(2020) Golden Globe ဆုပေးပွဲမှာ အောင်ပွဲခံနိုင်ခဲ့တဲ့ မင်းသား Joaquin Phoenix

Imdb/TheJoker

Joker ရုပ်ရှင်ဇာတ်ကားမှာ Arthur Fleck (Joker) ဇာတ်ကောင်ကို ပရိသတ်တွေကော၊ ရုပ်ရှင်ဝေဖန်ရေး ဆရာတွေပါ အထူးနှစ်ခြိုက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Joaquin Phoenix ဟာ (2020) Golden Globe Awards ရဲ့ Best Performance by an Actor in a Motion Picture (Drama) ဆုကို သိမ်းပိုက်သွား နိုင်ခဲ့တယ်လို့ သိရပါတယ်။

GoldenGlobes.Com

Best Performance by an Actor in a Motion Picture (Drama) ဆုအတွက် Joaquin Phoenix နဲ့အတူ အခြား နာမည်ကြီး သရုပ်ဆောင်မင်းသားတွေဖြစ်တဲ့ Jonathan Pryce (The Two Popes) ၊ Christian Bale ( Ford Vs Ferrari) ၊ Antonio Banderas ( Pain and Glory) ၊ Adam Driver ( Marriage Story) တို့ဟာ ဆန် ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ရုပ်ရှင်ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေက ဒီနှစ်ဆုပေးပွဲမှာ Adam Driver (Marriage Story)က ဒီဆုကို ရယူနိုင်မယ့်လို့ တစ်ပေးခဲ့ကြပေမယ့် Joaquin Phoenix က မမျှော်လင့်ဘဲ ရယူနိုင်ခဲ့တာပါ။ ဆုလက်ခံရယူတဲ့ အချိန်မှာ Joaquin ဟာ အမူးလွန်နေတဲ့ ပုံပေါက်နေပြီး သူပြောခဲ့တဲ့ စကားတွေထဲမှာ F— ဆိုတဲ့ စကားလုံး တွေပါနေလို့ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ NBC ရုပ်သံလိုင်းက သူ့အသံကို မကြာခဏ ဖြတ်တောက်ခဲ့ရပါတယ်။

READ
ဇန်နဝါရီလ နောက်ဆုံးအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ

သတ်သတ်လွတ်သမားတစ်ယောက်ဖြစ်တဲ့ Joaquin ဟာ ဒီနှစ်ဆုပေးပွဲမှာ သတ်သတ်လွတ် အစားအသောက်  တွေနဲ့ပဲ တည်ခင်းဧည့်ခံထားတာကို ရည်ရွယ်ပြီး “ တိရစ္ဆာန်တွေရဲ့ နေထိုင်မှုပုံစံနဲ့ သဘာဝပတ်ဝန်း ကျင်ပြောင်းလဲမှု ဆက်စပ်နေတာကို အသိအမှတ်ပြု လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီညအ တွက် သတ်သတ်လွတ် အစားအသောက်တွေပဲ ကျွေးမွေးတာကတော့ သိသာတဲ့ အပြောင်းအလဲပါ” ဆိုပြီး ပြောခဲ့ပါတယ်။

ဆုနဲ့ ပတ်သတ်ပြီးတော့လည်း “ အကောင်းဆုံး သရုပ်ဆောင်ဆိုတာ လုံးဝ မရှိပါဘူး။ (There is no f-ing best actor)” လို့ ပြောခဲ့ပြီး ဆန်ကာတင်စာရင်းမှာ အခြားသရုပ်ဆောင်တွေနဲ့ အတူပါဝင်ခွင့်ရတာက ဆုထက်ပိုပြီး တန်ဖိုးရှိကြောင်း ပြောကြားခဲ့ပြီး ဆန်ကာစာရင်းဝင် အခြားသရုပ်ဆောင်တွေကို အထူးတလည် ချီးကျူးသွားခဲ့ပါ တယ်။

READ
ပရိသတ်တွေအတွက် ရယ်မောစရာ ရိုက်ကွင်းပုံရိပ်လေးတွေ မျှဝေလိုက်တဲ့ ရွှေမှုံရတီ

ဒီနှစ်ရရှိတဲ့ဆုဟာ Joaquin အတွက် ဒုတိယမြောက် Golden Globe ဆုဖြစ်ပြီး (၂၀၀၆)ခုနှစ်တုန်းကလည်း  “Walk the Line” ရုပ်ရှင်ကားထဲက Johnny Cash ဇာတ်ရုပ်နဲ့အတူ Best actor in a musical or comedy ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Joaquin ဟာ Gloden Globe ဆု ဆန်ကာတင်စာရင်းမှာ Gladiator (၂၀၀၁) ၊ The Master (၂၀၁၃)၊ Her (၂၀၁၄) ၊ Inherent Vice (၂၀၁၅) ရုပ်ရှင်ဇာတ်ကားတွေနဲ့ (၄)ကြိမ် တိတိ ပါဝင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် Joaquin ဟာ Joker ဇာတ်ရုပ်နဲ့ Golden Globe ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဒုတိယမြောက် သရုပ်ဆောင် ဖြစ်ပီး ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် Heath Ledger ဟာ (၂၀၀၉)ခုနှစ် Golden Globe ဆုပေးပွဲမှာ The Dark Knight ရုပ်ရှင်ထဲက Joker ဇာတ်ရုပ်ကို သရုပ်ဆောင်ပြီး Best supporting actor ဆုကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

SHARE