ယေရူလိုဝတ်ဆင်ထားတဲ့လမ်းပေါ်နေထိုင်သူ တစ်ပါတ်ကိုပေါင်၁၂၀၀၀င်ငွေရှိနေ

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဂျိမ်းဆင်ဂေါ့လပ် ဆိုသူလမ်းသရဲတစ်ယောက်ဟာ သူ့ရဲ့ထူးထူးဆန်းဆန်းဗင်ကားနဲ့ ကမ္ဘာအနှံပါတ်လျက်ရှိပါတယ်။သူဟာ သူတော်စင်ဖရန်စစ်ရဲ့ သင်ကြားမူကို မသိသေးမီအချိန်က ယေရူခရစ်တော်ကဲ့သို့ ၃ နှစ်နီးပါး ၀တ်စားဆင်ယင်ခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ သူရဲ့ဗင်ကားကို အနုပညာတွေနဲ့စတင်ဆင်ယင်ခါစဖြစ်ပြီး ထိုဗင်ကားကို ချစ်ခြင်းကျောင်းတော်လို့သူက နာမည်ပေးထားသေးပါတယ်။ပြီးခဲ့တဲ့ ၁၆နှစ်လုံးလုံးသူဟာဗင်ကားနဲ့ ကယ်လီဖိုနီးယားကိုသွားပြီး ကမ္ဘာလှည့်ခရီးသည်ကို ချစ်ခြင်းမေတ္တာအကြောင်းကိုဝေငှခဲ့ပါတယ်။ဂျိမ်းဆင်ရဲ့ ဟောပြောချက်ကို သဘောကျတဲ့ ခရီးသွားတွေရဲ့လျုဒါန်းတဲ့ငွေတွေဟာ တစ်ရက်ကို ပေါင် ၁၆၀ အထိရှိပါတယ်။

” ကမ္ဘာလှည့်ခရီးသွား ၁၀၀ မှာ ၉၉ ယောက်လောက်ဟာ ကျွန်တော်ရဲ့ အနုပညာတွေနဲ့ ပြင်ဆင်ထားတဲ့ ဗင်ကားကိုသဘောကျ ကြပါတယ် ” လို့သူကပြောပါတယ်။ဂျိမ်းဆင်ဟာ အမေရိကန်လမ်းသရဲဘ၀ကို ဗီယက်နမ်စစ်ပြန်တွေကို ဆေးကုရာမှာ ကူညီရတဲ့ ဆေးတပ်သား ဘ၀ကနေထွက်လာပြီးစတင်ခဲ့တာဖြစ်ပါတယ်။၁၉၉၅ ခုနှစ်မှာ သူ့သူငယ်ချင်း အိမ်ယာမဲ့က ငွေလိုအပ်လို့ရောင်းတဲ့ ၁၉၇၆ ဒေါ့ဂ်ျဗင်ကားကို ဂျိမ်းဆင်ဟာ စွန့်စွန့်စားစား ၀ယ်ယူခဲ့တာဖြစ်ပါတယ်။လမ်းသရဲဘ၀ စတင်ကတည်းက ဂျိမ်းဆင်ဟာ ယေရူခရစ်တော်လိုမျိုး ၀တ်ရုံ ၀တ်ဆင်ခဲ့ပြီး ကမ္ဘာအနှံက အလေးအမြတ်ထားတဲ့ နေရာတွေကိုလှည့်လည်ခဲ့ပါတယ်။ဂျိမ်းဆင်ဟာ အလျုငွေရရှိတာတွေအကုန်လုံးကို သူကားမှာတပ်ဆင်ဖို့အတွက်ပဲအသုံးပြုခဲ့တာဖြစ်ပြီး အခုဆိုရင် သူရဲ့ဗင်ကားမှာ အရုပ်ပေါင်း ၅၀၀၀ ကျော်ရှိပြီး ဟယ်ရီပေါ်တာ၊လူစွမ်းကောင်းအရုပ်တွေ၊သူ့ခရီးသွားတဲ့တစ်လျှောက်က အမှတ်တရပစ္စည်းတွေနဲ့ ဆင်မြန်းထားပါတယ်။ဂျိမ်းဆင်ဟာ ချစ်ခြင်းမေတ္တာအကြောင်းကိုပဲပြောကြားပြီးယခုဆိုရင် သူရဲ့ဗင်ကားဟာ မောင်းနှင်လို့မရအောင်လေးလံနေတဲ့ အတွက် ကယ်လီဖိုနီးယားမှာပဲ သိမ်းထားတာဖြစ်ပါတယ်။ဂျိမ်းဆင်ဟာ ကမ္ဘာလှည့်ခရီးသွားနည်းပါးတဲ့ အချိန်မှာ ကင်တပ်ကီပြည်နယ်က သူ့အိမ်မှာနေထိုင်ပြီး သူ့ရဲ့ဗင်ကားကိုပြသခြင်းဖြင်းနဲ့၊သူရဲ့ချစ်ခြင်းမေတ္တအကြောင်းဟောပြောခြင်းမှ ရတဲ့ ၀င်ငွေဟာ အိမ်တစ်လုံးဝယ်နိုင်တဲ့အထိများပြားနေတာကို တွေ့ရပါတယ်။

Lumos(Shwemom)

READ
မိခင်အိပ်ရာထဲမှာသေဆုံးနေတာကို ၂လကျော်အကြာအထိမသိတဲ့သမီး၂ယောက်

Ref : The Sun

SHARE