အမျိုးသမီးဦးရေထက် အမျိုသားဦးရေ အဆမတန်များနေသေးတဲ့ အလုပ်အကိုင် ၁၀ ခု

bbernard/Shutterstock

အမျိုးသမီးတိုင်းဟာ အမျိုးသားတွေအတိုင်း အလုပ်အကိုင်ပိုင်းဆိုင်ရာမှာ တန်းတူအခွင့်အရေးတွေ ရစေဖို့အတွက် အနှစ်နှစ်အလလကြိုးစားလာခဲ့ရာ အခုဆိုရင်နိုင်ငံတော်တော်များများမှာ အောင်မြင်မှုအသီးအပွင့်လေးတွေ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။ အရင်တုန်းက နိုင်ငံရေးပုဂ္ဂိုလ်တွေကစလို့ ဘတ်စ်ကားမောင်းသူတွေအဆုံးအထိ အမျိုးသမီးတွေလုပ်ကိုင်နေတယ်ဆိုတာ မရှိသလောက်ကိုရှားနေခဲ့ရာမှာ အခုဆိုရင် နယ်ပယ်ကဏ္ဍအစုံမှာ အမျိုးသမီးထုတွေဟာ ထဲထဲဝင်ဝင်ပါဝင်လုပ်ကိုင်လာကြသလို လစာပိုင်းဆိုင်ရာမှာလည်း အမျိုးသားတွေနဲ့ တန်းတူရရှိလို့နေခဲ့ပါပြီ။

သို့မပေမယ့်လည်း အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အမျိုးသမီးအနည်းစုသာ လုပ်ကိုက်လျက်ရှိတဲ့ အလုပ်အကိုင်တွေ အများကြီးရှိလို့နေပါသေးတယ်။ အဲဒီအထဲကမှ အနည်းဆုံး ၁၀ ခုကို Insider မှ ကောက်နုတ်ပြီး သင့်လျော်သလိုဖော်ပြပေးလိုက်ပါတယ်။

Camera Operators

ကင်မယာကိုင်ပြီး ရိုက်ကူးရေးလုပ်သူတွေဟာ ယောက်ျားသားတွေပဲ များကြတယ်ဆိုတာ သိကြမှာပါနော်။ ရုပ်သံပိုင်းဆိုင်ရာတွေ၊ ဒါရိုက်တာတွေ၊ ဓာတ်ပုံဆရာနဲ့ အယ်ဒီတာတွေထဲ အမျိုးသမီးရာခိုက်နှုန်းဟာ ၂၁.၄% ရှိနေပါတယ်တဲ့။

Robert-Owen-Wahl/Pixabay

လယ်သမား

၂၄.၈% သော အမျိုးသမီးတွေသာလျှင် လယ်သမားအဖြစ် ကျွမ်းကျင်စွာလုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုလေ့ရှိပြီး အဲဒီအထဲကမှ ၁၀% လောက်သာ အကြီးပိုင်းကို တာဝန်ယူထားကြရပါတယ်။

READ
တကယ့်လူတွေအပေါ် အခြေခံဖန်တီးထားတဲ့ နာမည်ကျော် ကာတွန်းဇာတ်ကောင်များ
PhotoMIX-Company/Pixabay

Software Developer

US မှာကတော့ software developer တွေရဲ့ ၂၀% သာ အမျိုးသမီးပညာရှင်တွေဖြစ်ကြပါတယ်တဲ့။

Claudio_Scott/Pixabay

Financial Analysts

လုပ်ငန်းတစ်ခုရဲ့ အခြေအနေတွေကို ကြိုတင်သုံးသပ်မှုပြုကာ ဘဏ္ဍာရေးဆိုင်ရာဒေတာတွေနဲ့ စမ်းစစ်ကာ စီးပွားရေးဆုံးဖြတ်ချက်ပေးရတဲ့ ဒီနေရာမှာတော့ အမျိုးသမီးတွေဟာ ၃၆.၉% အထိ နေရာယူနေခဲ့ပါပြီ။

mindandi/Freepik

ဆောက်လုပ်ရေးမန်နေဂျာ

အင်ဂျင်နီယာလောကထဲ CM လို့ခေါ်ကြတဲ့ construction manager တွေဟာ US မှာတော့ ၇.၄%သာရှိပြီး..

freepik/Freepik

ဗိသုကာပညာရှင်

အင်ဂျင်နီယာလောကထဲ ပါဝင်နေတဲ့ ဗိသုကာပညာရှင်တွေဆိုရင်လည်း တကယ်အလုပ်လုပ်နေကြတာ ၂၆%သာ ရှိကြပါတယ်။ ကျောင်းတက်စဉ်ကာလတုန်းကတော့ အမျိုးသားနဲ့အမျိုးသမီးတို့ဟာ ထက်ဝက်စီအချိုးကျညီခဲ့ပေမယ့်လို့ တကယ်တမ်းအလုပ်လုပ်တဲ့အခါ လုပ်ဖော်ကိုင်ဖက်အမျိုးသားတို့ရဲ့ ခွဲခြားဆက်ဆံခံရတာတွေ၊ မျက်နှာသာမပေးမှုတွေ၊ လစာညီမျှမှုမရှိတာတွေကြောင့် အလုပ်နည်းတဲ့အထဲ ပါဝင်သွားခဲ့တာပါ။

freepik/Freepik

Aerospace Engineer

ဒုံးကျည်သိပ္ပံပညာရှင်တွေလို့ အလွယ်တကူခေါ်ကြတဲ့ aerospace engineer တွေဟာတော့ လေယာဉ်ပျံတွေ၊ ဂြိုဟ်ထုတွေ၊ ဒုံးကျည်တွေကိုတည်ဆောက်ဒီဇိုင်းဆွဲကြရတဲ့ ပညာရှင်တွေပဲဖြစ်ပါတယ်။ ဒီလိုပညာရှင်တွေထဲမှာမှ အမျိုးသမီးတွေကတော့ ၇.၈%အထိ ပါဝင်ပတ်သက်နေကြပါတယ်။

READ
မဆင်မခြင် မထိကိုင်သင့်တဲ့ ခန္ဓာကိုယ်ပေါ်က  နေရာ (၅) မျိုး
ALPA PROD/Shutterstock

လေယာဉ်ပိုင်းလော့များ

၅.၂% သော လေယာဉ်ပိုင်းလော့နဲ့အင်ဂျင်နီယာတွေဟာ အမျိုးသမီးတွေဖြစ်လို့နေခဲ့ပါတယ်။

View Apart/Shutterstock

မီးသတ်သမား

ထုံးစံအတိုင်း အကြမ်းပတမ်းအလုပ်တွေနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချရမယ့် မီးသတ်သမားတွေဟာလည်း အများစုက အမျိုးသားတွေဖြစ်ကြပြီး ၃.၅% သာ အမျိုးသမီးမီးသတ်သမားတွေ US မှာရှိနေပါတယ်။ တချို့မီးသတ်ဌာနတွေဆို အခုအချိန်အထိ အမျိုသမီးမီးသတ်တွေ ခေါ်ယူနေတုန်းပါ။ မီးသတ်သမားကတော့ US က အမျိုးသမီးအနည်းဆုံးလုပ်ကိုင်တဲ့ လုပ်ငန်းတွေထဲ ထိပ်ဆုံးမှာရပ်တည်နေခဲ့ပါတယ်။

27707/Pixabay

ဘာသာရေးခေါင်းဆောင်များ၊ ဟောပြောသူများ

ဒါကတော့တော်တော်များများသောဘာသာရေးတွေမှာ အမျိုးသားတွေဦးဆောင်လေ့ရှိတဲ့အတွက် မဆန်းပေမယ့်လို့ US မှာတော့ ၁၇.၆% တောင် အမျိုးသမီးဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေ၊ ဟောပြောသူတွေရှိကြပါတယ်တဲ့။

Penny

 

SHARE