သွေးကင်ဆာဝေဒနာရှင်လေးရဲ့ နောက်ဆုံး ခီမိုကုထုံးအတွက် အားပေးခဲ့ကြတဲ့ အတန်းဖော်များ

wowktv

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက နယူးဘာရီက စိန့်ဟယ်လင်ကတ်သလစ်ကျောင်းမှာ  ဂုဏ်ပြုပွဲလေးတစ်ခု ရှိခဲ့ပါတယ်။ ဂုဏ်ပြုပွဲလေးကျင်းပရတဲ့ အကြောင်းရင်းကတော့ အသက် (၆) နှစ်အရွယ် ကောင်လေးတစ်ယောက်က သူ့ဘ၀ရဲ့ အကြီးမားဆုံး အနှောင့်အယှက်ကြီးဖြစ်တဲ့ ကင်ဆာရောဂါဆိုးကြီးကို အလဲထိုးနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဂျေအိုအကြောင်းကိုတော့ wowktv သတင်းစာမျက်နှာကနေ ဖော်ပြပေးထားတာပါ။

wowktv

ဂျေအိုလို့ခေါ်ကြတဲ့ ဂျွန်အိုလီဗာဇီပေးဟာ ခရစ္စမတ်ပွဲတော်အပြီး နှစ်ရက်အကြာမှာ နောက်ဆုံးခီမိုကုထုံးကို ခံယူခဲ့တာဖြစ်ပါတယ်။ ဂျေအိုဟာ ပြီးခဲ့တဲ့ (၃) နှစ်လုံးလုံး သွေးကင်ဆာနဲ့ နပမ်းလုံးနေခဲ့ရတာပါ။ ဒါကြောင့် ဗုဒ္ဓဟူးနေ့မှာတော့ ဂျေအိုက ကင်ဆာရောဂါဆိုးကြီးကို အလဲထိုးနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ အတန်းဖော်တွေ၊ ဆရာဆရာမတွေနဲ့ မိသားစုဝင်တွေက ဂျေအိုကို ဂုဏ်ပြုပေးဖို့ ကျောင်းမှာ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

wowktv

ဂျေအိုရဲ့ ဖခင်ဖြစ်သူ ဂျွန်ဇီပေးကတော့ “…သားက အခြေအနေကောင်းနေပါပြီ။ သူတော်တော်လေး ကြံ့ကြံ့ခံခဲ့တယ်။ ကြားထဲမှာ ရောဂါကြောင့် ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုး ရှိပေမယ့် သူအဆင်ပြေပါတယ်…” လို့ ပြောပြခဲ့ပါတယ်။

READ
ငါးစိမ်းရောင်းပြီး သားဖြစ်သူကို ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းထားပေးခဲ့တဲ့ အာဂမေမေ
wowktv

ဂျေအိုကို ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှာ ပြင်းထန်တဲ့ သွေးကင်ဆာရောဂါတစ်မျိုး စွဲကပ်နေပြီဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဂျေအိုဟာ ဆေးရုံမှာ (၁၈) ရက်နေခဲ့ပြီး နောက်ပိုင်းမှာတော့ နှစ်နဲ့ချီအောင် ခီမိုကုထုံးကို အကြိမ်ကြိမ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဂျေအိုရဲ့ ကျောင်းအုပ်ကြီး ပက်ထရစ်ဂန်နွန်ကတော့ “ကလေးက စာကြိုးစားပါတယ်။ သူ့အတန်းဖော်တွေကလည်း သူ့ကို လွမ်းနေကြတာ။ အခုလို ရောဂါပျောက်ပြီး ကျောင်းပြန်တက်နိုင်တော့ သူ့သူငယ်ချင်းတွေလည်း သိပ်ဝမ်းသာနေကြတယ်…” လို့ ပြောပြပါတယ်။

အောက်က ဗီဒီယိုလေးထဲမှာတော့ ဂျေအိုကို ကျောင်းခန်းမထဲမှာ ၀ိုင်းပြီး အားပေးနေကြသူတွေကို တွေ့ရမှာပါ။ ဒီဂုဏ်ပြုပွဲလေးကို ကျောင်းအစည်းအဝေးအပြီးမှာ ဆက်လက် ပြုလုပ်ခဲ့တာပါ။ ဂျေအိုမိသားစုရဲ့ သူငယ်ချင်းလည်းဖြစ်၊ ဂုဏ်ပြုပွဲလေးကို စီစဉ်သူလည်းဖြစ်တဲ့ ရှန်နွန်ဖော်မန်စကီကတော့ “ဂျေအိုလေးက လေယာဉ်ပျံတွေကို ကြိုက်တယ်၊ ဒုတိယကမ္ဘာစစ်အကြောင်းတွေလည်း သူနှစ်သက်တယ်။ ကလေးက ရိုးပြီး အနေအေးတယ်…” လို့ ပြောပြခဲ့ပါတယ်။ ဂျေအိုရဲ့ မိခင်ဖြစ်သူကတော့ သူမကလေးကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာတာကို တွေ့လိုပြီး ကလေးရဲ့ အနာဂတ်အတွက်စိတ်လှုပ်ရှားရကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

READ
အသက်(၈၈)နှစ်အရွယ် အဖွားအိုရဲ့အိမ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့ သူစိမ်းအမျိုးသား

လင်းလင်း (ShweMom)

SHARE