လက်ထပ်လိုက်ကြပြီဖြစ်တဲ့ “Game of Thrones” မင်းသမီး Sophie Turnerနဲ့ Joe Jonas

ကမ္ဘာကျော် အမျိုးသား အဆိုအဖွဲ့ဖြစ်တဲ့ Jonas Brothers ရဲ့ အဖွဲ့ဝင် Joe Jonas ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ သူရဲ့ ချစ်သူလေးနဲ့ လက်ထပ်သွားခဲ့ပြီဖြစ်ပါတယ်။ Joe Jonas  ကတော့ “Game of Thrones” မင်းသမီး Sophie Turner နဲ့ L’Amour  ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ မင်္ဂလာပွဲကို Billboard Music Awards အပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပုံပါပဲ။

The Cheat Sheet

Sophie Turner ရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးကတော့ Sophie Turnerနဲ့ Joe Jonas တို့ တရားဝင်လက်ထပ်သွားခဲ့တယ်ဆိုတာ အမှန်ပါပဲလို့ အတည်ပြုပြောကြားခဲ့ပါတယ်။လက်ထပ်စာချုပ်လည်း ပြုလုပ်ပြီးပြီဖြစ်တာကြောင့် Sophie Turner ကတော့ သူမရဲ့ နောက်ဆုံးနာမည်ကို Jonas လို့ ပြောင်းလဲလိုက်ပြီလို့ ယူဆရပါတယ်။

READ
မြန်မာဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ ဘေဘီမောင်.
Exclaim!
NBC Connecticut

Sophie Turnerနဲ့ Joe Jonas တို့ကတော့ ၂၀၁၆ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့နောက် ၂၀၁၉ ခုနှစ် မေလမှာ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။

Consequence of Sound

Source: People

SHARE