The Man from Nowhere ကို ဟောလိဝုဒ်ဗားရှင်းနဲ့ ပြန်ရိုက်မယ့် John Wick Team

Image:imdb

The Man from Nowhere ဆိုတဲ့ ဇာတ်ကားက တော့ အရမ်းကို နာမည်ကြီးခဲ့တဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားပါ။ (၂၀၁၀)တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး ကိုရီးယား အက်ရှင် သည်းထိတ်ရင်ဖို ဇာတ်ကား အမျိုးအစားပါ။ကိုရီးယား နာမည်ကြီး  မင်းသား Won Bin ပါဝင် ထားပြီး ဒါရိုက်တာ  Lee Jeong-beom ရိုက်ကူးထားတာပါ။အဲ့ဒီဇာတ်ကား ကိုတော့ေ ဟာလိဝုဒ် ဇာတ်ကား အဖြစ် ပြန်ရိုက်မယ့် အ ကြောင်းကို  screenrant မှာ ဖော်ပြထားတာပါ။

Image:imdb

Won Bin ရဲ့ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ဒီကားကိုတော့ အ ရမ်းနာ မည် ကြီးတဲ့ John Wick ဇာတ် ကားတွေကို ဖန်တီးခဲ့တဲ့ Team အဖွဲ့ ၀င် တွေ ဖြစ်တဲ့ Chad Stahelski နဲ့ Derek Kolstad တို့ က ထုတ်လုပ်၊ ဇာတ်ညွှန်းရေး ရိုက်ကူး ကြမှာပါ။ John Wick နဲ့ Cha Tae-sik(The Man from Nowhere ထဲက ဇာတ်ကောင် နာမည်) တို့ က Type ချင်း တူတယ်လို့ ပြော လို့ရပါတယ်။တစ် ယောက်က ခွေးကို ထိ ရင် မခံပဲ စိတ်ဆုံး ဖြတ်ထား ရင် မရ ရ အောင် လုပ်တတ် သူပါ။

READ
Samsung ပွဲကို အတွဲညီညီတက်ရောက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အေးသောင်း
Image:imdb

Cha Tae-sik က တော့ သူ့ရဲ့ တစ်ဦး တည်း သောသူငယ်ချင်း က လေးမ လေး ကို ရ အောင် ကြိုးစားကယ်တဲ့ ဇာတ် ကောင်ပါ။ ဒါပေမယ့် ဟောလိဝုဒ် ဗားရှင်းမှာ တော့ တစ်ပုံစံတည်း ပြန်ရိုက်မှာ လည်း ဘယ်လို ရိုက်ကူး မှာလဲ ဆိုတာကိုတော့ အ သေးစိတ် မသိ ရ သေးပါဘူး။Stahelski နဲ့ Kolstad  တို့ ကတော့ 87Eleven Entertainment production က  နေ The Man from Nowhere ဟောလိဝုဒ် ဗားရှင်း ဇာတ်ကားကို ထုတ်မှာပါ။

 

Kolstad  က တော့ ဇာတ်ကား အတွက် ဇာတ်ညွှန်း တောင် ရေးပြီးပါပြီ။ Chad Stahelski  က တော့ အလုပ်များ နေတဲ့ အတွက် ဒီဇာတ်ကား ကို   မရိုက်ဖြစ်ဖို့ များပြီး ဒါရိုက်တာ အတွက် စည်းဝေး ပွဲတွေ လုပ် နေတယ်ဆိုတဲ့ သတင်း တွေ လည်း ထွက် နေပါတယ်။  ၀င်ငွေ အ မေရိကန် ဒေါ်လာ (၄၃)သန်း လောက်ရတဲ့ အထိ အောင်မြ င် ခဲ့ ပြီး မင်းသား Won Bin ရဲ့ နာမည်ကြီး ဇာတ်ကား ကို ဟောလိဝုဒ် ဗားရှင်းနဲ့ ဘယ်လို မြင် တွေ့ရမလဲ ဆိုတာ အားလုံးက တော့ စိတ်ဝင်စား နေကြပါပြီ။

READ
သူမရဲ့ television show အစီအစဉ်မှာ ပထမဆုံး host အဖြစ် လုပ်သွားမယ့် SUNMI

#SHWEMOM

SHARE