Jisso ရဲ့အလှတရားတွေကို မြင်တွေ့ရမယ့် Elle မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံများ

ig/@sooyaaa__ Verified

BLACKPINK’s အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jisoo ရဲ့ တကယ့်ကို နူးညံလှပတဲ့ အလှတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီကနေ့မှာ fashion magazine တစ်ခုဖြစ်တဲ့ ‘ELLE Korea’ ကနေပြီးတော့ July လအတွက် ထုတ်ဝေမယ့် Jisoo ရဲ့ ပုံတွေကို ရိုက်ကူးခဲ့တဲ့အကြောင်းကို Kstarlive ကနေပြီးတော့ ခုလိုဖော်ပြထားပါတယ်။

View this post on Instagram

@diormakeup 💗

A post shared by JISOO (@sooyaaa__) on

မဂ္ဂဇင်း ဓာတ်ပုံတွေကို indoor ရော၊ outdoor နှစ်ခုလုံး ရိုက်ကူးထားပြီးတော့ Jisoo ကတော့ တကယ့်ကို ပေါ့ပါးလန်းဆန်းနေတဲ့ပုံစံလေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မိတ်ကပ်ပါးပါးလေးသာ လိမ်းထားပြီးတော့ သူမရဲ့ သဘာဝ အလှကို ပိုမြင်သာအောင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်နော်။

View this post on Instagram

@ellekorea 🍀

A post shared by JISOO (@sooyaaa__) on

ဆံပင်တွေကိုလည်း ဘာမှအရမ်းကြီး ပြင်ဆင်မထားပဲ တကယ့ိကို natural beauty ကို အသားပေး ရိုက်ကူးထားတဲ့ ပုံလေးတွေဖြစ်လို့ သူမရဲ့ ပြီးပြည့်စုံတဲ့ အလှကို ခံစားမိစေမှာပါ။ Jisoo ရဲ့ သဘာဝဆန်ဆန်နဲ့ ငေးမောချင်စရာကောင်းလှတဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

BLACKPINK အဖွဲ့က မကြာသေးခင်ကမှ solo album teaser ထွက်ရှိထားပြီးတော့ ပရိတ်သတ်ရှေ့မှောက်ကို ပြန်လာဖို့ အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ လာမယ့် စက်တင်ဘာလမှာတော့ solo album တစ်ခွေလုံး ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

READ
"ကိုယ်စောင့်နတ်" သီချင်းကို ဆိုပြခဲ့တဲ့ အိချောပို

Khin

SHARE