အိပ်တဲ့အခါတိုင်း ၀က်ဝံရုပ်လေးကို ဖက်ပြီးမှ အိပ်လေ့ရှိတဲ့ ချစ်စရာရှဉ့်ကလေး

instagram/this_girl_is_a_squirrel

ဂျေးလ်အမည်ရတဲ့ ရှဉ့်မကလေးကို (၂၀၁၂) ခုနှစ်တုန်းက ဟာရီကိန်းအိုင်ဇက်ခ်အတွင်းမှာ ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ဂျေးလ်က ရက်သားလေးပဲ ရှိပါသေးတယ်။ ရက်သားအရွယ်လေးတည်းက ဂျေးလ်ဟာ သူ့အတွက် သီးသန့်ပေးထားတဲ့ ၀က်ဝံရုပ်လေးကို ဖက်အိပ်လာခဲ့တာ ယနေ့ထက်တိုင်အောင်ပါပဲ။ မုန်တိုင်းထဲက လွတ်လာပြီးတဲ့နောက် ဂျေးလ်ဟာ အခုဆိုရင် လူဝီစီယားနားမှာ မိသားစုသစ်ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေပါပြီ။

https://www.instagram.com/p/B1FPRsWlIw3/?utm_source=ig_web_copy_link

သူ့အင်စတာဂရမ်ပေါ်မှာတော့ follower (၆၅၈,၀၀၀) တောင် ရှိနေပြီဖြစ်ပါတယ်။ ရှဉ့်ကလေး ဂျေးလ်ရဲ့ အရုပ်လေးကို ပွေ့ဖက်ထားပြီး ချစ်စရာကောင်းစွာရှိနေတာတွေကိုတော့ brightside ကနေ အခုလို တွေ့မြင်ရတာပါ။ ဟာရီကိန်းဖြစ်တုန်းက ဂျေးလ်ဟာ အသိုက်ထဲကနေ ပြုတ်ကျခဲ့တာပါ။ ဒါပေမယ့် လက်ရှိအခု သူ့ကို မွေးထားတဲ့ မိသားစုက ဂျေးလ်ကို အိမ်ခေါ်လာပြီး သူတို့ကပဲ ဂရုတစိုက် ပြုစုပေးခဲ့ကြတာပါ။ အစပိုင်းတော့ ဂျေးလ်နေပြန်ကောင်းလာရင် တောထဲကို ပြန်လွှတ်ပေးဖို့ဆိုပြီး ရည်ရွယ်ခဲ့ကြပေမယ့် နောက်ဆုံးတော့ ဂျေးလ်ဟာ လူတွေနဲ့ပဲ နေရတာ ပျော်လာခဲ့တာ ဖြစ်ပါတယ်။

ဂျေးလ်ရဲ့ အင်စတာဂရမ်ထဲမှာတော့ အမြဲလိုလို ၀က်ဝံရုပ်လေးတစ်ရုပ်ကို ပိုက်ပြီး နေနေတာကို တွေ့ရပါလိမ့်မယ်။ သူက သူ့အရုပ်တော့ အရမ်းကြိုက်ပါတယ်။ အိပ်တဲ့အခါတိုင်း ၀က်ဝံရုပ်ကို ပိုက်ပြီးမှ အိပ်တတ်ပါတယ်။ ဂျေးလ်ရဲ့ အကြောက်ဆုံးအရာကတော့ ဖုန်စုပ်စက်သံပါပဲ။ ဂျေးလ်က သက်သက်လွတ်သမားလေးလည်း ဖြစ်ပါတယ်။ သူက လက်သုတ်ပုဝါလေးတွေကိုလည်း နှစ်သက်ပြီး တရေးတမော အိပ်ရတာကိုလည်း နှစ်ခြိုက်သူဖြစ်ပါတယ်။ သူအိပ်တဲ့အခါ ထုံးစံအတိုင်း ၀က်ဝံရုပ်လေးတော့ အမြဲပါလေ့ရှိပါတယ်။

ဂျေးလ်ကို အိမ်ထဲမှာ အပေါ့အလေးလျှောက်မစွန့်ရအောင် သင်ပေးထားပါသေးတယ်။ ဂျေးလ်က သူ့မှာ သူ့ကိုယ်ပိုင် အခန်းလေးရှိပေမယ့် အများအားဖြင့် အိမ်ထဲမှာ လွတ်လွတ်လပ်လပ် ပြေးလွှားခုန်ပေါက်နေတာ များပါတယ်။ ပြီးတော့ ဂျေးလ်ဟာ အ၀တ်အစားသစ်တွေကို နှစ်သက်တဲ့အပြင် ဓာတ်ပုံအရိုက်ခံရတာကိုလည်း ကြိုက်ပါသေးတယ်။ သူ့အင်စတာဂရမ်ပေါ်မှာတော့ ဂျေးလ်ရဲ့ နေ့တစ်ဓူဝလှုပ်ရှားပုံလေးတွေကို အခုလို တွေ့ရမှာပါ။

လင်းလင်း (ShweMom)

SHARE