Fast & Furious 9 ဇာတ်ကားသစ်မှာ ဂျွန်စီနာ ပါဝင်သရုပ်ဆောင်မည်

John Cena FB / Van Disel FB

ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကို နေရာတစ်နေရာ ခိုင်မာစွာရယူထားတဲ့ WWE Legend တစ်သီးဖြစ်တဲ့ မင်းသား ဂျွန်စီနာကတော့ အခုဆိုရင် ကမ္ဘာကျော်ဇာတ်ကားကြီးတစ်ခုဖြစ်လာမယ့် Fast & Furious 9 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ်လို့ အတည်ပြုချက် ထုတ်ပြန်ထားပါတယ်။ ဂျွန်စီနာနဲ့ တာဝန်ရှိသူတွေက ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ကြတာပါ။

ဒီဇာတ်ကားကို ပင်တိုင်မင်းသား ဗင်ဒိုင်ဇယ်နဲ့ အတူ စီနာတစ်ယောက် ပူးတွဲသရုပ်ဆောင်ခွင့် ရမှာဖြစ်ပြီး၊ နာမည်ကြီးမင်းသားကြီး ရော့ခ်ဂျွန်ဆင်ကတော့ ဒီဇာတ်ကားမှာ ပါဝင်ဖို့မရှိဘူးလို့ သိရပါတယ်။ စီနာအတွက်တော့ Fast & Furious မိသားစုထဲကို ပထမဆုံးခြေလှမ်းစတင်တာဖြစ်ပြီး၊ စိန်ခေါ်မှုအသစ်တွေ၊ ပရိသတ် လက်ခုပ်သံအသစ်တွေအတွက် အများကြီး ကြိုးစားမယ့် ပုံပါ။

 

 

View this post on Instagram

 

Thank you Pablo.

A post shared by Vin Diesel (@vindiesel) on

စီနာက Fast & Furious မှာ ပါဝင်မယ့်အကြောင်း တွစ်တာမှာ အတည်ပြုထားပါတယ်။ သူရဲ့ ပို့စ်မှာ “နှစ်ပေါင်း (၂၀)နီးပါး … Fast Franchise ဟာ ပရိသတ်တွေကို ဖျော်မြေမှုတွေ ပေးခဲ့သလို၊ ရုပ်ရှင်သမိုင်းမှာလည်း ကြီးမားတဲ့ မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပါတယ် … ဒီအဝန်းအဝိုင်းမှာ ပါဝင်ခွင့်ရတာဟာ အလွန်ကြီးမားတဲ့ ချီးမြှောက်မှုပါဘဲ ”လို့ ရေးသားခဲ့ပါတယ်။

 

ဂျွန်စီနာဟာ အသက်(၄၂)နှစ် ရောက်နေပြီဖြစ်ပြီး၊ လက်ဝှေ့နားပန်းလောကမှာ ပရိသတ်ရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပြီးနောက်၊ ဟောလိဝုဒ်ရုပ်ရှင်လောကဘက်ကို ခြေချခဲ့သူပါ။ ပရိသတ်တွေအများစုကလည်း သူရဲ့ သရုပ်ဆောင်မှုကို တစ်ခဲနက် အားပေးခဲ့ကြပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။

အခုဇာတ်ကားမှာ စီနာ ဘယ်ဇာတ်ရုပ်က ပါဝင်သရုပ်ဆောင်မယ်ဆိုတာ ဖုံးကွယ်ထားဆဲဖြစ်ပေမယ့် သတင်းမီဒီဒီယာတစ်ချို့မှာတော့ လူကြမ်းနေရာကနေ ဝင်ပြီးသရုပ်ဆောင်ရဖို့ရှိတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်နေနေ Fast & Furious 9 ဇာတ်ကားဟာ အသွင်သစ်တွေ၊ ဆန်းပြားတဲ့ ဇာတ်ကွက်တွေနဲ့ ပရိသတ်ဆီ ရောက်လာဦးမှာပါ။

လင်းသုတ (Shwemom)

SHARE