၁၅ ဒေါ်လာပေးရုံနဲ့ ကိုယ်မုန်းတဲ့လူကို ပုဆိန်နဲ့ပစ်ပေါက်ခွင့်ရစေမယ့် အခွင့်အရေးကြီး

ဒေါသတွေကိုဖြေဖျောက်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းဟာ ယောဂလည်းမဟုတ်သလို spa သွားခြင်းလည်းမဟုတ်ပါဘူး။ စိတ်ဖိဆီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေကိုတော့ အေးအေးဆေးဆေးလေးနဲ့ အပန်းဖြေလိုက်ရင် လျော့ကျပျောက်ကင်းသွားနိုင်ပေမယ့် စိတ်တိုဒေါသထွက်ပြီး ပေါက်ကွဲပစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့်နေရာလေးက အသင့်တော်ဆုံးဖြစ်မှာပါ။

၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက ဒီနေရာလေးဟာ စင်္ကာပူနိုင်ငံမှာစတင်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် Samuel Tey ဆိုသူက ဖွင့်ထားခဲ့တာဖြစ်ပါတယ်။ ဒီနေရာလေးဟာ ဒေါသတွေနဲ့ စိတ်ဖိဆီးမှုတွေကို လျော့ကျပေးစေဖို့အတွက် အကောင်းဆုံးလို့တေ့ Samuel က အာမခံထားပါတယ်။

Asia One

Axe Factor လို့နာမည်ပေးထားတဲ့ နေရာလေးဟာ စင်္ကာပူနိုင်ငံ၊ Turf Club နဲ့ Grandstand အဆောက်အဦထဲမှာ ရွက်ပုန်းသီးနေရာလေးက တည်ရှိနေပါတယ်။ ပုဆိန်တွေကို အပျော်တမ်းပစ်ပေါက်ကာ စိတ်ဖိဆီးမှုတွေ၊ ဒေါသတွေကို လျော့ကျစေမယ့် နေရာလေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။

Asia One

Samuel နဲ့ သူ့ရဲ့ စီးပွားဖက်တွေအတွက်ကတော့ Axe Factor လေးဟာ စီးပွားရေးနဲ့အပျော်တမ်းသီးသန့်မဟုတ်ဘဲ အားကစားတစ်ခုလိုမျိုး၊ စိတ်ပညာဆိုင်ရာ ထွက်ပေါက်တစ်ခုလိုမျိုး သဘောထားကြပါတယ်။ လူတွေဟာသူတို့ရဲ့အတွင်းစိတ်ထဲမှာ အရိုင်းအစိုင်းဗီဇတစ်ခုဟာ ကိန်းအောင်းနေပါတယ်။ အသိစိတ်ဆိုတဲ့ အတားအဆီးလေးတစ်ခုရယ်ကြောင့် ဥာဏ်ပညာနဲ့စစ်ထုတ်ကာ အခုလိုမျိုးနေနေနိုင်ကြတာပါ။ ဒါကြောင့်လည်း လူတော်တော်များများကစိတ်ဆိုးဒေါသထွက်ကြတဲ့အါ ပစ္စည်းတွေပစ်ပေါက်တာတို့၊ ဆောင့်ချတာတို့၊ ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တာမျိုးတွေ လုပ်တတ်ကြတယ်မဟုတ်ပါလား။

READ
အပြင်ထွက်ကစားခြင်းအပြင် အိပ်စက်ခြင်းပါနည်းလာကြတဲ့ ယနေ့ခေတ်ဆယ်ကျော်သက်များ
Asia One

Axe Factor မှာတော့ ဒီအချက်ကိုအသုံးချပြီး လူတွေရဲ့ ဒေါသတွေ၊ မကျေနပ်ချက် စိတ်ဖိဆီးမှုတွေကကို လျော့ကျစေဖို့အတွက်  ဒီအပြင် အထူးဝန်ဆောင်မှုအနေနဲ့ ပုဆိန်ပေါက်မယ့်ပစ်မှတ်နေရာမှာ ကိုယ်မကျေနပ်တဲ့လူရဲ့ပုံကိုထုတ်ပြီးကပ်ခိုင်းလို့လည်း ရပါသေးတယ်။

လမ်းလျှောက်ပြီးလေ့လာဖို့ကိုတော့ မိနစ် ၃၀ အတွက် တစ်ယောက်ကို ၁၅ ဒေါ်လာပေးရမှာဖြစ်ပြီး တကယ်တမ်းကိုယ်ကိုယ်တိုင်ဝင်ဆော့ဖို့အတွက်ကိုတော့ တစ်ယောက်နဲ့နှစ်ယောက်ကို တစ်နာရီ ၂၈ ဒေါ်လာ၊ ၃ ယောက်မှ ၅ ယောက်အထိကိုတော့ တစ်နာရီကို ဒေါ်လာ ၈၀ ကုန်ကျမှာဖြစ်ပါတယ်။ အခုအချိန်အထိ Axe Factor မှာ အသက်အကြီးဆုံးလာဆော့ဖူးသူဆိုရင် အသက် ၈၀ အရွယ်အဖိုးအိုပဲဖြစ်ပါတယ်။

Asia One

ဒီလိုအကြံအစည်ကိုတော့ Hollywood ရဲ့ နာမည်ကျော်သရုပ်ဆောင် Jason Momoa ရဲ့ ဗီဒီယိုကို Instagram မှာ မြင်မိပြီး မီငြမ်းတည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies) on Nov 11, 2016 at 5:24pm PST

Source: Asia One

READ
ကွာရှင်းခွင့်တောင်းခံရလို့ ကလေးနှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး

Penny

SHARE