ဆိုရှယ်မီဒီယာပေါ်မှာ အပြန်အလှန် ကြင်နာနေကြတဲ့ John Cena နဲ့ Shah Rukh Khan

Shah Rukh Khan ဟာ Hollywood ရုပ်ရှင်လောကမှာ တစ်ခါမှ ရုပ်ရှင်တွေ မရိုက်ဖူးသေးပါဘူး။ ဒါပေမယ့် သူရဲ့ ထူးခြားတဲ့ ပင်ကိုအရည်အသွေးကြောင့် မသိတဲ့သူ မရှိလောက်အောင် ကျော်ကြားပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ရုပ်ရှင်လောကသားတွေတိုင်းကလည်း လေးစားကြသလို၊ မတူညီတဲ့နယ်ပယ်က ပုဂ္ဂိုလ်တွေတောင် လေးစားအားကျခြင်းရှိ သူတစ်ယောက်လည်းဖြစ်တယ်။ ဒီလို လေးစားတဲ့ သူတွေထဲမှာ WWE စတား John Cena လည်း အပါအ၀င်ဖြစ်တယ်။

John Cena ဟာ တခြားသူတွေရဲ့ စိတ်ခွန်အားပေးတဲ့ အာဟာရစာစုတွေ၊ အတွေးအခေါ်စာစုတွေကို ပြန်လည် မျှဝေလေ့ရှိသူဖြစ်တယ်။ ပြီးခဲ့တဲ့ တနလာင်္နေ့မှာ Cena ဟာ Ted Talk အစီအစဉ်မှာ မင်းသား Shah Rukh Khan ပြောသွားတဲ့ စေ့ဆော်မှုပေးတဲ့ အဆိုတစ်ရပ် တွစ်တာပေါ်မှာ ပြန်လည်ပြီး share ခဲ့တယ်။

“သြဇာအာဏာနဲ့ ဖိနိုပ်တာ၊ ဆင်းရဲခြင်းတွေဟာ သင့်ဘ၀ကို ပဉ္စလက်ပိုဆန်လာအောင်နဲ့ ဆင်းရဲပင်ပန်းမှုတွေ လျော့ကျသွားအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး” ဆိုပြီး မင်းသားပြောခဲ့တဲ့ စကားကို ပြန်လည်ကိုးကားခဲ့တာပါ။

READ
ပရဟိတ အလုပ်နိုင်ဆုံး ဘောလုံးသမားအဖြစ် ပြိုင်ဘက်မရှိ ရပ်တည်နေတဲ့ ရော်နယ်ဒို
Twitter

မကြာပါဘူး ဒါကိုတွေ့တော့ Khan တစ်ယောက်လည်း ထိရှသွားတာပေါ့။ ဒီလို ကလေးတွေရဲ့ ဟီးရိုးတစ်ယောက်ဖြစ်သူက စိတ်ဓာတ်တွေကို နိုးကြားစေတဲ့ ကောင်းခြင်းတွေကို ဖြန့်ဝေပေးတာ ကျေးဇူးတင်ကြောင်း သူရဲ့ အကောင့်ကနေ ပြန်လည် ဖော်ပြခဲ့ပါတယ်။

Twitter

Cena ကလည်း ဒီလို ရိုးရိုးသားသားပဲ တုန့်ပြန်ခဲ့ပါတယ်။

Twitter

ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလည်း သူတို့နှစ်ယောက်ရဲ့ကြားမှာ အပြန်အလှန် နှီးနှော ဆက်နွှယ်မှုလေးတွေရှိပါသေးတယ်။

Twitter

ပြီးခဲ့တဲ့ နှစ်ကလည်း Khan ရဲ့ Ted Talk အစီအစဉ်နဲ့ ပတ်သက်တဲ့ ဆောင်းပါတစ်ခုကို Cena က ပြန်လည်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ့တုန်းကလည်း သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန် လေးစားသမှုနဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှုလေးတွေကို တွေ့ခဲ့ရပါတယ်။

Twitter
Twitter

John Cena ဟာ Shah Rukh Khan ရဲ့ ပြောစကားတွေကို Twitter မှာတင် မျှဝေတာမဟုတ်ပါဘူး။ Instagram မှာလည်း တင်တာတွေ့ရပါတယ်။ Shah Rukh Khan ရဲ့ လွှမ်းမိုးမှုဘယ်လောက်ကြီးလဲဆိုတာကို သိပ်သိသာ ထင်းရှားပါတယ်။

A post shared by John Cena (@johncena) on

 

A post shared by John Cena (@johncena) on

အနောက်နိုင်ငံက ပုဂ္ဂိုလ်တွေဟာ တစ်ယောက်ဆီမှာ ရှိတဲ့ ကောင်းမွန်တဲ့ အချက်ကို လေးစားအတုယူတတ်တဲ့စိတ်၊ ဂုဏ်ပြုတတ်တဲ့စိတ် ရှိတာကြောင့် တိုးတက်တဲ့ လူမျိုးတွေဖြစ်နေတာ သိပ်တော့လည်း မဆန်းလှပါဘူး။

READ
သူငယ်ချင်းအကူအညီနဲ့ ဘောလုံးဂိုးရသကို ခံစားနိုင်ခဲ့ရှာတဲ့ ဆွံ့အနားမကြားအမျိုးသား

Source: RVCJ

Matthew (Shwemom)

 

 

SHARE