ဖုန်းထဲမှာ ညစ်ညမ်းဓာတ်ပုံ(၄)ပုံ ထည့်ထားမိလို့ အဖမ်းခံခဲ့ရတဲ့အမျိုးသား

star online

သင့်ဘ၀မှာ ကိုယ်သုံးနေတဲ့ ဖုန်းတစ်လုံးကြောင့် အဖမ်းခံပြီး ထောင်နန်းစံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးမို့လား။ ကိုယ့်ရဲ့ လျို့ဝှက်ချက်မှန်သမျှကို ဖုန်းထဲမှာ ထည့်ထားပြီး Password လေး ခံထားလိုက်တာနဲ့ အားလုံး လုံခြုံပြီလို့ ထင်နေကြတယ်မို့လား။ တကယ်တော့ သင့်လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းတစ်လုံးဟာ သင့်ရဲ့တစ်ဘ၀လုံးကို ပြောင်းလဲသွားအောင် လုပ်နိုင်ပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံမှာသာ သင်နေထိုင်ခဲ့မယ်ဆိုရင်ပေါ့…။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အဖြစ်က တကယ့်ကို ကြေကွဲစရာပါ။ သူက အသက် (၂၅)နှစ် ရှိပြီဖြစ်ပြီဖြစ်ပြီး အလုပ်လက်မဲ့တစ်ယောက်ပါ။ သူက သူ့ရဲ့ဖုန်းထဲမှာ အပြာကားတွေထဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံ (၄)ပုံကို သိမ်းထားခဲ့မိပြီး အဲဒါကို ရဲတွေအရှေ့မှာ ထုတ်ပြခဲ့မိတယ်။

star online

မလေးရှားနိုင်ငံမှာတော့ ဖုန်းထဲမှာ ညစ်ညမ်းကားတွေ၊ ညစ်ညမ်းဓာတ်ပုံတွေကို သိမ်းဆည်းထားရင် ဥပဒေအပိုင်း(၂၉၂)နဲ့ ငြိစွန်းပြီး ထောင်ဒဏ် (၃)နှစ် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်နဲ့ငွေဒဏ် နှစ်မျိုးစလုံး ကျခံရနိုင်တဲ့ ဥပဒေပါ။ ဒီဥပဒေအရတော့ လူတစ်ယောက်ရဲ့ ဖုန်းထဲမှာ ညစ်ညမ်းကားတွေ ၊ ညစ်ညမ်းဓာတ်ပုံတွေ ရှိနေမယ်ဆိုရင် အဲဒါတွေကို ဖြန့်ဖြူးမှု၊ သိမ်းဆည်းထားမှုတို့နဲ့ အရေးယူခံရမှာဖြစ်ပြီး စွဲချက်တင်ခံရမှာပါ။

READ
ကလေးငယ်ကို ရေကူးတတ်စေဖို့ ရေထဲကိုပစ်ချတဲ့ဖခင် ဝေဖန်မှုများစွာခံနေရ

ဒီအမျိုးသားရဲ့အမှုဟာ (၂၀၁၉) မတ်လ (၁၉)ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူက အနားမှာ ရဲတွေရှိနေတာကို သတိမထားမိပဲ သူငယ်ချင်းဖြစ်သူကို အဲဒီ ညစ်ညမ်းပုံတွေ ပြနေမိခဲ့တာပါ။

ဒီအမှုက လတော်တော်ကြာ စစ်ဆေးနေခဲ့ရပြီး လာမယ့် (၂၀၂၀)မတ်လ (၁၇)ရက်မှာမှ အမိန့်ချမှာဖြစ်ပါတယ်။

star online

ဒီဖြစ်ရပ်ကြောင့် မလေးရှားနိုင်ငံမှာ တော်တော်လေး ပွက်လောရိုက်သွားခဲ့ပြီး ဒီဥပဒေနဲ့ပတ်သက်လို့ ဝေဖန်သူတွေ အများကြီး ရှိခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကံဆိုးလှတဲ့အမျိုးသားကတော့ ညစ်ညမ်းဓာတ်ပုံလေး (၄)ပုံကြောင့် စိတ်ညစ်စရာအခြေအနေတွေ ရင်ဆိုင်ခဲ့ရပါပြီ။ သင်တို့လည်း ကိုယ့်ဖုန်းလေးကိုယ် လုံလုံခြုံခြုံထားကြဦးနော်…။

Linn

SHARE