အကြံကြီးတစ်ခုနဲ့ လမ်းဘေးဖုန်းရုံတွေကို လိုက်ဖောက်နေခဲ့တဲ့ အလုပ်လက်မဲ့အမျိုးသား

တရုတ်နိုင်ငံမှာ အလုပ်လက်မဲ့ အမျိုးသားတစ်ယောက်ဟာ အခကြေးငွေထည့်ဆက်ရတဲ့ လမ်းဘေး screen touch ဖုန်းတွေကို သူရဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ ချိတ်ဆက်လို့ရအောင် ဖောက်ထွင်းတယ်။ ပြီးတော့ အင်တာနက်ကို အလကားရအောင်လုပ်ပြီး စာအုပ်တွေဖတ်၊ ရုပ်ရှင်တွေကြည့်၊ ဗီဒီယိုဂိမ်းတွေကစားနေခဲ့ပါတယ်။

လတ်တလော တရုတ်ဆိုရှယ်မီဒီယာတွေမှာလည်း Chongqing ဒေသက အများပြည်သူသုံး ဖုန်းရုံတွေကို ဖောက်တဲ့ လူရဲ့ ဗီဒီယိုဟာ ဟိုးလေးတကျော် ပျံ့နှံ့နေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်နဲ့ ပိုင်ရှင် China Telecom လည်း မဆိုင်းမတွ ဆောင်ရွက်ရမယ့် ကိစ္စရှိသွားခဲ့တယ်။

ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုထဲမှာ အနက်ရောက် ခေါင်းစွပ်အင်္ကျီနဲ့ အရင် စက်ပိုင်ဆိုင်ရာ လုပ်ကိုင်ခဲ့ဖူးသူလို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ဟာ ၀က်အူလှည့်ကို သုံးပြီး လမ်းဘေးဖုန်းတွေကို စက္ကန့်ပိုင်းအတွင်း ဘယ်လို ဖောက်ထွင်းရမလဲဆိုတာကို ရှင်းပြနေတာ တွေ့ရပါတယ်။ အဲ့ဒီ့နောက် အင်တာနက်ရအောင်လုပ်ပြီး ၀တ္ထုတွေဖတ်တာ၊ ဗီဒီယို ဂိမ်းတွေကစားတာနဲ့ တခြားလုပ်လို့ရတာတွေကို လုပ်နေခဲ့ပါတယ်။

READ
အရုပ်မနဲ့ချစ်ကြိုက်မိနေတဲ့ ကိုရီးယားအမျိုးသား

ကိုယ်ပိုင်ဖုန်းလည်းမရှိဘူး၊ လမ်းဘေးဖုန်းတွေကို သုံးပြီး စာတွေဖတ်တယ်၊ ရုပ်ရှင်တွေကြည့်တယ်လို့ ကင်မရာကို ကြည့်ပြီး ပြောခဲ့ပါတယ်။ ၄င်း အမျိုးသားက ဖုန်းရုံက ကီးဘုတ်ကို အသုံးပြုပြီး Baidu ဆိုတဲ့ search engine ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

လမ်းဘေးဖုန်းတွေရှိရာ တစ်ဝိုက်မှာနေတဲ့သူတွေရဲ့ အပြောအရ လွန်ခဲ့တဲ့ (၂)နှစ် (၃)နှစ်လောက်ကတည်းက အမျိုးသားတစ်ယောက်ဟာ ညတိုင်း ဖုန်းရုံကို အပိုင်းစီးထားတယ်၊ တစ်ခါတစ်ခါဆိုလည်း နာရီပေါင်းများစွာကြာအောင် သုံးနေတာ တွေ့ရတယ်လို့ ပြောကြပါတယ်။

အခုလို လမ်းဘေးဖုန်းတွေကနေ အင်တာနက် အလကားသုံးလို့ရအောင် ဖောက်လို့ရသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး China Telecom ကလည်း ရတယ်ဆိုတဲ့အကြောင်း အတည်ပြုခဲ့ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။

အခုလို ဟက်နေပုံ ဗီဒီယိုဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ် ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Weibo ကနေ စတင် ပျံ့နှံ့ခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံမှာ ဟက်ကာတွေ အခုနောက်ပိုင် ဆောဖ့်ဝဲလ် အက်ပလီကေးရှင်းတွေကို အဓိကထား ဖောက်ထွင်းလာကြပါတယ်။

READ
ဂျမေကာက လမ်းဘေးတစ်နေရာမှာ လည်ပင်းလှီးပြီးအသတ်ခံခဲ့ရတဲ့ အမေရိကန်မော်ဒယ်

၂၀၁၅ ခုနှစ်တုန်းကဆို အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ယောက်က လေယာဉ်လက်မှတ် ဘွတ်ကင်တင်တဲ့ ဆိုက်ကို ဟက်ပြီး ၀ယ်ယူတဲ့ဖောက်သည်တွေကို အပိုငွေတွေ ပေးရအောင် လုပ်ခဲ့လို့ အရှေ့မြောက်ပိုင်းက Dalian မြို့မှာ  ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ပြည်မကြီးက နောက်ထပ် အမျိုးသား ငါးဦးက WeChat ကို ဟက်ပြီး သူတို့ရဲ့ တည်နေရာတွေပြောင်း၊ အပျော်မယ်တွေအယောင်အဆောင်ပြီး စင်ကာပူနဲ့ မလေးရှားက အမျိုးသားတွေနဲ့ ချက်တင်တွေပြောခဲ့တာကြောင့် အဖမ်းခံခဲ့ရတဲ့ မှတ်တမ်းတွေလည်း ရှိပါသေးတယ်။

Ref: SCMP

Matthew (ShweMOM)
SHARE