သီးသန့်ဆိုရှယ်မီဒီယာအကောင့်ဖွင့်ထားတဲ့ Joe Biden ရဲ့ခွေး(၂) ကောင်

twitter/firstdogsusa

အမေရိကန်သမိုင်းတစ်လျှောက် သမ္မတအများစုဟာ အိမ်ဖြူတော်ထဲမှာ တိရစ္ဆာန်လေးတွေမွေးမြူကြပါတယ်။ အခုဆိုရင်တော့ Donald Trump ရဲ့သမ္မတသက်တမ်းတလျှောက် အိမ်ဖြူတော်ထဲ အိမ်မွေးတိရစ္ဆာန်မရှိဘဲ ခြောက်ကပ်နေရာကနေ သမ္မတ Joe Biden လက်ထက်မှာတော့ အိမ်ဖြူတော်ဟာ အိမ်မွေးခွေးလေးတွေနဲ့ ပြန်လည်စိုပြေလာတော့မှာဖြစ်ပါတယ်။

သမ္မတ Joe Biden မှာတော့ ဂျာမန်သိုးထိန်းခွေးအမျိုးအစား Champ နဲ့ Major လို့ အမည်ပေးထားတဲ့ ခွေးနှစ်ကောင်ရှိပါတယ်။ Champ ကိုတော့ Biden က ၂၀၀၈ ခုနှစ် ခွေးပေါက်လေးအရွယ်တည်းက သားဖောက်တဲ့လူဆီက ဝယ်မွေးခဲ့တာပါ။ Major ကတော့ စာဖတ်သူတွေသိပြီးဖြစ်တဲ့အတိုင်းပဲ အိမ်ဖြူတော်ပေါ်ပထမဆုံးရောက်ရှိလာတဲ့ ဂေဟာခွေးလေးတစ်ကောင်ပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့ရဲ့ပရိသတ်တွေအတွက် Champ နဲ့ Major တို့ကဆိုရှယ်မီဒီယာ တွစ်တာမှာ အကောင့်ဖွင့်ထားပါတယ်။ ကမ္ဘာတစ်ဝှန်းလုံးမှာရှိတဲ့ သူတို့ကိုချစ်တဲ့ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင်ဖြစ်ပါတယ်။

READ
အိမ်ရေကူးကန်ထဲမှာ (၁၁)ပေအရှည်ရှိ မိကျောင်းကြီးရောက်နေလို့ ထိတ်လန့်ခဲ့ရတဲ့အိမ်ရှင်

Biden နဲ့ယှဉ်ရင်တော့ သမ္မတဟောင်း Trump ဟာ ခွေးမမွေးခဲ့ပါဘူး။ Trump ဟာ ၁၈၉၇ ခုနှစ်ကနေ ၁၉၀၁ ခုနှစ်အရောက် လုပ်ကြံခံရပြီး မသေခင်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ William McKinley အပြီး အိမ်ဖြူတော်မှာ ခွေးမမွေးတဲ့ တစ်ဦးတည်းသောသမ္မတဖြစ်ပါတယ်။ William McKinley တုန်းကတော့ လေချွန်တတ်တဲ့ကြက်တူရွေး၊ ကြက်ဖတွေနဲ့ ကြောင်တွေကိုမွေးခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့တစ်နှစ်တုန်းကတော့ သူဘာကြောင့်ခွေးမမွေးဖြစ်တယ်ဆိုတဲ့အကြောင်း Trump က Washington Post ကိုရှင်းပြခဲ့ပါတယ်။ “ခွေးမမွေးရလည်း ပြဿနာမရှိဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာအချိန်မရှိဘူးလေ။ အိမ်ဖြူတော်က မြက်ခင်းထဲ ခွေးတစ်ကောင်နဲ့လမ်းလျှောက်နေတဲ့ ကျွန်တော့်ပုံက ဘယ်လိုဖြစ်လိမ့်မလဲ။” လို့ Trump က တုံ့ပြန်ခဲ့တာပါ။

ဒါကြောင့်လည်း နိုဝင်ဘာ၁ရက်နေ့တုန်းက Biden တွစ်ထားတဲ့ “အိမ်ဖြူတော်မှာ ခွေးတွေပြန်မွေးကြစို့” ဆိုတဲ့ပို့စ်က ပရိသတ်အများအပြားကို သဘောကျနှစ်ခြိုက်စေခဲ့ပါတယ်။ Biden က သမ္မတနေအိမ်တော်သစ်ကိုပြောင်းတာနဲ့တစ်ပြိုင်နက် ပျော်ရွှင်နေတဲ့ ဂျာမန်သိုးထိန်းခွေးနှစ်ကောင်တို့ဟာ အိမ်ဖြူတော်အနီးတစ်ဝိုက်မှာ ပြေးနေကြတာကိုလည်း မြင်တွေ့ရဦးမှာဖြစ်တဲ့အကြောင်း boredpanda တဆင့် ဖော်ပြပေးလိုက်ပါတယ်။

READ
ကံဆိုးမှုကြီးနဲ့ မကြုံခင် ရိုက်ထားခဲ့တဲ့ လူတစ်စု ချောင်းဖြတ်ကူးနေတဲ့ ဓာတ်ပုံ

ShweMom

SHARE