Johnny Deppကိုကွာရှင်းတော့မယ့် Amber Heard

လက်ထပ်ပြီးတာ ၁၅လပဲကြာသေးတဲ့ Amber Heard နဲ့ Johnny Deppတို့စုံတွဲဟာ ကွာရှင်းကြတော့မှာဖြစ်ပါတယ်။
Amber Heardက ဆွေးနွေးလို့မရတဲ့ ခြားနားချက်တွေရှိတာကြောင့် ကွာရှင်းပေးဖို့တရားရုံးကို လျှောက်ထားခဲ့တာဖြစ်
ပါတယ်။

1

သူတို့၂ဦးဟာ ၂၀၁၂ခုနှစ်က စတင်ပြီးတွဲခဲ့ကြတာဖြစ်ပါတယ်။ The Rum Diary ဇာတ်ကားမှာစတင်တွေ့ခဲ့ကြတာဖြစ်
ပါတယ်။ Amberဟာ Johnnyနဲ့ကွာပြီးရင် Johnnyဆီက ထောက်ပံ့ကြေးလိုချင်သေးကြောင်းလည်း သိရပါတယ်။ Johnnyဟာ ဒေါ်လာသန်း၄၀၀လောက်ကြွယ်ဝသူလည်းဖြစ်ပါတယ်။ Johnnyဘက်ကတော့ ကွာရှင်းပြီးရင် ဘယ်လို
အထောက်အပံ့မှမပေးနိုင်ကြောင်းကို ရှေ့နေ့ကတစ်ဆင့် ပြောခဲ့ပါတယ်။

Johnnyရဲ့ရှေ့နေက Kim Kardashian, Kris Jenner, Maria Schriverတို့ရဲ့ ရှေ့နေလည်းဖြစ်တဲ့ Laura Wasserဖြစ်ပါတယ်။ Johnnyရဲ့မိခင်ကွယ်လွန်ပြီး၂ရက်အကြာမှာ Amberက ကွာရှင်းဖို့တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Amber-Heard-Johnny-Depp

သူတို့စုံတွဲဟာ 2013ခုနှစ် ခရစ်စမတ်မှာ စတင်ပြီး စေ့စပ်ခဲ့ပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီမှာတော့ တရားဝင်လက်ထပ်ခဲ့
ကြပါတယ်။”သူမက ကျွန်တော့်ခေါင်းထဲမှာ အမြဲရှီနေခဲ့တယ်။ အဲ့ဒါကြောင့်သူ့ကိုရဖို့ကျွန်တော်ကြိုးစားခဲ့တာပါ။” လို့
အရင်တုန်းကတော့ Johnny Deppကပြောခဲ့ဖူးပါတယ်။

READ
ကိုမာဖြစ်နေရာကနေ၊ ပြန်သတိရလာတဲ့အခါ ထီပေါက်ကြောင်းသိလိုက်ရတဲ့အမျိုးသား

ဖော်ဖော်ဝါရီတုန်းကတော့ Johnnက “ကျွန်တော့်ရဲ့ဇနီး Amber Heard ကိုကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော့်ကို
သည်းခံပြီးချစ်နေပေးလို့ပါ။ ကျွန်တော့်ရဲ့ စရိုက်တွေကို သည်းခံပေးနေလို့ပါ။ ကျွန်တော်ကိုယ်တိုင်အတွက်တောင်ခဲယဉ်း
ပါတယ်။ သူမအတွက်လည်း ခဲယဉ်းမှာပါ။”လို့Palm Springs International Film Festival မှာပြောခဲ့ပါတယ်။

Johnny-Depp-Amber-Heard

 

ပထမတစ်ကြိမ်တုန်းက Johnnyဟာ  vAnessa Paradis နဲ့တွဲခဲ့ပြီး ကလေး၂ယောက်ရခဲ့ကာ ၂၀၁၂ဂျွန်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ နောက်ထပ် Lori Anne Allisonနဲ့လည်း လက်ထပ်ခဲ့ဖူးပြီး ၂နှစ်အကြာမှာ ကွဲခဲ့ပါတယ်။ အခုAmber နဲ့လည်း  ၁၅လ အကြာမှာ ကွဲတော့မှာဖြစ်ပါတယ်။ Amberကတော့ ၂၀၁၁အထိTasya van Reeလို့ အမည်ရတဲ့မိန်းကလေးတစ်ယေက်နဲ့တွဲခဲ့တာဖြစ်ပါတယ်။

Source: mirror

shwemom

SHARE