John Wick 3 တုန်းက မကြည့်လိုက်ရတဲ့ ဖိုက်တင်ခန်းတွေကို 4 မှာ ပြန်ထည့်သွားမယ်တဲ့

John Wick

မင်းသားကြီး Keanu Reeves ရဲ့ အနုပညာလောကထဲ အခုနောက်ပိုင်းမှာမှ တစ်ကျော့ပြန်ဝင်လာခဲ့တဲ့ ရုပ်ရှင်ဆိုရင် John Wick နဲ့လို့ပြောရမှာပါပဲ။ John Wick ဇာတ်လမ်းကတော့ အမုန်းတွေ၊ အညှိုးအာဃာတတွေကြားက လက်တုန့်ပြန်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းဇာတ်လမ်းမျိုးပေါ့။

များသောအားဖြင့် အက်ရှင်ကားတွေက တိုက်ခိုက်တဲ့အခန်းတွေကိုပဲ ဦးစားပေးတတ်ပြီး ဇာတ်လမ်း ဇာတ်အိမ်က ထင်သလောက်မဟုတ်ပြန်ဘူး။ ဒါပေမဲ့ John Wick ကတော့ ဇာတ်လမ်းပိုင်းမှာရော Keanu Reeves နဲ့ ကျန်တဲ့သရုပ်ဆောင်တွေရဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကလည်း ပြောစရာမလိုအောင် မိုက်လွန်းနေခဲ့တာပါ။

Imdb/John Wick

ဒါကြောင့်လည်း ကမ္ဘာတစ်ဝှမ်းမှာ John Wick ပရိတ်သတ်တွေဆိုပြီး ရှိသွားတာပေါ့။ အခု Asia One ရဲ့ဖော်ပြချက်အရ နောက်ထွက်လာမယ့် John Wick Chapter 4 မှာတော့ Chapter 3 တုန်းက မကြည့်လိုက်ရတဲ့ ဖိုက်တင်ခန်းတွေကို ထည့်သွင်းပေးသွားမယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။

READ
လက်ရှိတွဲနေတဲ့ Rs အကြောင်း အမေးခံလိုက်ရလို့ ကြောင်အမ်းသွားတဲ့ ကီနူးရိဗ်

အရင် Chapter 3 မှာတုန်းက ရုပ်ရှင်ကြာချိန်ကိုငဲ့ပြီး အချိန်မလောက်တော့လို့ မထည့်ခဲ့ရတာပါဆိုပြီး ဒါရိုက်တာ Chad Stahelski က ပြောလာခဲ့ပါတယ်။ အဲလိုဖြတ်ချလိုက်တဲ့ အက်ရှင်ခန်းတွေထဲမှာ အရမ်းကောင်းလွန်းတဲ့ အခန်းတွေ ပါဝင်နေခဲ့တာကြောင့် ပရိတ်သတ်တွေကို ချပြချင်လွန်းတဲ့အတွက် Chapter 4 မှာ မဖြစ်မနေ ပြန်ထည့်ပေးသွားမှာပါတဲ့။

Imdb/John Wick

Chapter 3 တုန်းက ပရိတ်သတ်တွေအနေနဲ့ ပျင်းဖို့ကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်လာတဲ့အပေါ်မှာလည်း ဒါရိုက်တာ Chad Stahelski အနေနဲ့ ပရိတ်သတ်တွေရဲ့ အသံကို နားထောင်ပြီး Chapter 4 မှာ အကောင်းဆုံး John Wick ရဲ့ chapter ဖြစ်အောင် ရိုက်ကူးသွားပါမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း comic book စည်းဘောင်ထဲကတော့ မထွက်ပါဘူးတဲ့။

John Wick Chapter 4 ကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် မေလ ၂၇ မှာ ထွက်မယ်လို့ လျာထားခဲ့ပါတယ်။

READ
Myanmar International Fashion Week မှာအလှဆုံးမော်ဒယ်အဖြစ်တွေ့ရတဲ့ မိုးဟေကို

Penny

SHARE