ပရိသတ်တွေကြားမှာနာမည်ပြန်ကြီးလာတော့မယ့် Gold Roast ကြော်ငြာ မင်းသမီးလေး

Jessica Parry ဆိုတဲ့ ကောင်မလေးကတော့ လတ်တလောမှာ အသစ်ထွက်ရှိထားတဲ့ X-BOXရဲ့ ” HURT ” ဆိုတဲ့သီချင်းထဲမှာ ပါဝင်သီဆိုပေးခဲ့တဲ့နောက် ပရိသတ်တွေကြားမှာ တော်တော်လေးလူသိများပြီး စိတ်ဝင်စားမှုတွေ ရရှိလာတာဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ မျက်နာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့အသံလေးကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတာပဲဖြစ်ပါတယ်။

တကယ်တော့ Jessica Parryက X-BOXရဲ့သီချင်းမှာ မပါဝင်ခင်ကတည်းက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ကလေးအရွယ်တုန်းက မင်းသမီး နန်းသူဇာနဲ့အတူ Gold Roast ကော်ဖီမစ် ကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။

လှသွေးကြွယ်အပျိုမလေးအရွယ်ရောက်နေပြီဖြစ်တဲ့ Jessica Parryကတော့ အသက် ၁၉ နှစ်အရွယ်တောင်ရောက်နေပြီဖြစ်ပါတယ်။ Jessica Parryလေးကို ပရိသတ်တွေ ပြန်မှတ်မိသွားစေဖို့ Gold Roast ကော်ဖီမစ် ကြော်ငြာလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Gold Roast Instant Coffee 2011

Gold Roast 2011 Ye Deight , Nan Thu Zar. Jessica Parry

Posted by Ad.leono Creative on Monday, December 5, 2011

Source: Jessica parry

SHARE