ဘေရွတ်ပေါက်ကွဲမှုကြီးကို အနီးကပ်မှတ်တမ်းတင်နိုင်ခဲ့တဲ့ Jet Skier တစ်ဦးရဲ့အဖြစ်

TikTok/Yachtswhatknot

မကြာသေးခင်က ကမ္ဘာတုန်အောင် ကြားလိုက်ရတဲ့ ဘေရွတ်မြို့ အမိုနီယံနိုက်ထရိတ်ဂိုထောင်ကြီး ပေါက်ကွဲမှုကြီးအကြောင်းကိုတော့ ပရိသတ်တွေ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒီပေါက်ကွဲမှုကြီးကြောင့် လူပေါင်း (၁၆၅)ဦး သေဆုံးခဲ့ပြီး၊ လူ (၆၅၀၀)နီးပါး ဒဏ်ရာရရှိခဲ့သလို၊ (၂၁)ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဒီပေါက်ကွဲမှုကြီးကို Jet Skier တစ်ယောက်က အနီးကပ်အနေအထားနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရေထဲမှာ လျှောတိုက်ယာဉ်နဲ့ ပျော်မြူးနေချိန်မှာ ဒီပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာပါ။ ဒီဗွီဒိယိုဟာ TikTok လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါတယ်။

TikTok/Yachtswhatknot

TikTok ပေါ်မှာ “ ဘေရွတ်မြို့ရဲ့ ဧရာမပေါက်ကွဲမှုကြီး”လို့ ခေါင်းစဉ်တပ်ထားပါတယ်။ Jet Skier သမားဟာ ပေါက်ကွဲမှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ပြီးနောက် အတော်လေး အံ့သြထိတ်လန့်သွားပုံရပါတယ်။ နောက်တော့ သူဟာ ရေထဲကို ခုန်ဆင်းပြီး Jet Skier ကို ကိုင်ထားကာ အခြေအနေ ကြည့်နေပုံပါ။

TikTok/Yachtswhatknot

ဗွီဒီယိုနဲ့ပတ်သက်ပြီး မှတ်ချက်ရေးသူတစ်ဦးကတော့ “ တွေ့လိုက်သလား … ရေလှိုင်းကြီး … Jet Skier ကိုတောင် လာရိုက်သွားတယ် ”လို့ ရေးခဲ့သလို၊ အခြားတစ်ဦးကတော့ “ ရေအောက်ကနေ မောင်းဖို့ဆိုတာ အတော်လေး ကျွမ်းမှဖြစ်မယ် ”လို့ ရေးခဲ့ပါတယ်။

 

@yachtswhatknotPray for Lebanon. ##fyp ##foryou ##seadoo ##boats ##boating ##waverunner♬ original sound – yachtswhatknot

အမိုနီယံနိုက်ထရိတ်တန်ချိန် (၂၀၀၀)လောက် သိုလှောင်ထားတဲ့ ဂိုထောင်ကြီးဟာ သြဂုတ်လ (၄)ရက်နေ့က ပေါက်ကွဲတာ ဖြစ်ပြီး၊ ရုရားလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်တဲ့ ဂိုထောင်လို့ သိရပါတယ်။ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က တာဝန်အရှိဆုံးလူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

အများပြည်သူကတော့ အစိုးရကို ပြစ်တင်ဝေဖန်နေပြီး၊ ဒီဂိုထောင်ကြီး ရှိနေတာဟာ ကာလအားဖြင့် အတော်လေး ကြာမြင့်ခဲ့ပြီလို့ ဆိုနေကြပါတယ်။ ဒီပေါက်ကွဲမှုကြီးနဲ့ ဆက်စပ်ပြီး ငလျင်ငယ်တစ်ခုလည်း လှုပ်ခဲ့သလို၊ ဆိုက်ပရပ်မြို့ကတောင် ပေါက်ကွဲသံကြီးကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE