အရွယ်ရလာပေမယ့် နုပျိုနေဆဲဖြစ်တဲ့ တစ်ချိန်က တရုတ်ဝါရင့် မင်းသမီး Joey Wong

နုပျိုချက်က နတ်ရေစင်သောက်ထားသလာတောင် မှတ်ရတယ်ဆိုပြီး တရုတ်နိုင်ငံက ၀ါရင့် မင်းသမီးဖြစ်တဲ့ Joey Wong ကို  ပရိတ်သတ်တွေက အမွှမ်းတင်နေကြပါတယ်။

movies 1001

၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ A Chinese Ghost Story နဲ့ နာမည်ကြီးခဲ့တဲ့ Joey ဟာ ပြီးခဲ့တဲ့ Dragon Boat Festival ပွဲတော်ကျင်းပချိန် ဇွန်လ ၇ ရက်နေ့က အင်စတာဂရမ်တွေကနေ သူမရဲ့ ပရိသတ်တွေကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ပိုစ့်တက်လာတာနဲ့ Joey ရဲ့ ပရိတ်သတ်တွေကလည်း သူမရဲ့ နုပျိုတဲ့ အသွင်အပြင်ကို ချက်ချင်း သတိပြုမိပြီး  လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ်။ သူမဟာ တကယ်လည်း ပုံကျလှပနေတဲ့ ဆံပင်၊ လတ်ဆတ်နေတဲ့ အသားအရေနဲ့ ရိုးရိုးလေး ခေတ်ဆန်နေခဲ့တာပါ။

View this post on Instagram

阿彌陀佛🙏#王祖贤 #wangzuxian #joeywong

A post shared by 王祖賢 JoeyWong (@wangzuxian_joeywong) on

Joey အခုနောက်ပိုင်းလည်း တရုတ်နိုင်ငံမှာ ပရိတ်သတ်အများဆုံး ရှာဖွေကြည့်ရှု့ခံရတဲ့ထိ အောင်မြင်နေဆဲပဲ။ ဒီလိုရှိနေတဲ့ကြား Joey ဟာ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်လာတယ်။ ယင်းတို့နဲ့ ဆက်စပ်ပြီး သူမအနေနဲ့လည်း လူသိရှင်ကြား ဖြေရှင်းခဲ့တာတွေမရှိဘူး။

View this post on Instagram

好久不見❤️#王祖贤 #wangzuxian #joeywong

A post shared by 王祖賢 JoeyWong (@wangzuxian_joeywong) on

အနုပညာလောကကနေ ၂၀၀၄ ခုနှစ်မှာ အနားယူခဲ့တဲ့ ထိုင်ဝမ်အနုပညာရှင်ဟာ  အဲ့ဒီ့ချိန်ကစလို့ အခုထိ ကနေဒါနိုင်ငံ ဗန်ကူဗားမြို့မှာ အေးအေးဆေးဆေးပဲ အခြေချခဲ့ပါတယ်။ Joey ဟာ အခုဆို ၅၂ နှစ်ရှိနေပါပြီ။

READ
မြင်ကွင်းမဂ္ဂဇင်းမှာ တွေ့ရတဲ့ "အမုန်းမှသည်"မှ ပရိသတ်အချစ်တော်များ

Matthew (ShweMom)

SHARE