ကွင်းထဲမှာ ပိုခြေစွမ်းပြနိုင်ဖို့ဆိုပြီး ရည်းစားကိုလမ်းခွဲလိုက်တဲ့ ဂါဘရီယယ်ဂျီးဆပ်

Instagram

မန်စီးတီးအသင်းတိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ် ရဲ့လမ်းခွဲနည်းကတော့ တစ်မျိုးပါ။ မန်စီးတီးအသင်းရဲ့ အသက် (၂၂)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ် ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ဘရာဇီးမော်ဒယ်မလေး ဖာနန်ဒါ နဲ့ လမ်းခွဲလိုက်ပြီး အကြောင်းကတော့ ကွင်းထဲမှာ ပိုပြီး ခြေစွမ်းပြနိုင်ဖို့အတွက်ပါတဲ့။

Instagram

ဂျီးဆပ်နဲ့ ဖာနန်ဒါ တို့ဟာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်ကတည်းက တွဲခဲ့ကြတာဖြစ်ပြီး ဖာနန်ဒါ ဟာ (၂၀၁၉)အောက်တိုဘာလမတိုင်ခင်ကတည်းက အင်္ဂလန်၊ ချက်ရှိုင်းယားမှာရှိတဲ့ ဂျီးဆပ်ရဲ့ နေအိမ်ဆီ လာရောက်လို့ အတူနေထိုင်ခဲ့ကြတာပါ။

 

View this post on Instagram

 

Postando agora, porque já já o sinal cai. Quem adivinha o próximo destino? ✈️❤️

A post shared by Fernanda Queiroz ✨ (@fequeirozofc) on

အဲဒီအိမ်မှာ ဂျီးဆပ်နဲ့အတူ သူ့ရဲ့အမေ၊ အစ်ကိုတို့လည်း အတူနေထိုင်နေကြတာဖြစ်ပြီး ဖာနန်ဒါ ဟာ အဲဒီမှာ လအနည်းငယ်ကြာအောင် နေထိုင်ပြီးတဲ့နောက် ဘရာဇီးမြေဆီ ပြန်သွားခဲ့ပါတယ်။ ဒီလို ပြန်သွားခဲ့ရတဲ့ အကြောင်းက ဂျီးဆပ် နဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့်ဖြစ်ပြီး အပြီးတိုင်လမ်းခွဲလိုက်တဲ့ သဘောပဲလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

READ
ဓမ္မတာလာချိန်မှာ မဖြစ်မနေ ရှောင်ရမယ့် အရာ(၅)ခု

သူမ က သူမရဲ့ အင်စတာဂရမ်မှာ ဂျီးဆပ် နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်လိုက်ပြီး သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အဆုံးသတ်လိုက်တာပါ။

 

View this post on Instagram

 

Diretamente de Maceió

A post shared by Fernanda Queiroz ✨ (@fequeirozofc) on

ဗြိတိန်သတင်းစာတွေကတော့ ဂျီးဆပ်ဟာ မိခင်ဖြစ်သူရဲ့ လွှမ်းမိုးမှုအောက်မှာ နေထိုင်နေရသူဖြစ်ပြီး ဒီလမ်းခွဲမှုက မိခင်ဖြစ်သူကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ရေးသားခဲ့တာပါ။

ဘရာဇီးနိုင်ငံမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အသက်မွေးခဲ့ဖူးတဲ့ ဂျီးဆပ်ရဲ့မိခင်ဗီရာ ဟာ သားနှစ်ယောက်ကို အရိပ်တကြည့်ကြည့်နေသူအဖြစ်လည်း နာမည်ကြီးပါတယ်။

READ
ဥက္ကာခဲအပိုင်းအစက အလိုလျှောက်ရွေ့နေလို့၊ ပြတိုက်ဝန်ထမ်းတွေ ထိတ်လန့်နေ

ဘရာဇီးမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဗီရာ က သူ့သားတွေရဲ့ ချစ်သူတွေဟာ သူ့ရဲ့စည်းကမ်းကို လိုက်နာဖို့လိုပြီး အချစ်ကြမ်းပြီး နမ်းတာမျိုးတွေကိုတောင် သူ့ရှေ့မှာ ခွင့်မပြုဘူး လို့ ဖြေထားခဲ့ဖူးတာပါ။ ဒီတော့ ဖာနန်ဒါ ဟာ ဂျီးဆပ်ရဲ့ မိခင်ဖြစ်သူနဲ့လည်း အဆင်ပြေဖို့ မလွယ်ဘူးလို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပြီး ဂျီးဆပ်ရဲ့လစာငွေတွေကိုလည်း မိခင်ဖြစ်သူပဲ ထိန်းချုပ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားခဲ့တာပါ။

 

View this post on Instagram

 

😅 @netofernandezfotos

A post shared by Fernanda Queiroz ✨ (@fequeirozofc) on

သူတို့မိသားစုနဲ့ရင်းနှီးသူ တစ်ယောက်ကတော့ ဂျီးဆပ် ဟာ ကွင်းထဲမှာ ခြေစွမ်းပိုပြနိုင်ဖို့အတွက် ဖာနန်ဒါနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ ဆိုတဲ့အကြောင်း ပြောဆိုသွားခဲ့ပြီး သူ့အနေနဲ့ မန်စီးတီးတိုက်စစ်မှူး အဂွီရိုရဲ့နေရာကို ဆက်ခံဖို့ ဆန္ဒရှိနေတယ် ဆိုတဲ့အကြောင်းကိုလည်း ပြောပြသွားခဲ့ပါတယ်။

Linn

SHARE