သမ္မတသစ် Joe Biden ကို လျှို့ဝှက်စာတစ်စောင် ပေးခဲ့တဲ့ သမ္မတဟောင်း Donald Trump

Instagram- Joe Biden, Donald Trump

Donald Trump ကတော့ အမေရိကန်ရဲ့သမ္မတအဖြစ်ကနေပြီး ဆင်းပေးလိုက်ခဲ့ရပါပြီ။ မတိုင်ခင်တုန်းက အိမ်ဖြူတောင်ကို Trump ထောက်ခံသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့သေးကြပြီးတော့ ရဲဖက်ကရာအရပ်သားဖက်ကပါ အသက်ဆုံးရှုံးမှုတွေနဲ့ အစိုးရပိုင်ပစ္စည်းပျက်စီးမှုတွေ ရှိသွားခဲ့ပါတယ်။

ယခု ၄၆ ယောက်မြောက်သမ္မတသစ်ကတော့ Joe Biden ပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့တုန်းက သမ္မတရာထူးအပ်နှင်းတဲ့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ကျမ်းကျိန်ပွဲပြီးပြီးချင်းမှာတင်ကိုပဲ Joe Biden တစ်ယောက် မီဒီယာကိုပြောခဲ့တဲ့ စကားတစ်ခုကြောင့် လူတွေဟာ တော်တော်လေးကို အဲဒီကိစ္စအပေါ် စိတ်ဝင်စားနေခဲ့ကြတာပါ။

 

View this post on Instagram

 

A post shared by Joe Biden (@joebiden)

အဲဒါကတော့ Donald Trump က သူ့ကို လက်ရေးမူနဲ့ စာတစ်စောင်ပေးထားခဲ့ပါတယ်တဲ့။ ဒါကို Joe Biden ကိုယ်တိုင် သတင်းဌာနတွေကို ပြောလာခဲ့တာပါ။ ပြောသွားတဲ့အထဲ စာဟာ Trump ရဲ့ စေတနာတွေနဲ့ ရေးထားခဲ့တယ် ဆိုပြီးလည်း ထည့်ပြောသွးပါသေးတယ်။

ဒါပမေဲ့ စာကိုတော့ Trump က သူ့ကို နှစ်ကိုယ်ကြားပေးခဲ့တာဖြစ်ပြီး တစ်ခြားလူတွေကိုလည်း မပြဖို့ ရေးထားခဲ့တာကြောင့် Joe Biden အနေနဲ့ မီဒီယာတွေကို ထုတ်ပြဦးမှာ မဟုတ်ပါဘူးတဲ့လေ။ ဒါပေမဲ့ ကာယကံရှင် Trump နဲ့ စကားပြောကြည့်ပြီး Trump ကသေဘာတူရင်တော့ ထုတ်ပြသွားပါမယ်လို့လည်း ပြောလာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Twitter user တွေကတော့ photoshop တွေ၊ စာအတုတွေလုပ်ပြီး စနောက်နေခဲ့ကြပါတယ်။ ဥပမာ “Joe ငါနိုင်တာ မင်းသိပါတယ်” တို့၊ “တောင်းပန်ပါတယ်လို့ ပြောမယ်ထင်လား” တို့ စသဖြင့်ပေါ့။

Twitter/dellsa01

penny

SHARE