botox တွေ ထိုးပြီး နုနေတာလို့ စွပ်စွဲလာသူကို ခပ်ချေချေ တုံ့ပြန်လိုက်တဲ့ J.Lo

Image:IG/J.Lo

Jennifer Lopez က တော့ အသက် (၅၁)နှစ်ရှိနေပါပြီ။အရွယ်နဲ့ မလိုက် အောင်ကို ခုထိ နုပျို ကျစ် လစ် လှပ နေတဲ့ အနုပညာရှင် တစ်ယောက်ပါ။အားကစားကိုလည်း အရမ်းလိုက်စား သလို တစ်ဖက်မှာလည်း နုပျိုတဲ့ ရုပ်ရည် အလှကို ပိုင်ဆိုင်ထား တဲ့ သူမကို တော့ Botox တွေ ထိုးတယ်၊နုပျိုအောင် မျက်နှာပြုပြင်မှုတွေ လုပ်တယ်ဆိုတဲ့ ကောလာဟလ တွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။လက်ရှိမှာ တော့ J.Lo Beauty Product တစ်ချို့ကို ထုတ်ဖို့ ကြိုးစားနေပါတယ်။ဇန်န၀ါရီ ၁၆ ရက်နေ့ တုန်းက တော့ သူမရဲ့ အသစ် ထွက်လာတဲ့ JLo Beauty line  နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။အဲ့ဒီ မိတ်ဆက်ပေးတဲ့ ဗီဒီယိုဖိုင် ကို လည်း သူမရဲ့ IG မှာ ဝေမျှ ပေးခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ usmagazine မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

“That Limitless Glow” face mask ကို ကြော်ငြာ ခဲ့တာပါ။Mask ကပ်  ထားတာကို ခွာလိုက်ပြီး နောက် သူမရဲ့ မျက်နှာ ကို ပြ ခဲ့တာပါ။” အမှန် အတိုင်း ပြောရရင် ကျွန်မ မျက်နှာ ပေါ်မှာ အရေး အကြောင်း တစ်ခု တောင် မမြင် တော့ဘူး။ဒီ Mask က မျက်နှာ ကို Glow ပြီး အသား အရေ ကို တင်း ရင်း လှပ စေတယ်။ကျွန်မ ကပ် ဖူးတဲ့ Mask ထဲ တော့ အကောင်းဆုံးပဲ။မိနစ် ၂၀ လောက် ကပ် လိုက် ရုံ နဲ့ ၁၀ နှစ် လောက် နု သွားသလို ခံစားရတယ်..” ဆိုပြီး သူမရဲ့ Mask ကိုေ ကြာ်ငြာ ၀င်ခဲ့ပါတယ်။ရနိုင်တဲ့ နေရာ တွေကို ပါ Caption မှာ ထည့် ရေး ခဲ့ပါတယ်။မျက်နှာ ကို နုအောင် Botox (သို့)Filler ထိုးတာ မျိုးတွေ တခါ မှ မလုပ် ဖူးဘူး လို့ လည်း J.Lo က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

ဒါပေမယ့် IG အသုံးပြုသူ တစ်ယောက်က တော့ .ဒီလို လှပ တဲ့ အသားအရေ မျိုးကို J.Lo ပိုင်ဆိုင် တာ ဒီ Mask ကြောင့် မဟုတ် ပဲ  Botox သေချာ ပေါက် ထိုးထားတာပဲ ဆိုပြီး ၀င်မန့်ခဲ့ပါတယ်။”စကားပြောနေတဲ့ အချိန် နဲ့ ဒါကို ပြဖို့ လှုပ်ရှား နေတဲ့ အချိန် မှာ  မျက်ခုံးနဲ့ နဖူးက အသားအရေ က မလှုပ်ပဲ ငြိမ် နေတယ်။သေချာ ပေါက် Botox ထိုးထားတာပါ။ပြီးတော့ အများကြီး ထိုးထားတာ..” ဆိုပြီး Comment မှာ ၀င် ရေး ခဲ့တာပါ။ဒီလို အပြော ခံလိုက်ရတဲ့ အချိန်မှာတော့ Jennifer Lopez က အခုလို Reply ပြန်ခဲ့ပါတယ်။”LOL ဒါက ငါ့ မျက်နှာပါ။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

အကြိမ် သန်း ၅၀ မြောက် ပြောမယ်။ငါ တခါ မှ Botox ရော ဆေးထိုးတာ ရော ဆာဂျရီ ရော တခါ မှကို မလုပ် ဖူးတာ။ JLO BEAUTY Product တစ်ချို့ကို ယူ ပြီး တော့ ကိုယ့်အသားအရေ ရဲ့ လှပ မှုကို ခံစားကြည့်လိုက်..” ဆိုပြီး ပြန် တုံ့ပြန်ခဲ့ပါတယ်။ဒါတင်မကပဲ အကောင်းမြင်စိတ် ၊ကြင်နာ စိတ် တွေ နဲ့ နင့် အချိန်တွေကို ကုန် အောင် ကြိုးစားနေလိုက် အုံး၊သူများကို ချိုးနှိမ်ရင်းနဲ့ပဲ အချိန် တွေ ကုန် မနေ နနဲ့၊ဒါက နင့်ကို နုပျို လှပ စေလိမ့်မယ်.” ဆိုပြီး တော့ပါ ခပ် ချေချေ ပြန် တုံ့ပြန်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

(၅၁)နှစ်အရွယ်မှာ ခုလို နုပျို လှပ ကျန်းမာ လွန်းလို့ ဒီလို အထင် လွဲတာမျိုး တွေနဲ့ မကြာခဏ ကြုံ ရတတ်ပြီး သူမက တော့ မကြာသေးခင် တုန်းက Glamour နဲ့ အင်တာဗျူးကို ဒါကို ဖြေရှင်းခဲ့ဖူးပါတယ်။ဘ၀ မှ တစ်ခါ လေး တောင်မှ အရေး အ ကြောင်း ပျောက် ဆေး ထိုး တာ မျိုး မလုပ် ခဲ့ဖူးဘူး လို့ ပြောခဲ့ပါတယ်။”အရေးအကြောင်းကိုေ ဆးထိုး ခုခံ တဲ့ လူမျိုး မဟုတ်ဘူး။ဒီလို ပြောလို့ လည်း လုပ်တဲ့ သူတွေ ကို ဆန့်ကျင် တာ မျိုး တော့ မဟုတ်ဘူး။ကျွန်မဟာ ကျွန်မ မလုပ်တာပါ။ကျွန်မ မျက်နှာကို အပ် တွေနဲ့ ထိုးရတာ မကြိုက်ဘူး။သဘာဝပုံစံ ကိုပဲ ကျွန်မ ကြိုက်တယ်..” လို့ ပြောခဲ့တာပါ။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo)

#SHWEMOM

SHARE