Jennifer Lopez ဟာ ပြီးခဲ့တဲ့တနင်္ဂနွေညတုန်းက အမျိုးသားအဆိုရှင် Maluma နဲ့ တွဲဖက်ပြီး Pa’ Ti + Lonely တေးသီချင်းကို ၂၀၂၀ခုနှစ် American Music Awards မှာဖျော်ဖြေခဲ့ပါတယ်။ သူမရဲ့ ဖျော်ဖြေတင်ဆက်မှုအပြီးမှာပဲ ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ JLO ကို တစ်စုံတစ်ယောက်ဖျော်ဖြေတာမျိုးနဲ့ တူနေတယ်လို့ မှတ်ချက်ပေးခဲ့ကြကြောင်း CNN သတင်းအရ သိရပါတယ်။
JLO ရဲ့ဆံပင်ကအစ ကပြဖျော်ဖြေတဲ့ပုံစံ၊ မီးအလင်းအမှောင်အသုံးပြုတာတွေဟာ ၂၀၁၄ ခုနှစ် Grammys ဆုပေးပွဲဖျော်ဖြေတုန်းက Bey ရဲ့ အမျိုးသားဖြစ်သူ ရက်ပါ Jay-Z နဲ့အတူ တွဲဖက်တင်ဆက်ခဲ့ပုံတွေနဲ့ တော်တော်လေးတူနေတယ်ဆိုပြီး စွပ်စွဲခဲ့ကြတာပါ။ Grammys မှာ Bey ရဲ့ Drunk In Love သီချင်းကို သီဆိုခဲ့တဲ့အတိုင်း JLO ဟာ ရေစိုနေတဲ့ဆံပင်စတိုင်၊ အတိုအပြတ်ဝတ်စုံဒီဇိုင်းနဲ့ မီးအလင်းအမှောင်တွေရဲ့အကူအညီကိုယူကာ ရမ္မက်ပြင်းပြတဲ့ဟန်ပန်နဲ့ ဖျော်ဖြေပြခဲ့တာဖြစ်ပါတယ်။
တွစ်တာပေါ်မှာတော့ ပရိသတ်တွေက JLO ဟာ Bey ကို အားလုံးအတုခိုးထားတာဆိုပြီး ပြောနေခဲ့ကြတာပါ။ ဒါပေမဲ့ JLO ဘက်က ထောက်ခံသူတွေကတော့ Bey ဟာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တခြားသူတွေရဲ့ performace ကို ကော်ပီယူတာမျိုးရှိခဲ့တယ်ဆိုပြီး ပြန်လည်ထောက်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ShweMom