အလုပ်ထွက်ပြီး laptop တစ်လုံးနဲ့ ကမ္ဘာအနှံ့သွားရင်း သန်းကြွယ်သူဌေးဖြစ်လာသူ

“Onestep4ward” အမည်ရှိ ခရီးသွားဘလော့ဂ်တစ်ခုကို တည်ထောင်ထားတဲ့ ဂျွန်နီဝါ့ဒ်ဆိုသူဟာ ၀ါသနာပါတဲ့ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ရင်းနဲ့ ဒေါ်လာသန်းချီပြီး ရှာဖွေနိုင်ခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၀ါ့ဒ်က သူဟာ အရင်တုန်းက ဆေးသုတေသနအပြင် အလုပ်ပေါင်းများစွာကို လုပ်ခဲ့ဖူးကြောင်း ဆိုပါတယ်။

onestep4ward

(၂၀၀၉)ခုနှစ်မှာတော့ ၀ါဒ့်ဟာ သြစတေးလျမှာ တစ်လဒေါ်လာ(၂၀,၀၀၀) ရတဲ့ အရောင်းပိုင်းဆိုင်ရာ အလုပ်တစ်ခု ရခဲ့ပါတယ်။ ထိုအလုပ်က အာမခံချက်ရှိပြီး လစာကောင်းပေမယ့် ၀ါ့ဒ်ဟာ (၆)လအကြာမှာ အလုပ်ထွက်ခဲ့ပါတယ်။  ၀ါ့ဒ်ကတော့ သူက ကိုယ့်စိတ်တိုင်းကျမဟုတ်ပဲ သူများဝန်ထမ်းအဖြစ် အလုပ်,လုပ်နေရတာကို ဆက်မလုပ်ချင်တော့ဘူးလို့ ပြောပြပါတယ်။

onestep4ward

ဝါ့ဒ်ဟာ နည်းပညာပိုင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံနည်းနည်းပဲ ရှိပေမယ့် ခရီးသွားဘလော့ဂ်တစ်ခုကို ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Step4ward လို့အမည်ပေးထားတဲ့ ဘလော့ဂ်ဟာ နောက်ပိုင်းမှာ step4wardmedia လို့အမည်တွင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပါတော့တယ်။

READ
တည်းခိုရင်း လေယာဉ်မောင်းအတွေ့အကြုံပါ တစ်ပါတည်းခံစားနိုင်မယ့် တိုကျိုဟိုတယ်
onestep4ward

(၃)နှစ်အတွင်းမှာပဲ ၀ါ့ဒ်ဟာ နိုင်ငံပေါင်း(၁၅၂)နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ တစ်နေ့ကို ဒေါ်လာ(၁,၀၀၀)ရရှိခဲ့ပြီး အခုအခါမှာတော့ ဒေါ်လာ(၁)သန်းပိုင်ဆိုင်နေပြီးဖြစ်ပါတယ်။ ၀ါ့ဒ်ဟာ ခရီးသွားရင်းကြားထဲက တစ်ပတ်မှာ နာရီအနည်းငယ် အချိန်ပေးပြီး အွန်လိုင်းပေါ်က ပါတနာတွေနဲ့ ဆက်သွယ်အလုပ်,လုပ်လေ့ရှိပါတယ်။ နောက်ထပ် ၀ါ့ဒ်နဲ့ပတ်သက်ပြီး အားကျစရာကောင်းတဲ့အချက်က သူ့ချစ်သူကောင်မလေးဟာ ချစ်စရာကောင်းတဲ့ လေယာဉ်မယ်တစ်ဦးဖြစ်နေပြန်ပါတယ်။

onestep4ward

ဝါ့ဒ်က “ကျွန်တော်က ငွေရေးကြေးရေးအဆင်ပြေတဲ့ မိသားစုကနေ မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုက်ဆံတန်ဖိုးကို ကျွန်တော် သိပ်နားလည်ပါတယ်။ ငယ်ငယ်တုန်းကလို ပိုက်ဆံမရှိတဲ့ အဖြစ်မျိုး ပြန်မရောက်ချင်ပါဘူး။” လို့ဆိုခဲ့ပါတယ်။ ၀ါ့ဒ်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေကို လှည့်လည်သွားလာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

onestep4ward

လင်းလင်း (ShweMom)

Ref: Elitereaders

SHARE