လူဆိုးဂျီးနီးယက်စ်အဖြစ် သရုပ်ဆောင်ရတာကို နှစ်သက်ကြောင်းပြောခဲ့တဲ့ Jim Carrey

instagram/jimcarrey__

ပြီးခဲ့တဲ့ (၄) နှစ်လုံးလုံး သရုပ်ဆောင်လောကမှာ ပျောက်ချက်သားကောင်းနေခဲ့တဲ့ ဟာသသရုပ်ဆောင်မင်းသားကြီး Jim Carrey ကို မကြာခင်တုန်းကမှ ထွက်ရှိထားတဲ့ Sonic the Hedgehog ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ဇာတ်ကားထဲမှာတော့ သူဟာ ဇာတ်လိုက်နဲ့ဆန့်ကျင်ဘက်ဇာတ်ကောင် သိပ္ပံပညာရှင်အရူး Dr.Robotonik အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာသေးခင်ကမှ Jim Carrey နဲ့ တွေ့ဆုံခဲ့ရာမှာ သရုပ်ဆောင်ကြီး Jim ကတော့ ဒီဇာတ်ရုပ်ကို သူသရုပ်ဆောင်ရတာ ပျော်ပါတယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ သူဟာ ထူးဆန်းတဲ့ပစ္စည်းပေါင်းများစွာတို့နဲ့ ပြည့်နေတဲ့ Robotnik သိပ္ပံခန်းထဲမှာ အလုပ်လုပ်ပြီး အာကာသယာဉ်ပျံကြီးနဲ့ လျှောက်ပြီး ပျံသန်းတဲ့ပုံကို သရုပ်ဆောင်ရတာ ထူးခြားတဲ့အတွေ့အကြုံဖြစ်ကြောင်း ပြောပြခဲ့တာပါ။

Jim ကတော့ Robotnik ဟာ ကမ္ဘာမှာ ဉာဏ်အကောင်းဆုံးလူသားဖြစ်ပြီး အိုင်ကျူ(၃၀၀) နဲ့အထက်ရှိတဲ့ လူရူးကြီးတစ်ယောက်ဖြစ်ကြောင်း ဆိုပါတယ်။ သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး Jim က Dr.Robonik ဟာ ၄င်းရဲ့အတ္တနဲ့ သန့်စင်တဲ့ဉာဏ်ဉာဏ်သွေးတို့ ရောနှောသွားတဲ့အခါ ၀ိဉာဏ်ပိုင်းဆိုင်ရာမှာ ရူးနှမ်းခြင်းဖြစ်သွားတာကို ဖော်ပြတယ်လို့ ဆိုပါတယ်။

READ
ပရိသတ်တွေက ၀လာတယ်လို့ပြောမှာ စိုးရိမ်နေတဲ့ ခင်ဝင့်ဝါ

Robotnik ဟာ အချစ်မခံရသလို ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်မှုခံခဲ့ရတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် သူ့ကို စွန့်ပစ်ထားတဲ့ ကမ္ဘာကြီးကို သူက မုန်းပါတယ်။ ဒါကြောင့် စကြာဝဠာကြီးတစ်ခုလုံးကို စက်နဲ့ ထိန်းချုပ်တဲ့အကျဉ်းထောင်ရဲ့ထောင်ပိုင်ကြီး ဖြစ်ချင်နေတာဖြစ်ပါတယ်။

ဇာတ်ကောင် Sonic ကတော့ ဖြူစင်မှုနဲ့ ပျော်ရွှင်မှု အကြောင်းကို ဖော်ညွှန်းပါတယ်။ Jim ကတော့ Sonic ဟာ သူ့ဘ၀ကိုသူ ကျေနပ်ပျော်ရွှင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းပျော်ရွှင်မှုကိုရှာနေသူဖြစ်တဲ့အတွက် Sonic က သူနဲ့တူတယ်လို့လည်း ပြောပြခဲ့ပါတယ်။

READ
ခပ်ဟော့ဟော့ပုံလေးတွေတင်လိုက်လို့ မဆူနဲ့နော်လို့ ကိုကိုတွေကိုပြောလိုက်တဲ့ နွယ်နွယ်ထွန်း

Sonic the Hedgehog ရဲ့ ဒါရိုက်တာဖြစ်သူ ဂျက်ဖ်ဖောင်လာကတော့ Robotnik ဇာတ်ကောင်ဟာ တည်ငြိမ်တဲ့ဇာတ်ကောင်မျိုးမဟုတ်တဲ့အတွက် Jim သရုပ်ဆောင်ရတာ လက်ဝင်တဲ့အကြောင်း ဆိုခဲ့ပါတယ်။ Jim ဟာ Robotnik ရဲ့ ဇာတ်ကောင်စရိုက်ကို သူ့ရဲ့အသံနဲ့ အမူအရာတွေကတဆင့် ပုံပေါ်အောင် အားဖြည့်ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ Jim ကိုယ်တိုင်က ဉာဏ်ကောင်းပြီး ရယ်စရာကောင်းတဲ့အပြင် ဇာတ်ကောင်စရိုက်ကို သူ့ကိုယ်ပိုင်စရိုက်အဖြစ် ပြောင်းလဲကာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့တာကိုလည်း Sonic the Hedgehog ထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE