The Rock ကို တစ်ချိန်တုန်းက အကြီးအကျယ် ဝေဖန်မိခဲ့လို့ နောင်တရနေတဲ့ John Cena

[email protected] [email protected] Cena

WWE ရဲ့ နာမည်ကြီး နပန်းသမားတွေဖြစ်တဲ့ The Rock တို့၊ John Cena တို့ကိုတော့ လူတိုင်းနီးပါး သိကြမှာပါ။ ဒီနှစ်ယောက်ဟာ ကျွန်တော်တို့ ငယ်ဘဝက အရမ်းစွဲလန်းခဲ့ရတဲ့ WWE နပန်းသမားတွေဆိုလည်း မမှားပါဘူး။ အခုအချိန်မှာတော့ The Rock ကြီးဟာ Bollywood စူပါစတားတစ်ယောက်ဖြစ်နေသလို John Cena ဟာလည်း Hollywood ရုပ်ရှင်လောကထဲကို တဖြည်းဖြည်းနဲ့ ဝင်ရောက်လာပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး။

https://www.instagram.com/p/CBu-Np0plue/

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက John Cena ဟာ The Rock ကို အင်တာဗျူးတစ်ခုမှာ ဝေဖန်ခဲ့ဖူးပါတယ်။ The Rock ဟာ နပန်းသမား အစစ်မဟုတ်သလို ရုပ်ရှင်းမင်းသား အစစ်လည်း မဟုတ်ကြောင်း၊ ဟိုမရောက်ဒီမရောက်နဲ့ နပန်းလည်းသတ်လိုက် ရုပ်ရှင်လည်းရိုက်လိုက်နဲ့ လုပ်နေကြောင်း၊ အလုပ်တစ်ခုဆိုတစ်ခုကိုသာ အာရုံစိုက်ပြီး လုပ်သင့်ကြောင့် အစရှိသဖြင့် ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်အချိန်ကပဲ တစ်ချိန်တုန်းက The Rock ကို ဝေဖန်ခဲ့မိတဲ့အတွက် နောင်တလည်းရကြောင်း၊ အဲဒီလိုမျိုးတွေ ပြောဆိုခဲ့မိတဲ့အတွက် The Rock ကိုလည်း တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

(၂၀၀၆) ခုနှစ်က ရိုက်ကူးခဲ့တဲ့ The Marine ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ John Cena တစ်ယောက်ဟာ Hollywood ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Transformers စီးရီးဇာတ်ကားတစ်ကားဖြစ်တဲ့ Bumblebee ဇာတ်ကားမှာ ဇာတ်ပို့မင်းသားတစ်ယောက်အဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အခုလည်း မကြာခင် (၂၀၂၁) မှာ ထွက်ရှိမယ့် Fast and Furious 9 ဇာတ်ကားမှာ ခေါင်းဆောင်မင်းသား Van Diesel နဲ့အတူ အပြိုင်သရုပ်ဆောင်ရမယ့် ဒုတိယခေါင်းဆောင်မင်းသားနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

READ
Valentine's Day မှာ Surprise လက်ဆောင်တွေ အများကြီးရလိုက်တဲ့ ဟိန်းဝေယံ

“ကျွန်တော် တစ်ချိန်က The Rock ကို ဝေဖန်ခဲ့တဲ့ အပေါ်မှာ တော်တော်နောင်တရပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးတော့ ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုမတူညီတဲ့ နယ်ပယ်နှစ်ခုမှာ ကျင်လည်ရမှ The Rock ရဲ့ ခံစားချက်ကို နားလည်နိုင်ခဲ့ပါတယ်။ ဒီလို နယ်ပယ်နှစ်ခုမှာ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ကျင်လည်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းနဲ့ မရပါဘူး။ The Rock ဒီလိုမျိုးလုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို လေးလည်းလေးစားသလို တစ်ချိန်တုန်းက ဝေဖန်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်” လို့ John Cena က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE