ဒီပုံမှာ ဘယ်တစ်ကွင်းက စိန်လက်စွပ်အစစ်လဲ?

မင်္ဂလာဆောင်ကို တခမ်းတနားကြီးမဆောင်တာထား… ကိုယ့်ရဲ့ ပြီးပြည့်စုံတော့ လက်ထပ်လက်စွပ်အတွက်ကတော့ အနည်းလေး သုံးလစားလောက်တော့ သွားရမှာပဲ။

ဘယ်သူမဆိုပဲ ကိုယ့်ရဲ့ ရွှေမင်းသမီးလေးနဲ့ ကွက်တိဖြစ်ဖို့အတွက်ကို စိတ်ကူးတွေယဉ်ကြပါတယ်။ ဒါကို ပရော်ဖက်ရှင်နယ် ကျောက်မျက်သမားတစ်ယောက်က  တကယ်အစစ် ဒီဇိုင်းတိုင်း ပုံထွက်တဲ့ ဘတ်ဂျတ်နဲ့ ယှဉ်ပြီး အကောင်းဆုံးဖြစ်စေမယ့် အရာတစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။

အခု ဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာဆို ဘယ်တစ်ကွင်းက လက်စွပ်အစစ်လဲ… သင် သိနိုင်မလား?

thesun

Anania Jeweller ပိုင်ရှင် သြစလျေးနိုင်ငံသား ကျောက်မျက်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒန်နီရယ် အန်နာနီယာ ဆိုသူက ယူရိုငွေ (၆၀၀၀) တန်ဖိုးရှိတဲ့ စိန်လက်စွပ် အစစ်နဲ့ ကျူးဘစ် ဇာကိုနီးယားကျောက်နဲ့ လုပ်ထားတဲ့ ယူရိုငွေ (၂၇၀) တန်ဖိုးရှိ လက်စွပ်ကို ယှဉ်ပြီး Daily Mail မှာဖော်ပြခဲ့ပါတယ်။

READ
သေမင်းနဲ့အနီးဆုံး Selfie ဓာတ်ပုံများစုစည်းမှု

အဲ့ဒီလို အတုအစစ်ယှဉ်ပြတဲ့အခါ အတုကို အစစ်ထင်ပြီး အစစ်ကို အတုထင်သွားရပါတယ်။  အထဲမှာ နည်းနည်းနောက်နေတဲ့တာက တကယ့်စိန်အစစ်ဖြစ်ပါတယ်။ တကယ်လို့များ ကျောက်က အတွင်းမှာ အလွန်သန့်နေပြီး ဈေးလည်းသက်သာနေတယ်ဆိုရင် သေချာသလောက်တော့ အဲ့ဒါအတုဖြစ်ကြောင်း ၄င်းက ပြောပြထားပါတယ်။

thesun

တကယ့် စိန်လက်စွပ်အစစ်တွေဟာ လေဆာနဲ့ ထွင်ထားတဲ့ တရားဝင်အထောက်အထား လက်စွပ်ကွင်းပေါ်မှာ ပါတယ်လို့လည်း သိရပါသေးတယ်။

အလေးအချိန်ကိုလည်း ဆကြည်သင့်ပါတယ်။ ငွေကပေါ့တယ်၊ ရွှေက လေးတယ် ပလက်တီနမ် ပိုတောင်လေးတယ်လို့ ဒန်နီယာကပြောပါတယ်။ ဒါပေမယ့် ဇီကိုနီးယား ကုဗကျောက်က တကယ့်စိန်အစစ်ထက် နှစ်ဆပိုလေးပြီး လွယ်လွယ်နဲ့ အစင်းထင်နိုင်ကြောင်း သိရပါတယ်။

ဇာကိုနီးယားကျောက်ကို စိန်နဲ့ ဘယ်လိုခွဲခြားနိုင်မလဲဆိုတာလည်း ဖော်ပြပေးလိုက်ပါတယ်။

Ref: The Sun

Matty (ShweMOM)
SHARE