John Cena ရဲ့ အသစ်စက်စက်ဇနီးသည် Shay Shariatzadeh ရဲ့ဘဝအကြောင်း

instagram/johncenaoffiicial instagram/cenation.boy

ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် ပရိုဖက်ရှင်နယ် WWE စတားလည်းဖြစ်တဲ့ John Cena ဟာ တနင်္လာနေ့တုန်းက ဖလော်ရီဒါတန်ပါမြို့မှာ ၄င်းရဲ့ချစ်သူ Shay Shariatzadeh နဲ့ လက်ထပ်ခဲ့တယ်လို့ ဆိုပါတယ်။ Cena နဲ့ Shariatzadeh တို့ဟာ Cene ရဲ့ Playing with Fire ရုပ်ရှင်ပရီးမီးယားအကြိုပွဲမှာ ဆုံတွေ့ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ  ၄င်းတို့ရဲ့အချစ်ရေးကိုသိုသိုသိပ်သိပ်ထားပါတယ်။ အခုအခါမှာတော့ Cena ရဲ့သတို့သမီးသစ် Shariatzadeh အကြောင်းကို people သတင်းစာမျက်နှာကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

https://www.instagram.com/p/CGXV0AeJcZ6/?utm_source=ig_web_copy_link

အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Shariatzadeh ဟာ လက်ရှိကနေဒါနိုင်ငံ Sonatype ဆော့ဖ်ဝဲကုမ္ပဏီမှာ product manager အဖြစ်အလုပ်လုပ်နေပါတယ်။ ဒီမတိုင်ခင်တော့ Motorola Solutions မှာ အပူခံကင်မရာတွေနဲ့ ဗီဒီယိုဆက်သွယ်ရေးစနစ်တွေအတွက် သုတေသနလုပ်ခဲ့ဖူးပါတယ်။ သူမဟာ British Columbia တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာပိုင်းအထူးပြုနဲ့ ၂၀၁၃ ခုနှစ်တုန်းက ဘွဲ့ရခဲ့ပါတယ်။

Shariatzadeh ရဲ့အင်ဂျင်နီယာဖြစ်ဖို့ရည်မှန်းချက်ဟာ သူမငယ်ငယ်လေးကတည်းက စတင်ခဲ့တာပါ။ သူမငယ်ငယ်မှာ အစ်ကိုဖြစ်သူက သူတက်နေတဲ့အင်ဂျင်နီယာကျောင်းကနေ အိမ်ကိုပရောဂျက်တွေယူလာတာတွေ့ပြီး အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ သူမက စိတ်ကူးခဲ့တာပါ။

READ
ထားသွားတဲ့ဇနီးဟောင်းကို လက်စားချေတဲ့အနေနဲ့ (၆)နှစ်သမီးလေးကို ရေနှစ်သတ်တဲ့ဖခင်

“ကျွန်မက သင်္ချာနဲ့ ရူပဗေဒဘာသာရပ်တွေကို အရမ်းသဘောကျတယ်။ ကျွန်မအစ်ကိုက အင်ဂျင်နီယာကျောင်းတက်တယ်လေ။ ကျွန်မမှတ်မိသေးတယ်။ တစ်နေ့တော့ သူက အိမ်ကို မောင်းသူမဲ့ကားအတွက် ပရောဂျက်ယူလာခဲ့တာ။ ဒါနဲ့ပဲ ပိုးဝင်သွားတော့တာ။” လို့ Shariatzadeh က ဆိုပါတယ်။ အင်ဂျင်နီယာမဖြစ်ခင်မှာတော့ သူမဟာ Guess နဲ့ La Vie En Rose မှာ အရောင်းပိုင်းဝင်လုပ်ခဲ့ပါသေးတယ်။

View this post on Instagram

how am i looking @johncena #johncena

A post shared by Shay Shariatzadeh (@shayshariatzadehh) on

Shariatzadeh ရဲ့စံပြပုဂ္ဂိုလ်ဟာ သူ့အစ်ကိုဖြစ်သူတင်မကဘဲ မိခင်ဖြစ်သူလည်းပါဝင်ပါတယ်။ မိခင်ဟာ သူမဘဝမှာလွှမ်းမိုးမှုအရှိဆုံးလို့ Shariatzadeh က ပြောပါတယ်။ သူမရဲ့ မိခင်ဟာ ခွဲစိတ်ဆရာဝန်မကြီးတစ်ယောက်ဖြစ်ပါတယ်။

READ
နယူးဇီလန် ၀န်ကြီးချုပ်ရဲ့ကြောင်ကိုမှ ကားနဲ့တိုက်သတ်မိသူရဲ့အဖြစ်

“အလုပ်အကြိုးစားဆုံးနဲ့ အကြံ့ခိုင်ဆုံးအမျိုးသမီးကို ပြပါဆိုရင် ကျွန်မက အမေ့ကိုပဲသိတယ်။ အမေက ကိုယ်ထူးကိုယ်ချွန်ကြိုးစားဖို့ ကျွန်မကိုသင်ပေးခဲ့တာ။ အမေက သူ့အလုပ်အရမ်းအောင်မြင်နေတဲ့အချိန်မှာ အဲ့ဒီအောင်မြင်မှုကိုစွန့်လွှတ်ပြီး  မိသားစုနဲ့အတူတူ ကနေဒါကိုပြောင်းလာခဲ့တာ။ ကျွန်မ စိတ်ဓာတ်ကြံ့ခိုင်ရတာက အမေ့ကြောင့်ပဲ။” လို့လည်း သူမက ပြောပြခဲ့ပါသေးတယ်။

လင်းလင်း

SHARE