မင်းသမီးချော J-Lo နဲ့ ရုပ်ချင်းဆင်လို့ နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ အမျိုးသမီး

ABC7

အမေရိကန်နိုင်ငံသူ အင်စတာဂရမ်အသုံးပြုတဲ့ အမျိုးသမီးတစ်ဦးကတော့ သူမရဲ့ ရုပ်ရည်ဟာ ကမ္ဘာကျော်စတားတစ်ဦးဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်နဲ့ ချွတ်စွပ်တူနေလို့ နေ့ချင်းညချင်းမှာပဲ နာမည်ကြီးလာပါတယ်။ သူမဟာ အသက်(၂၈)နှစ်သာ ရှိသေးပြီး ကိုယ်တိုင်က Bodybuilder တစ်ယောက် ဖြစ်သည့်အလျှောက် ခန္ဓာကိုယ်အလှ ဦးစားပေးဓာတ်ပုံတွေ အင်စတာဂရမ်မှာ တင်လေ့ရှိသူပါ။

Instagram

သူမရဲ့ ပရိသတ်ကတော့ အသက်(၄၈)နှစ်အရွယ် ဂျေလိုထက်စာရင် သူမက ငယ်ရွယ်နုပျိုမှုနဲ့ ပိုပြီးတော့တောင် လှတယ်လို့ ချီးကျူးခဲ့ကြပါတယ်။ သူမရဲ့နာမည်ကိုတော့ သူမကိုယ်တိုင်က Jay from Houston လို့ သတ်မှတ်ထားပြီး၊ သူမဟာ အခုဆိုရင် အမျိုးသားထုကြားမှာ အလွန်ကို ရေပန်းစားနေပါပြီ။

Instagram

တကယ်တော့ သူမရဲ့ နာမည်အရင်က Janice Garay  ဖြစ်ပြီး တက္ကဆက်ပြည်နယ်သူပါ။ ကာယအလှသင်တန်းနည်းပြ ဖြစ်သည့်အလျှောက် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့ တော်ရုံလူကို ဖျားစေနိုင်တယ်လို့တောင် စာတွေသတင်းတွေက ညွှန်းဆိုကြပါတယ်။ ဒေသခံသတင်းစာတွေကလည်း သူမအကြောင်းကို ခေါင်းကြီးပိုင်းထားပြီး ဖော်ပြနေတဲ့အထိ သူမက အောင်မြင်လာခဲ့ပါတယ်။

READ
အံ့မခန်းလက်ရေးစွမ်းရည်ကြောင့် ထူးချွန်ဆု(၂)ခုရရှိခဲ့တဲ့ လက်နှစ်ဖက်မဲ့ ကောင်မလေး
Instagram

Janice က သူမရဲ့ အင်စတာဂရမ်မှာ “လူတွေက ပြောလေ့ရှိကြတယ် … လူတိုင်းမှာ ကိုယ်နဲ့အမြွှာလို့ ထင်ရလောက်တဲ့ ရုပ်ချင်းဆင်သူ ရှိသတဲ့ … ဒါဆို ဂျေလိုက ကျွန်မနဲ့တူတဲ့ ဆယ်လီတစ်ယောက်လား … ဒီအတိုင်း ထားလိုက်ပါတော့ … ဒါဆိုရင် ရှင်တို့မှာကော ဆယ်လီတစ်ယောက်နဲ့ ရုပ်ချင်းဆင်တာမျိုး ရှိလား … ဘယ်သူ ဖြစ်နိုင်မလဲ ?” လို့ ရေးသားတင်ခဲ့ပါတယ်။

Instagram
Instagram

သို့ပေမယ့် Janice က သူမအနေနဲ့ ဂျေလိုနဲ့တူတယ်ဆိုတာ ဂုဏ်ယူပေမယ့် သူမကို သူမ ဂျေလိုနဲ့တူတယ်လို့ မခံယူပါဘူး။ တစ်သီးတစ်ခြားဆီပါလို့လည်း သူမက ပြောပါတယ်။ သူမက “ကျွန်မက ဂျေလိုမဟုတ်ပါဘူး … ကျွန်မက ဟောက်စတန်က Jay ပါ … ဒါက ကျွန်မစိတ်ထဲမှာ ဘယ်တော့မှ မရှင်းမရှင်း မဖြစ်စေပါဘူး … သို့သော် အခု ကမ္ဘာကြီးက ပြောနေကြတယ် … ကျွန်မက ဂျေလိုနဲ့ တူသတဲ့” ဆိုပြီး ရေးသားခဲ့ပါသေးတယ်။

READ
နှစ်လိုဖွယ်အရမ်းကောင်းတဲ့ အပြုအမူနဲ့ နှလုံးသားများစွာကို သိမ်းပိုက်ခဲ့တဲ့ ကောင်ကလေး
Instagram

Janice က သူမဟာ ဂျေလိုရဲ့ မဟာပရိသတ်ကြီးတစ်ဦး ဖြစ်ကြောင်း၊ ဒီအတွက် သူမနဲ့ တွေ့ဆုံခွင့်ရဖို့ဆိုတာ ပရိသတ်တစ်ဦးရဲ့ အိပ်မက်ဖြစ်ပြီး၊ ဒီအိပ်မက်ကလည်း မကြာမီမှာ အကောင်အထည်ပေါ်လိမ့်မယ်လို့ ထင်ကြောင်း သူမက ဆိုပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ သူမရဲ့ အလုပ်တာဝန်တွေကို ပိုပြီးအာရုံစိုက်နေရတယ်လို့လည်း ပြောပါတယ်။

Instagram

နတ်စည်တော် (Shwemom)

source : metdaan.com

SHARE