ဖလော်ရီဒါမှာ ဒုတိယအကြိမ်မြောက် လက်ထပ်လိုက်ပြီဖြစ်တဲ့ John Cena

instagram/shayshariatzadehh

ရုပ်ရှင်သရုပ်ဆောင်နဲ့ ပရိုဖက်ရှင်နယ်နပမ်းသမားဖြစ်သူ John Cena ဟာ ၄င်းရဲ့ချစ်သူ Shay Shariatzadeh နဲ့ ပြီးခဲ့တဲ့တနင်္လာနေ့က ဖလော်ရီဒါပြည်နယ် တန်ပါမြို့မှာလက်ထပ်ခဲ့ကြောင်း People သတင်းအရသိရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ် မတ်လတည်းက တွဲခဲ့ကြတာဖြစ်ပြီး သောကြာနေ့တုန်းက လက်ထပ်မှတ်ပုံတင်ရခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ Cena နဲ့ အသက်၃၀အရွယ် Shariatzadeh တို့ကို Dolittle ပရီးမီးယားပွဲမှာ အတူတွေ့ခဲ့ပါသေးတယ်။ Cena ဟာ Shariatzadeh နဲ့ Playing with Fire ရုပ်ရှင်ပရီးမီးယားပွဲမှာ ဆုံတွေ့ခဲ့တာပါ။

View this post on Instagram

John Cena and Shay 👌🏻 @shayshariatzadehh #johncena

A post shared by John Cena (@johncenaoffiicial) on

“ဒီ ပရီးမီးယားပွဲက ထူးခြားပါတယ်။ အနာဂတ်မှာ ဘယ်လိုပဲရုပ်ရှင်ပရီးမီးယားပွဲတွေပဲတက်တက် ဒါကိုတော့ မှီမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက်အဓိပ္ပါယ်ရှိတယ်။ ကျွန်တော့်အတွက် ထူးခြားတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။” လို့ Cena က ဆိုပါတယ်။

Shariatzadeh ဟာ နည်းပညာကုမ္ပဏီ Avigilon က ပရောဂျက်မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မတ်လတုန်းကလည်း ကနေဒါ ဗန်ကူးဗားမှာ နှစ်ယောက်လက်တွဲနေတာတွေ့ရတဲ့အပြင် နောက်တစ်လမှာလည်း လေဆိပ်မှာ နှစ်ယောက်သား အနမ်းပေးနေခဲ့တာကို တွေ့ခဲ့ရတာပါ။ Shariatzadeh ဟာ Cena က Nikki Bella နဲ့လမ်းခွဲအပြီး တွဲခဲ့တဲ့အမျိုးသမီးလည်း ဖြစ်ပါတယ်။ Cene နဲ့ Bella တို့ဟာ Cena လက်မထပ်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ ၄င်းတို့စေ့စပ်ထားတာကို အဆုံးသတ်ခဲ့ပါတယ်။ Cena ဟာ Elizabeth Huberdeau ဆိုသူအမျိုးသမီးနဲ့ အရင်အိမ်ထောင်ရှိခဲ့ကာ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လက်တွဲခဲ့ကြကြောင်းလည်း သိရပါတယ်။

လင်းလင်း

SHARE