ရုပ်ရှင်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဂျက်လီရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား(၅)ကား

Image:IG/Jet Li

ဂျက်လီ က  တော့ တရုတ်နိုင်ငံမှာ မွေး ဖွားခဲ့တာပါ။နိုင်ငံတော် အဆင့် ၀ူရှူး ချန်ပီယံ တစ်ယောက်ပါ။Shaolin Tem ple ဆိုတဲ့ (၁၉၈၂)ခုနှစ်က ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရင်းနဲ့ သူ့ရဲ့ ၀ူရှုး Skill ကို လူသိများ ခဲ့တာပါ။ ဂျက်လီရဲ့ ဇာတ်ကား ကောင်းတွေ အများကြီးထဲကမှ ဇာတ်ကားတစ်ချို့ကို .scmp. မှာအခုလို  ရွေးချယ် ဖော်ပြ  ထား ပါတယ်။

Fearless

ဂျက်လီရဲ့ ဇာတ်ကား ကောင်းတွေ အများကြီးထဲက တစ်ကားပါ။ဒါရိုက်တာ ကတော့ Ronny Yu Yan-tai  ပါ။ ကိုယ်ခံ ပညာ ဆရာကြီး Huo Huanjia ရဲ့ တကယ့်ဘ၀ အ ကြောင်းကို ပြန် ရိုက်ထားတဲ့ ဇာတ်ကား လေးပါ။ ဒီကား အတွက် ဂျက်လီ တစ်ယောက် အရမ်းကြိုးစား အားထုတ် ခဲ့ ရပါတယ်။ အ မေရိကန် နဲ့ ဗြိတိန် တို့ မှာပါ ပြသ ခွင့် ရခဲ့တဲ့ ဇာတ်ကား လေးပါ။

READ
ရို ပြီးရင်း ရိုနေတဲ့ ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲ ပုံရိပ်များ

Hero

ဒီဇာတ်ကား ကတော့ ဒါရိုက်တာ Zhang Yimou ရိုက်တဲ့ ဇာတ်ကားပါ။Jing Ke က ၂၂၇ ဘီစီ တုန်းက ဘုရင် Qin ကို လုပ်ကြံ သတ်ဖြတ် တဲ့ အကြောင်းလေးပါ။(၂၀၀၂) အောက်တိုဘာမှာတော့ တရုတ်မှာ စ ပြ ခဲ့တာပါ။တရုတ် ရဲ့ ၀င်ငွေ အ ကောင်းဆုံး ဇတ်ကားတွေထဲက တစ်ကား ဖြစ်ခဲ့ပါတယ်။ဝေဖန်သူတွေ ဆီက တောင် ကောင်းတဲ့ တုံ့ ပြန် မှု တွေ ရထားတဲ့ ဇာတ်ကားပါ။အ မေရိကန် box Office ရဲ့ နံပါတ်တစ် နေရာမှာ ရပ်တည် ခဲ့ဖူးတဲ့ ပ ထမ ဆုံး တရုတ် စကား ပြော ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ ဇာတ်ညွှန်းက သူ့ကို မျက်ရည်ကျ စေခဲ့တယ်လို့ ဂျက်လီ ကိုယ်တိုင် တောင် ပြော ခဲ့ဖူးပါတယ်။

Once Upon a Time in China (1991)

ဂျက်လီနဲ့ Once Upon a Time in China က တော့ ခွဲ ခြား လို့ မရပါဘူး။ ဒီဇာတ်ကား မှာတော့ ဂျက်လီ က ဟောင် ကောင် ကိုယ်ခံပညာ ရှင် တစ်ယောက် အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ဒါရိုက်တာ ကတော့ Tsui Hark ပါ။ Once Upon a Time in China ဇာတ်ကား ကတော့  စီးရီးတွေ နဲ့ တောင် ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားပါ။ ဇာတ် ကားတိုင်း ကလည်း ပရိသတ် အားပေးမှု ကို ရပြီး ပေါက် ခဲ့ပါတယ်။Wong Fei-hung က နိုင်ငံခြားသား တွေ ရဲ့ အာဏာ စိုးမိုးခြယ်လှယ်မှု တွေကို ခုခံ တွန်းလှန် တဲ့ ဇာတ်ကားပါ။

READ
ကောင်လေးတွေသာမက ကောင်မလေးတွေကိုပါ ကြွေသွားစေတဲ့ ဧငြိမ်းဖြူ

Fist of Legend (1994)

 ဟောင် ကောင် ကိုယ်ခံပညာ ဇာတ်ကားလေးပါ။ဒါရိုက်တာ ကတော့ Gordon Chan ပါ။ဒီဇယတ်ကား မှာတော့   ဂျက်လီက ခေါင်းဆောင်မင်းသားနေရာကလည်း ပါဝင် ကိုယ်တိုင်လည်း ထုတ်လုပ်သူ နေရာ က အားဖြည့် ခဲ့ တဲ့ ဇာတ်ကားပါ။ဒီကား ကတော့ (၁၉၇၂)တုန်းက Bruce Lee  ရဲ့ Fist of Fury ဆိုတဲ့ ဇာတ်ကားကို ပြန် ရိုက်ထား တာပါ။

Fong Sai Yuk (1993)

 

ဒီဇာတ်ကား ကတော့ (၁၉၉၃)ခုနှစ်က ဇာတ်ကားလေးပါ။ဟောင် ကောင် အက်ရှင် ဟာသ ဇာတ်ကား ပါ။ဒါရိုက်တာ ကတော့  Corey Yuen ပါ။ဒီကားမှာတော့ ဂျက်လီက တရုတ်ဟီးရိုးFong Sai-yuk နေရာ က နေ သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကား ကေတာ့ Hong Kong Film Award နဲ့  Golden Horse Award  ဆု ပေးပွဲမှာ အ ကောင်းဆုံး အက်ရှင်ဇာတ်ကား အဖြစ် ဆု ရခဲ့တဲ့ ဇာတ်ကားပါ။

#SHWEMOM

 

SHARE