မနက်စောစောမထချင်သူတွေ လုပ်သင့်တဲ့ အလုပ်အကိုင်(၆)မျိုး

AN Photographer/Shutterstock

မနက်စောစောထပြီး အလုပ်သွားရမှာ အရမ်းပျင်းနေတယ်မို့လား။ သိနေတယ်နော်။ အလုပ်သွားမလား၊ ဆက်အိပ်နေမလားဆိုရင် ဆက်အိပ်နေဖို့ကိုပဲ ရွေးကြမယ့်လူတွေ တန်းစီနေတာပါပဲ။

တကယ်တော့ မနက်စောစော မထချင်တဲ့သူတွေ လုပ်နိုင်တဲ့ အလုပ်အကိုင်တွေကလည်း အများကြီးပါ။ အဲဒီထဲကမှ မြန်မာပြည်ထဲမှာ လွယ်လွယ်ကူကူ လုပ်လို့ရမယ့်အလုပ်အကိုင်လေးတွကို ဖော်ပြပေးလိုက်ပါတယ်။ သင်လည်း စိတ်ဝင်စားတယ်ဆိုရင် ၀င်လုပ်ဖို့ ကြိုးစားကြည့်လေ…။

(၁)။ စာရေးဆရာလုပ်ပါ

များသောအားဖြင့် စာရေးဆရာတွေဟာ ညဖက် လူခြေတိတ်ချိန်၊ အားလုံးအေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်မှာသာ စာရေးတတ်ကြတာပါ။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းရှိနေတယ် ဆိုတဲ့ ခံစားချက်က စာရေးဖို့အတွက် စဉ်းစားရမှုအပိုင်းကို ပိုလွယ်သွားစေပြီး အလုပ်လည်းပိုဖြစ်ပါတယ်။ ဒီတော့ သင် မနက်စောစော မထချင်ဘူးမို့လား။ စာရေးဆရာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားပါ။ ဒီလိုဆို ညဖက် စာရေးပြီး မနက်ဖက်တွေ တစ်ချိန်လုံးအိပ်ပေတော့ပဲ။

nomad/Shutterstock
(၂)။ DJ လုပ်ပါ

ကလပ်တွေ၊ Bar တွေမှာ DJ လုပ်ရင် မနက်စောစောထစရာမလိုတာ သေချာပါတယ်။ ဘယ်ကလပ်ကမှ သင့်ကို မနက်အစောကြီး DJ လာပွတ်ဖို့ ခေါ်မှာမဟုတ်လို့ပါပဲ။ ညဖက် ကိုယ်လုပ်စရာရှိတာလေး အေးဆေးလုပ်ပြီး မနက်ဆို နှပ်နေရုံပဲ။ မကောင်းဘူးလား။

READ
မိုးရွာတဲ့နေ့တွေမှာ အခန်းအောင်းရင်းလုပ်သင့်တဲ့အလုပ်(၅)ခု
Vladimir Hodac/Shutterstock
(၃)။ Online Shopping လုပ်

တစ်ပိုင်တစ်နိုင်လုပ်တဲ့ Online Shopping လေးတွေဆိုရင်လည်း မနက်အစောကြီးထပြီး လုပ်နေဖို့ မလိုအပ်ပါဘူး။ ဘယ်သူကမှလည်း မနက် (၆)နာရီ ၊ (၇)နာရီလောက်ကြီး Online Shopping ကနေ ဈေးဝယ်ဖို့ စဉ်းစားကြမှာမဟုတ်ဘူးလေ။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ် Online Shopping လေးလုပ်ပြီး စိတ်ကြိုက်အိပ်ဖို့သာ ပြင်ဆင်လိုက်ပါတယ်။

(၄)။ (၂၄)နာရီဖွင့်တဲ့စတိုးဆိုင်တွေမှာလုပ်ပါ

တချို့ (၂၄)နာရီဖွင့်တဲ့စတိုးဆိုင်တွေမှာ မနက်ဆိုင်း၊ ညဆိုင်း ဆိုပြီး ခွဲထားကြပေမယ့် တချို့ဆိုင်တွေကတော့ ကိုယ်တာဝန်ယူချင်တဲ့အချိန်အတွက်ပဲ ရွေးပြီးလျှောက်လို့ရပါတယ်။ ဥပမာ ညဖက်တွေပဲ အလုပ်ဆင်းချင်တယ်ဆိုလည်း အဆင်ပြေတယ်။ သူတို့က စဉ်းစားပေးတယ်။ တကယ်ဆိုရင် ညဖက်ချည်းပဲ အလုပ်ဆင်းချင်တဲ့သူက ရှားလွန်းလို့ သင်သာ အဲလို ဆန္ဒရှိနေတယ်ဆိုရင် သူတို့က တစ်ခါတည်းတောင် တန်းခန့်လိုက်ဦးမယ့်ပုံပါပဲ။ ဒီတော့ ညဖက်တွေ အလုပ်လုပ်။ မနက်ဆို အိပ်ပေတော့ပဲလေ။

READ
ဝက်ခြံတွေ အရှင်းပျောက်သွားစေမယ့် မျက်နှာ ရေနွေးငွေ့ပေါင်းခံနည်း
Sorbis/Shutterstock
(၅)။ ညလုံးပေါက်ထမင်းကြော်ဆိုင်

ညလုံးပေါက်ဖွင့်တဲ့ဆိုင်တွေ မြင်ဖူးလား။ ထမင်းကြော်ရောင်းတဲ့သူဆိုပြီးအထင်မသေးနဲ့နော်။ တချို့ဆိုရင် ကိုယ်ပိုင်ကားကြီးမောင်းပြီး လာရောင်းတာ။ ည (၇)နာရီလောက်ကနေ မနက် (၂)နာရီ၊ (၃)နာရီလောက်အထိပဲ ဆိုတော့ ကိုယ့်ထမင်းကြော်တွေ ကုန်သွားရင် အိပ်ပေတော့ပဲ။ မနက်လည်း စောစောထစရာမလိုပဲ နေ့လည်လောက်မှထပြီး ပြင်ရဆင်ရမှာမို့ မနက် မထချင်သူတွေအတွက် သင့်လျော်ပါတယ်။

Sorbis/Shutterstock
(၆)။ မုန့်ဖက်ထုပ်ရောင်းပါ

ညဖက် (၉)နာရီ၊ (၁၀)နာရီလောက်ကြီး “မုန့်ဖက်ထုပ်” လို့ အော်လိုက်တဲ့အသံကို ကြားဖူးနေကြတယ်မို့လား။ ရန်ကုန်မြို့ထဲမှာတော့ မုန့်ဖက်ထုပ်သည်တွေဟာ ညဖက် အိပ်ခါနီးအချိန်မှသာ ရောင်းတတ်ကြတာပါ။ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်တွေထဲလျှောက်သွားပြီး မုန့်ဖက်ထုပ်လိုက်ရောင်းနေရတဲ့ အနေအထားဟာ ပင်ပန်းတယ်လို့ သင်ထင်ကောင်းထင်မှာဖြစ်ပေမယ့် မနက်ဖက်မှာတော့ စောစောထပြီးရောင်းစရာမလိုတာကြောင့် သင် အိပ်ရေး၀၀ အိပ်နိုင်မှာ သေချာပါတယ်။

ကဲ….မနက်စောစော မထချင်သူတွေအတွက် သင့်တော်တဲ့အလုပ်အကိုင်လေးများရှိရင်လည်း အကြံပြုခဲ့ကြပါဦး။

Linn
SHARE