မင်းသမီး Kelly Preston ရင်သားကင်ဆာရောဂါနဲ့ ကွယ်လွန်

Image:IG/Kelly

John Travolta ရဲ့ ဇနီး မင်းသမီး ၊မော်ဒယ် ဟောင်းတစ်ယောက် ဖြစ်တဲ့ Kelly Preston က တော့ ရင်သား ကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ Yahoo မှာ ဖော်ပြထားတာပါ။ Kelly Preston က တော့ အ မေရိကန် မင်းသမီးကြီး ဖြစ်ပြီး Twins ၊ Jerry McGuire Kelly Preston ဇာတ်ကား နဲ့ နာမည်ကြီး ပါတယ်။ကွယ်လွန် ခ်ျိန် မှာ တော့ အသက် (၅၇)ပါ။

 

View this post on Instagram

 

Happy Birthday to my loving husband! ♥️ @johntravolta

A post shared by Kelly Preston (@therealkellypreston) on

ကွယ်လွန်တဲ့ သတင်းကိုတော့ သူမရဲ့ မိသားစု က နေ ဒီ တစ်ပတ် သီတင်းပတ်ကုန်ပိုင်း လောက်မှာ ကြေညာ ခဲ့တာပါ။ပရိသတ်တွေက လည်း ဒီသတင်းကို ကြား တော့ မ ယုံနိုင် ဖြစ်ခဲ့ကြပါတယ်။သူမဟာ ရင်သားကင်ဆာ ရောဂါ ကို ခံစားနေခဲ့ရတာ ကြာပါပြီ။ကွယ်လွန် ကြောင်းကိုတော့ ခင်ပွန်း ဖြစ်သူ Travolta က ဇူလိုင် (၁၃)ရက်နေ့က သူ့ရဲ့ IG က နေ ကြေညာခဲ့တာပါ။

 

View this post on Instagram

 

Happy Birthday Ben!!!!!! I love you soooo much!!!❤️

A post shared by Ella Travolta (@ella.travolta) on

စိတ် မ ကောင်းခြင်းများစွာနဲ့ ဇနီးဖြစ်သူ Kelly ကွယ်လွန် တဲ့ သတင်းကို ကြေညာချင်ပါတယ်။သူမဟာ ရင်သားကင်ဆာ ရောဂါ ခံစားနေရတာ နှစ်နှစ် ရှိပါပြီ။ချစ်ခင် ရ သူတွေ ရဲ့ မေတ္တာ တွေ၊အားပေးမှု တွေနဲ့ ရင်သားကင်ဆာကို အံ တု လာ တာကြာပါပြီ။မိခင် ဆုံးရှုံး လိုက်ရတဲ့ က လေး တွေ ကို  ကျ တော် အချိန် ယူ စောင့် ရှောက် သွားမှာပါ။ဒါ ကြောင့် ကျ တော် ခဏ လောက် ပျောက် နေခဲ့ရင် နားလည် ပေး ကြပါ..” ဆိုပြီး တင်ထားပါတယ်။Travolta နဲ့ Preston  တို့ မှာတော့ အသက် (၂၀) အရွယ် Ella ၊ (၁၀)နှစ်အရွယ် Benjamin  တို့  ရှိပါတယ်။Jett ဆိုတဲ့  သား က တော့ အသက် (၁၆)နှစ်မှာ ကွယ်လွန် သွားခဲ့ ပါတယ်။

 

View this post on Instagram

 

Happy Thanksgiving!!

A post shared by Kelly Preston (@therealkellypreston) on

#SHWEMOM

SHARE