Avengers: Infinity War ရုပ်ရှင်ဇာတ်ကားပြီးတဲ့နောက် ဇာတ်ကောင် တော်တော်များများကို Marvel က အပြောင်းအလဲလုပ်လာတာ တွေ့ရပါတယ်။ (၂၀၁၉) ခုနှစ်မှာထွက်ရှိမယ့် Avengers ရုပ်ရှင်(၄) ကားမြောက်ဖြစ်တဲ့ Untitled Avengers ဇာတ်ကားကို ရိုက်ကူးပြီးနောက်မှာ သရုပ်ဆောင်တွေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ သက်တမ်းဟာ ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူတွေအနေနဲ့ သရုပ်ဆောင်သစ်တွေကို စူပါဟီးရိုးဇာတ်ကောင်တွေအတွက် ရှာဖွေနေသလို ပရိသတ်တွေအနေနဲ့လည်း သရုပ်ဆောင်ဟောင်းတွေကို ကြည့်ရတာ ရိုးအီနေသူတွေအတွက် အပြောင်းအလဲဖြစ်မှာပါ။

လက်ရှိ Captain America အဖြစ် သရုပ်ဆောင်နေတဲ့ Chris Evans ကတော့ နောက်ထွက်လာမယ့် Avengers ဟာ သူ့အတွက် နောက်ဆုံးဇာတ်ကားဖြစ်လိမ့်မယ်လို့ စကားရိပ်သန်းထားပါတယ်။ Chris Evans နေရာမှာ Captain America ဖြစ်လာမယ့်သူကတော့ WWE နပန်းသမားလည်း ဖြစ်၊ သရုပ်ဆောင်လည်း ဖြစ်တဲ့ John Cena လို့ခန့်မှန်းရပါတယ်။ Captain America ရဲ့ ဗိုင်ဘရေနီယန်ဒိုင်းကို သူလက်လွှဲကိုင်တော့မယ့်အကြောင်းကို John Cena က သိသိသာသာ အရိပ်အမြွက်ပြခဲ့ပါတယ်။
View this post on Instagram
နိုဝင်ဘာ(၄) ရက်နေ့ကတော့ John Cena ဟာ ဗိုင်ဘရေနီယန်ဒိုင်း ဓာတ်ပုံကို သူ့အင်စတာဂရမ်အကောင့်မှာ တင်ထားတာ တွေ့ရပါသေးတယ်။ ဓာတ်ပုံမှာ စာသားတစ်စုံတစ်ရာ ရေးသားထားတာမျိုး မရှိပေမယ့် ပရိသတ်တွေကတော့ သို့လောသို့လော ဖြစ်နေကြပါပြီ။ လက်ရှိ Captain America အဖြစ်သရုပ်ဆောင်နေတဲ့ Chris Evans ကတော့ Captain America ဇာတ်ကောင်ကို သူ့အနေနဲ့ နှုတ်ဆက်ခွဲခွာရမှာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေပုံရပါတယ်။ Captain America အဖြစ် (၈) နှစ်တာ သရုပ်ဆောင်ခွင့်ရခဲ့တာကို ဂုဏ်ယူကြောင်းနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြသွားခဲ့ပါသေးတယ်။
Officially wrapped on Avengers 4. It was an emotional day to say the least. Playing this role over the last 8 years has been an honor. To everyone in front of the camera, behind the camera, and in the audience, thank you for the memories! Eternally grateful.
— Chris Evans (@ChrisEvans) October 4, 2018
လင်းလင်း (ShweMom)
Ref: Unilad