Cosplay အ၀တ်အစားကြောင့် ဝေဖန်ပြောဆိုခံခဲ့ရတဲ့ Beery Good အဖွဲ့ ရဲ့ Johyun

K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Berry Good က Johyun ဟာ League of Legends ထဲက ဇာတ်ကောင်တွေလို cosplay လုပ်ခဲ့ပြီး အခုဆို အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

allkpop/twitter

အဆိုတော်ဟာ OGN’s “Game Dolympic 2019: Golden Card” ဂိမ်းပွဲမှာ League of Legends ထဲက မြေးခွေ ဇာတ်ကောင် Ahri ရဲ့ ပုံစံအတိုင်း ဖန်တီးဝတ်ဆင်ခဲ့တာဖြစ်ကြောင်း South China Morning Post ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ဒီလိုမျိုး သူမ၀တ်ဆင်ခဲ့တဲ့ အပေါ် တစ်ချို့က ဖော်တယ်၊ အရှက်ကင်းမဲ့တယ်ဆိုပြီး ပြောဆိုလာမှုတွေရှိခဲ့ပါတယ်။

READ
ရဲရဲနီတဲ့ဖက်ရှင်နဲ့ ညို့အားပြင်းအလှကို ထုတ်ပြလိုက်တဲ့ ရှင်ယွန်းမြတ်
allkpop/twitter

ဒါပေမယ့် Beery’s Good အဖွဲ့ရဲ့ သက်ဆိုင်ရာတွေကတော့ ဒီ ၀တ်စုံဟာ ပွဲစီစဉ်သူတွေ သူတို့ဟာနဲ့ သူတို့ ပြင်ဆင်ပေးတာဖြစ်ကြောင်း AsiaOne က ဖော်ပြထားပါတယ်။

Johyun ရဲ့ ပရိတ်သတ်တွေဟာလည်း သူမဟာ ဇာတ်ကောင်အတိုင်း အတိအကျ ပုံဖော်ထားတာဖြစ်တယ်လို့ ခုခံပြောဆိုနေကြတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ဖြစ်ပျက်ပြီးတဲ့နောက်မှာ Johyun ကိုယ်တိုင်က အင်စတာဂရမ်မှာ ဖြေရှင်းခဲ့ပြီး သူမရဲ့ ပရိတ်သတ်တွေကို အားပေးတာ ရပ်တည်ပေးတာအတွက် ကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။

https://www.instagram.com/p/BxSnHfAgfY6/?utm_source=ig_embed

သူမဟာ လူသားတစ်ယောက်ဖြစ်ပြီး ဝေဖန်မှုတွေ၊ အားပေးမှုတွေကြား အတွေးတွေ ခံစားချက်တွေ ယှက်လိမ်ခဲ့ရတယ်။ ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီး စိတ်ပျက်စရာကောင်းတယ်လို့ တွေးမိတဲ့ အခိုက်အတန့်တွေရှိတယ်၊ ဒါတွေ မပြီးမချင်း အတွေးတွေနဲ့ ခံစားချက်တွေ အကုန် ရောထွေးနေတယ်၊ ကိုယ့်ကို အားပေးပြီး ရင်ဆိုင်နေရတယ်။ အခုလို နွေးထွေးတဲ့ အားပေးထောက်ခံမှုတွေရရှိခဲ့တဲ့အတွက် မျက်ရည်ကျရတဲ့အထိဖြစ်ခဲ့တယ်၊ အားလုံး ကျေးဇူးတင်ပါတယ်ဆိုပြီး သူမက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

READ
ချစ်သူကို မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ Dj Push

Matthew (ShweMOM)

SHARE