သမ္မတ Donald Trump ကို အရူးကြီးလို့ ခေါ်လိုက်တဲ့ John Legend

Image:IG/John Legend & wikicommon

အဆိုတော် John Legend ကတော့ အမေရိကန် သမ္မတ  Donald Trump ကို အရူးကြီးလို့ ခေါ် လိုက်ပြီး ဒဲ့ ဝေ ဖန် ပြောဆိုလိုက်ပါတယ်။အခုလို ဒဲ့ ဝေဖန်လိုက်ရတဲ့ အကြောင်းအရင်း ကတော့ Donald Trump က မကြာသေး မီ တုန်းက ပြောလိုက်တဲ့ ကိုရိုနာလူနာတွေ ကို ပိုးသတ်ဆေး ထိုးနှံမှု က ကူညီ ပေးနိုင်မယ်လို့  ပြောလိုက်တဲ့ စကား ကြောင့်ပါ။သမ္မတ တစ်ယောက်ဆီက ထွက်ကျ လာတဲ့ ဒီလို စကားကြောင့် John Legend ကတော့ လက်ရှိ အချိန် မှာ  Donald Trump  လောက် နိုင်ငံ့ကို  ဆိုးဆိုးရွားရွား ဦးဆောင် နိုင်တဲ့ လူမျိုး မရှိဘူး လို့ ပြောလိုက်ပါတယ်။ဒီ အ ကြောင်းကိုတော့ Asia One မှာ ဖော်ပြ ထားတာပါ။

 

John Legend   “ဒါက အရမ်း အဓိပ္ပါယ်မဲ့ လွန်းတယ်။ဒီလို အရူးကြီးကို အမေရိကန် ရဲ့ သမ္မတ အဖြစ် ရွေးချယ် လိုက်တယ်ဆိုတာ ယုံတောင် မယုံ နိုင်ဘူး။သူ ပြောနိုင်တာ က ဒီလို အဓိပ္ပါယ်မဲ့ တဲ့ အရာတွေပဲ။တစ်ကိုယ်ကောင်း ဆန်လွန်းတယ်။တစ်ချိန်တည်းမှာပဲ အတ္တကြီး လွန်းနေတယ်။ဒီလို ရောဂါ ကို အိမ်သုံးဆေးဝါးလောက်နဲ့ မ လုပ်သင့်တဲ့ အရာ မျိုးကို ပြောလာတ ယ်။သူ့ အမျိုးတစ်ယောက်က ဆရာဝန် ဆိုတော့ သူ သိ သူတတ် နေတယ်လို့ ထင် နေတ ယ်။သိပ္ပံပညာရှင်တွေ ပြောတဲ့ စကားလဲ သူနားမ ထောင်ဘူး။ဆုံးဖြတ်ချက်တိုင်းကို ဘယ်လို ချရင် သူ့ အတွက် အ ကျိုးရှိမလဲ ဆိုတာပဲ တွေးပြီး ချတယ်။အရှည်ကို မကြည့်ပဲ အရမ်းဥာဏ် တိမ်လွန်းတယ်။ဒီလို လူမျိုးက ရေရှည် အတွ က်ပါ အစီအစဉ်တွေ ချပြီး ဖြေရှင်းရမယ့် ရှုပ်ထွေးတဲ့ ပြဿနာ တွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။သူက ကျ တော်တို့ အခုလို အပ်နေတာ မျိုးနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ.” ဆိုပြီး သမ္မတ ရဲ့  လေး လေး နက်နက်နဲ့ ရေရှည်ကို တွေးပြီး ဖြေရှင်းရမှာကို ခပ်ပေါ့ပေါ့ ပြော နေတဲ့ အဓိပ္ပါယ်မဲ့ စကား တွေ ကြောင့် John Leg end    က တော့ အရမ်းကို ဒေါသ ထွက် နေပါတယ်။

သမ္မတ ရဲ့ ရေရှည် စဉ်းစားမှု မရှိတာတွေ၊ အရည်အချင်း မပြည့် တာတွေ  ကြောင့် ကပ်ရောဂါ ဟာ အ မေရိကမှာ ကြာ နေ အုံးမယ်လို့ John  က  တော့ ခန့်မှန်းထားပါတယ်။ GQ Hyp နဲ့  ပြောတဲ့  အခါ မှာလည်း  လက်ရှိအချိန်မှာတော့ သူ့ လောက် ဆိုးရွား တဲ့ ဦး ဆောင်တဲ့ လူမျိုး မရှိ ဘူး။ဒါကြောင့်လည်း အ မေရိကန်က ကိုရိုနာ ကြောင့် သေဆုံးမှု အများ ဆုံး နိုင်ငံ ဖြစ် နေတာပဲ ဆိုပြီး ပြောခဲ့ပါတယ်။သမ္မတရဲ့ အရည်အချင်း မပြည့်ဝ မှု၊တကိုယ်ကောင်းဆန်မှု၊ ဥာဏ် တိမ် မှု ၊ နိုင်ငံ တော် အဆင့် တုံ့ပြန် ဆောင်ရွက်မှုတွေမှာ ပူးပေါင်းမှု မရှိတာ တွေ ကြောင့်  အမေရိက က တော့ ကိုရိုနာ ကပ်ရောဂါ က နေ ရုန်းထွက်နိုင်မယ် မထင်ဘူး လို့ ပြောခဲ့ပါတယ်။

READ
ချစ်သူနဲ့ အတူ Living Together နေနေပြီလို့ သတင်းထွက်နေတဲ့ Miley Cyrus

 

 

View this post on Instagram

 

One of the Seven Wonders of the World, the breathtaking Taj Mahal!

A post shared by First Lady Melania Trump (@flotus) on

John Legend  က တော့ Luna, (၄)နှစ်၊Miles (၂၃လ) နဲ့ ဇနီးဖြစ်သူ Chrissy Teigen တို့ နဲ့ အတူတူ Lockdown ကာလကို ဖြတ်သန်း နေ ပါတယ်။ကံ ကောင်းပြီး လိုအပ်တဲ့ အရာတွေ လည်း အပြည့်အစုံ ရှိတဲ့ အ နေ အထားမို့ သူတို့ က တော့  ဒီလို အ နေအထားကို  ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်တယ်လို့ ခံစားရ ကြောင်း ပြောခဲ့ပါတယ်။မိသားစုနဲ့ အတူတူ အပြင် ထွက် ရတာကို ကြိုက် သလို အိမ်မှာပဲ (၂၄)နာရီ နေနေရာကိုလည်း ကြိုက်ကြောင်း၊လက်ရှိ အနေ အထားမှာ အ ကောင်းဆုံး လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Quaranteam

A post shared by John Legend (@johnlegend) on

SHARE