စစ်မှုထမ်းပြန်လာတာနဲ့ ဒရမ်မာကားသစ် ရိုက်ကူးတော့မယ့် Ji Chang Wook

တောင်ကိုရီးယားမင်းသားချော Ji Chang Wook ကတော့ အခုတည်းက ဇာတ်ကားရိုက်ဖို့ ကိစ္စတွေ ဆွေးနွေး စဉ်းစား နေ တယ်လို့ သိရပါတယ်။ Ji Chang Wook ဟာ ဒါရိုက်တာ Jang Jin’ ရဲ့ ဒရမ်မာကား “City of Stars,” မှာ သရုပ်ဆောင်တော့မယ်လို့ ဧပြီ (၁၇)ရက်နေ့က ထွက်ပေါ်လာတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဇာတ်ကား မှာ  သရုပ်ဆောင်မယ်ဆိုပြီး သတင်းထွက်နေတဲ့ အပေါ် မင်းသားရ့ အေဂျင်စီဘက်ကနေ အခုလို တုံ့ပြန်ခဲ့ပါတယ်။

pinterest
pinterest

စစ်မှုထမ်းပြန်မလာရသေးပေမယ့် အခုတည်းက ကြိုပြီး ကမ်းလှမ်းထားတဲ့ ဒရမ်မာကားနဲ့ ရုပ်ရှင်တွေ အများကြီးရှိကြော င်း၊ Ji Chang Wook ကလည်း အဲ့ဒါတွေကို သေချာစဉ်းစားစီစစ်နေကြောင်း၊ ‘City of Stars’ ကလည်း အဲ့ဒီ ဇာတ် ကားတွေထဲက တစ်ကားလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေရသေးတဲ့ အတွက် သူ့ရဲ့ နောက်လုပ်မယ့်အနုပညာအလုပ်တွေနဲ့ Schedule တွေ အကြောင်းကို ထုတ်ပြောလို့ မရသေးတဲ့ အနေ အထားလို့ လည်း ပြောခဲ့ပါတယ်။ “City of Stars,” ကိုတော့ ဒါရိုက်တာ Jang Jin က ရိုက်ကူးမှာပါ။

READ
ပရိသတ်တွေနဲ့မခွဲချင်သေးလို့ မင်းမျိုးနွယ်ကို အတိတ်ပြန်မေ့ခိုင်းချင်နေတဲ့ စံမြန်း
pinterest
pinterest
pinterest

Ji Chang Wook က  Yoo Dong Ha ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သွားမှာလို့ သိရပါတယ်။ လေယာဉ် အသေးစာလေးတွေရဲ့ စက်ပြင်ဆရာ ဖြစ်ပြီး၊လေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက ပိတ်လှောင် ကြောက်စိတ် လွန်ရောဂါကြောင့် လေယာဉ်ပျံသန်းဖို့ အိမ်မက်ကို စွန့်လွှတ်ထားသူပါ။ (၂၀၁၉)နှစ်ကုန်ပိုင်းလောက်မှာ ထုတ် လွှင့် ပြသဖို့ ရည်ရွယ်ထားပါတယ်။ City of Stars ဇာတ်ကားကိုတော့ (၂၀၁၆)ခုနှစ်လောက်တည်းက ရိုက်ကူးဖို့ ရည်ရွယ် ထားခဲ့တာပါ။ Jang Dong GunHyun Bin  တို့လို ထိပ်တန်းမင်းသားတွေကို ပါဝင် ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်  သူတို့တွေက ငြင်းပယ်ခဲ့လို့ ရိုက်ကူးရေးက အခုချိန်ထိ ကြန့်ကြာနေခဲ့တာပါ။ Ji Chang Wook ကတော့ ဧပြီ (၂၇)မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးကာ ပရိသတ် တွေ ဆီ ပြန်လာတော့မှာပါ။

READ
ရေကူးကန်လေး သိပ်လှနေတော့ ရေစိမ်မိတာပေါ့လို့စ်ဆိုတဲ့ ပရိသတ်အချစ်တော် ခေးကြီးလု
pinterest
koreaboo

Source soompi

SHARE