4 တောင် မထွက်သေးဘဲ John Wick 5 ကို ဆက်လက် ရိုက်ကူးမယ်လို့ အတည်ပြု

John Wick

၂၀၁၄ ခုနှစ်မှာ စပြီး Keanu Reeves နဲ့ John Wick ကို စတင်ရိုက်ကူးခဲ့ပါတယ်။ စစချင်းပထမဆုံး ဇာတ်ကားမှာတင် လတွေရဲ့ အားပေးမှုကို အကြီးအကျယ်ခံခဲ့ရတဲ့အတွက်ကြောင့် နောက် (၃) နှစ်လောက်အကြာ ၂၀၁၇ ခုနှစ်မှာပဲ John Wick: Chapter 2 ကို ရိုက်ကူးခဲ့ပါတယ်။ ဒုတိယကားလည်းပဲ ထင်ထားတာထက်ပိုပြီး ပေါက်ခ့တဲ့အတါက် ၂၀၁၉ ခုနှစ်မှာ တတိယကား Parabellum ကို ထပ်ပြီး ထုတ်ခဲ့ပါတယ်။

Imdb/John Wick

အခုလည်း နောက်ဆက်တွဲဖြစ်တဲ့ John Wick: Chapter 4 ဟာ pre-production အဆင့်ကို ရောက်နေပြီဖြစ်ပြီးတော့ လာမယ့် ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ပြသမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ COVID ဖြစ်နေတော့ ဘယ်လိုလာဦးမလဲတော့ မသိသေးဘူးပေါ့နော်။

ဒါပေမဲ့လည်း Screen Rant ရဲ့ ဖော်ပြချက်အရ 4  တောင် ဘယ်လိုအခြေအနေဖြစ်ဦးမလဲသိဘူး ထုတ်လုပ်ရေး Lionsgate ကနေပြီး John Wick 5 ကိုလည်း 4 ရဲ့ pre-production ပြီးတာနဲ့ ချက်ချင်းကို ရိုက်ကူးပြီး ရှေ့ဆင့်နောက်ဆင့်ပြသနိုင်ဖို့ ကြိုးစားနေတယ်ဆိုပြီး ပြောလာခဲ့ပါတယ်တဲ့။

READ
၂၀၂၁ အထိထွက်လာဖို့လျာထားကြတဲ့ Superhero ဇာတ်ကား ၁၀ ကားစုစည်းမှု
Imdb/John Wick
Imdb/John Wick

Keanu Reeves အနေနဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ Matrix ဇာတ်ကားရဲ့ အဆက် The Matrix 4 ကိုလည်း ရိုက်ကူးရေးလပ်နေခဲ့ပြီး Constantine ကိုလည်း ဆက်ရိုက်ဖို့ စကားပြောနေပြီဖြစ်တဲ့အတွက် နောက်နှစ်ဒါမှမဟုတ် နောက်တစ်နှစ်ထဲမှာတော့ Keanu Reeves ဇာတ်ကားတွေကို ဆက်တိုက်မြင်တွေ့နိုင်ဖွယ်ရှိနေပါတယ်။

penny

SHARE