အကြွေးကင်းကင်းနဲ့ ဘွဲ့ယူနိုင်ဖို့ သူများမစဉ်းစားမိတဲ့ နည်းကို သုံးခဲ့တဲ့ ကျောင်းသား

ပညာရေးကို အလေးထားကြတဲ့ တိုင်းပြည်အတော်များများမှာ ကောလိပ်ကျောင်းတက်ရတဲ့ ကုန်ကျစရိတ်တွေဟာ များပြားလွန်းပါတယ်။ တက်ရောက်မယ့် ကောလိပ် (သို့မဟုတ်) တက္ကသိုလ်က ပိုပြီး နာမည်ကြီးလေလေ ၊ ပေးရမယ့် ကုန်ကျစရိတ်က ပိုပြီးများလေလေ ပါပဲ။ ဒါကြောင့် တချို့ကျောင်းသားတွေကတော့ နေထိုင်စရိတ်၊ ကျူရှင်နဲ့ စာရွက်စာတမ်းကြေးတွေကို ကာမိစေဖို့ ချေးငွေယူကြပါတယ်။ ကောလိပ်ကျောင်းသားတွေ ပညာသင်စရိတ်အတွက် အကူအညီပေးတဲ့ချေးငွေက အခြားချေးငွေကိစ္စတွေထက်စာရင် အတိုးနည်းတယ်ဆိုပေမယ့် အကြွေးဆပ်ဖို့ အခက်အခဲဖြစ်နေကြတဲ့ ကျောင်းသားတွေလည်း ရှိနေတုန်းပါပဲ။

Joel Weber

ဒါပေမယ့် အခုတွေ့ရမယ့် အသက်(၂၅)နှစ်အရွယ် ဒီဇိုင်းဘာသာအထူးပြု ဂျိုဝယ်ဝီဘာကတော့ ကောလိပ်ကျောင်းပြီး တဲ့အခါ သူများတွေလို အကြွေးဆပ်မနေရပဲ အကြွေးကင်းကင်းနဲ့ ဘွဲ့ယူနိုင်မယ့် နည်းလမ်းတစ်ခုကို ကြံဆခဲ့ပါတယ်။ ဂျိုဝယ်က အပြင်မှာ တိုက်ခန်းငှားနေ၊ ကောလိပ်ဝန်းထဲမှာ အဆောင်ငှားနေမယ့်အစား စတုရန်းပေ(၁၄၅)ပေရှိတဲ့ အိမ်လေးတစ်လုံးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါတယ်။ ဂျူဝယ်က ဒီအိမ်ကလေးနဲ့နေတဲ့အတွက် သူကျောင်းပြီး တဲ့အခါ ကျရင် နေထိုင်စရိတ်အတွက် ကုန်ကျငွေ အနည်းဆုံး ဒေါ်လာ(၁၉,၂၀၀) ကိုစုထားနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

READ
အမှန်တကယ် ကြိုးစားသူအတွက် ကူညီသူ အဆင်သင့်ရှိနေကြောင်း သက်သေပြနေတဲ့ဖြစ်ရပ်

နေချစ်စဖွယ် ချစ်စရာကောင်းတဲ့ အိမ်ကလေး

Joel Weber

လျှပ်စစ်မီးနဲ့ မီးဖို

Joel Weber

ရေပိုက်လဲဆက်သွယ်ပြီးသားပါ

Joel Weber
Joel Weber

ဒေါ်လာ(၂)သောင်းတန်ဖိုးရှိတဲ့ ဒီအိမ်လေးကို အချိန်တစ်နှစ်တာယူပြီး တည်ဆောက်ခဲ့ရပါတယ်

Joel Weber

ကံကောင်းတာတစ်ခုက ဂျူဝယ်အိမ်ဆောက်နေစဉ်မှာ လက်သမားဆရာတစ်ဦးနဲ့ လျှပ်စစ်ဆရာတစ်ဦးတို့က ၀ိုင်းဝန်းကူညီပေးခဲ့ကြတာပါ။ ဂျူဝယ်ဟာ ဥယျာဉ်ဒီဇိုင်းပိုင်းအပြင်အဆင်နဲ့ ပတ်သက်ပြီး အချိန်ပိုင်း အလုပ်လုပ်သူဖြစ်တဲ့အပြင် တစ်ခါတစ်လေလည်း ကလေးထိန်းအလုပ်လုပ်ပြီး ပိုက်ဆံရှာလေ့ရှိပါတယ်။ အခုဆိုရင် ဂျူဝယ်ဟာ ဘွဲ့ယူတဲ့အခါ အကြွေးကင်းကင်းနဲ့ ရှိနိုင်မယ့်အပြင် အိမ်ကလည်း ရွေ့လျားအိမ်ဖြစ်တာကြောင့် ဂျူဝယ်ရဲ့ တက်ကြွကျန်းမာတဲ့နေထိုင်မှုဘ၀လေးဟာ အားကျစရာပဲဖြစ်ပါတယ်။

Joel Weber

လင်းလင်း (ShweMom)

Ref: Elitereaders

SHARE