Joker ဇာတ်ကောင်ရိုက်ဖို့အတွက် ပေါင် ၅၀ ကျော်ချခဲ့ရတယ်ဆိုတဲ့ Joaquin Phoenix

Joker (2019)/YouTube

DC comic ထဲက Batman ရဲ့ ပင်တိုင်ရန်သူတော် Joker ဇာတ်ရုပ်ဟာဆိုရင် ရုပ်ရှင်အဖြစ်ဇာတ်လမ်းတွေကို ပြန်လည်အသက်သွင်းတဲ့အခါ တာဝန်ယူရတဲ့ တော်တော်လေးကို ကထိကထများတဲ့ ဇာတ်ရုပ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် comic ထဲက Joker ရဲ့ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ကာမှ တော်ကာကျမှာမဟုတ်လား။ Joker ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကတော့ အများကြီးရှိခဲ့ပမေယ့်လို့ အကုန်လုံးထဲကမှ Suicide Squad ထဲက Joker အဖြစ် Jared Leto, ၁၉၈၉ လောက်က Batman ရုပ်ရှင်ရဲ့ Joker Jack Nicholson, ၁၉၆၀ ခုနှစ်လောက်တုန်းက Cesar Romero တို့အပါအဝင် အလိုက်ဖက်ဆုံးလို့ဆိုနိုင်ခဲ့တဲ့ Heath Ledger တို့ပဲကတော့ တကယ့်ထိပ်တန်းတွေပါပဲ။

Joker (2019)/YouTube

ဒီနှစ်ရဲ့ အောက်တိုဘာလထဲမှာတော့ Joker ဇာတ်ကောင်ကို နောက်ထပ်သရုပ်ဆောင်တစ်ယောက်နဲ့ မြင်တွေ့ရတော့မှာပါ။ တိတိကျကျပြောရင်တော့ အောက်တိုဘာလ ၄ ရက်နေ့မှာပေါ့။ သရုပ်ဆောင်ကေ တာ့ Joaquin Phoenix ဆိုတာလည်း အားလုံးသိထားခဲ့ကြပြီး ဖြစ်မှာပါ။ ရုပ်ရှင်ကတော့ ရုံတင်ဖို့အသင့်ဖြစ်လို့နေပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့တုန်းက ၇၆ ကြီမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပြပွဲမှာတစ်ခါ၊ စက်တင်ဘာလ ၉ ရက်နေ့တုန်းက တော်ရွန်တိုရဲ့ နိုင်ငံတကာရုပ်ရှင်ပြပွဲမှာတစ်ခါ ပြပြီးသွားလို့တောင်မှပဲ Golden Lion ဆုတောင်ကို ရရှိခဲ့ပါတယ်တဲ့။

READ
အလင်းရောင်ကို ဆေးပုံတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဖွေးဖွေး
Joker (2019)/YouTube
Joker (2019)/YouTube

Joker ဇာတ်ရုပ်ဆိုရင် Heath Ledger နဲ့ မလဲနိုင်တဲ့ ပရိတ်သတ်တွေအတွက်တော့ Joaquin Phoenix က ပြောင်းလဲမှုဖြစ်သွားစေမှာလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါပဲ။ ဘာကြောင့်ဆို trailer မှာတင် DC ပရိတ်သတ်တွေရော၊ ရုပ်ရှင်ဝေဖန်ရေးဆရာတွေကပါ Joaquin Phoenix ကို ချီးကျူးထားကြလို့ပါပဲ။ Joaquin Phoenix အနေနဲ့ ဒီလိုစောင့်ကြည့်မှုအခံရဆုံး၊ တာဝန်အကြီးဆုံး ဇာတ်ကောင်ကို သရုပ်ဆောင်ရာမှာ စိတ်ပိုင်းဆိုင်ရာအပြင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲပြင်ဆင်ခဲ့ရတယ်လို့ Cheat Sheet မှာ ဖတ်ခဲ့ရပါတယ်။

အဓိကကတော့ ကိုယ်အလေးချိန်ပေါ့။ အသက် ၄၄ နှစ်ကျော်နေပြီဖြစ်တဲ့ Joaquin Phoenix ဟာ အရင်တုန်းကတော့ မျက်နှာခပ်ပြည့်ပြည့်နဲ့ ကိုယ်လုံးကိုယ်ထည်ဟာ ယောက်ျားပီသပြီး ခပ်တောင့်တောင့်ရှိခဲ့သူပါ။ ဒါပေမဲ့လည်း Joker ဇာတ်ရုပ်မှာ လိုအပ်လာတဲ့ဇာတ်ညွှန်းအရ ကိုယ်အလေးချိန်ကို ၅၂ ပေါင်တိတိ ချပစ်ခဲ့ရပါတယ်တဲ့။

 

ဒီရုပ်ရှင်မှာတော့ အဓိက Joker ဆိုတဲ့ ဇာတ်ကောင် ဘယ်လိုဖြစ်လာသလဲဆိုတဲ့ timeline ကို အခြေခံရိုက်ကူးပြသွားမှာမလို့ Batman နဲ့ Harley Quinn တို့ဇာတ်ကောင်တွေကတော့ ထဲထဲဝင်ဝင်ပါဝင်သွားမှာမဟုတ်ပါဘူး။

READ
ကမ်းခြေရောက်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တဲ့ ဂန္ထဝင်
Joker (2019)/YouTube

Penny

SHARE