Fantastic Beasts က နေ Johnny Depp နုတ်ထွက်လိုက်ရတဲ့ အပေါ် Fan တွေ ဒေါပွနေကြ

Image:IG/fantasticbeastsmovie & Depp

မင်းသားကြီး Johnny Depp က တော့ Fantastic Beasts စီးရီးတွေ မှာ ဆက်လက်ပါဝင် နိုင်တော့ မှာ မဟုတ်ပါဘူး။ဒီအ ကြောင်းကို လည်း သူ့ရဲ့ Instagram က နေ တရားဝင် အသိ ပေးခဲ့တာပါ။ကမ ၻာေ ကျာ် Entertainment company  တစ်ခု ဖြစ်တဲ့ Warner Bros ဘက်က နေ ဒီစီးရီးက နေ သူ့ကို နုတ်ထွ က်ပေးပါလို့ တောင်းဆိုလာတဲ့ အတွက် ကြောင့် အခုလို မျိုး ဆုံးဖြတ်ရတာပါလို့ လည်း Johnny Depp က ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပါတယ်။ Johnny Depp  ရဲ့ တရားဝင် ကြေညာချက် အြေ ကာင်းကို တော့ theguardian သတင်း မှာ ဖော်ပြထားတာပါ။

The Sun နဲ့ တရားရင်ဆိုင်မှုမှာ ရှုံးနိမ့်ပြီးနောက် ရက် အနည်းငယ်အကြာမှာ ပဲ ဒီအကြောင်းကို သူ့ရဲ့ IG က နေ တရားဝင် ကြေညာခဲ့တာပါ။ The Sun နဲ့ က တော့ ဇနီးဟောင်း Amber Heard  ကို ကိုယ်ထိလက် ရောက် နှိပ်စက် ညှဉ်း ပမ်း တယ်ဆိုပြီး ဖော်ပြတဲ့ အပေါ် အသားရေ ဖျက်မှု နဲ့ တရားစွဲ ခဲ့ တာပါ။ဒါပေမယ့်လည်း ဒီအမှုမှာတော့ Johnny Depp ဘက်ကနေ ရှုံး နိမ့်သွားခဲ့ရတာပါ။” ခင်ဗျားတို့ ကို သိစေချင်တာက Fantastic Beasts ရုပ်ရှင်စီးရီး ထဲက Grindelwald ဇာတ်ကောင် နေရာ ကို စွန့်လွှတ်ပေးဖို့ Warner Bros ဘက်က တောင်း ဆိုခဲ့တာပါ။ကျွန်တော် လည်း ဒီတောင်းဆို မှု ကို လေးစား သဘော တူ ပေးခဲ့တာပါ..” လို့ သူ့ရဲ့ IG မှာေ ရး ထားခဲ့ပါတယ်။ Fantastic Beasts  နဲ့ ပတ်သက်ပြီး Warner Bros ဘက်ကလည်း ဒီသတင်းမှန်ကန် ကြောင်း အတည်ပြု ခဲ့ပြီး Johnny Depp ရဲ့  Grindelwald ဇာတ်ကောင် နေရာ  အတွက် လူ အပြောင်းအလဲ လုပ်မယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Johnny Depp (@johnnydepp) on

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း တုန်း ကလည်း မိန်း ကို ရိုက်တဲ့ ယောက်ျား ဆိုပြီး The Sun ရဲ့ ဖော်ပြချက် အတွက် အသရေ ဖျက်မှုနဲ့ တရားစွဲ ခဲ့ ပေမယ့်လည်း ဒီပွဲမှာ Depp ရှုံး ခဲ့ရပါတယ်။ Mr Depp ဘက်က နေ Ms Heard အပေါ် ကိုယ်ထိ လက်ရောက်ကျူးလွန်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား တွေ့ ခဲ့တယ်လို့ တရားရုံးက နေ ဆုံးဖြတ် ခဲ့ပါတယ်။ သူ အပြစ်ကင်းတဲ့ အ ကြောင်းကို သက်သေ ပြဖို့ အတွက် ဆက်ပြီး တရားရင်ဆိုင်မှုတွေ ပြုလုပ် သွားမယ်လို့ လည်း ပြော ခဲ့ပါတယ်။ အယူခံဝင်သွားဖို့ စီစဉ် ထား တယ်လို့ ပြောခဲ့ပါတယ်။”ကျွန်တော့်ကို မှားယွင်းစွပ်စွဲ တယ်ဆိုတာကို သက်သေ ပြဖို့ ဆုံးဖြတ် ထားတယ် လို့ ပြောခဲ့ပါတယ်။

Fantastic Beasts 3 ကို တော့ မတ်လ တည်းက ရိုက်ကူးရေးစဖို့ လုပ်ခဲ့ပေမယ့် ကိုဗစ် ကြောင့် ရွှေ့ဆိုင်းခဲ့ရတာပါ။ပြီးခဲ့တဲ့ စက်တင်ဘာ တုန်းက တော့ ရောဂါ အတွက် ကာကွယ်မှု အစီအစဉ်တွေ သေချာ လုပ်ပြီး ပြန်စ တယ်လို့ သတင်းထွက် ခဲ့ပေမယ့် အဲ့ဒီမှာ Jude Law ၊ Eddie Redmayne တို့ နဲ့ အတူ Depp တစ်ယောက် ရိုက်ကူးရေးတွေ လုပ်ခဲ့လား မလုပ်ခဲ့ဘူး လားဆိုတာက တော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။Fantastic Beasts 2 ရုပ်ရှင် ကား Fantastic Beasts : The Crimes of Grindelwald တုန်းက ကတော့ Box Office မှာ 654.9 သန်း ၀င် ငွေ ရခဲ့ပါတယ်။ Fantastic Beasts 3 မှာတော့ Depp ကို ဆက်ပြီး မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

 

View this post on Instagram

 

The moment has come. #FantasticBeasts: The Crimes of Grindelwald in theaters November 16.

A post shared by Fantastic Beasts (@fantasticbeastsmovie) on

#SHWEMOM

SHARE