R-rated ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာတဲ့ Joker

WarnerBros/Joker

ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်တုန်းက မြန်မာနိုင်ငံမှာရော၊ ကမ္ဘာမှာရော ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ Joker ရုပ်ရှင်ဟာ အခုအချိန်မှာ R-rated ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး၊အကြမ်းဆုံး ရုပ်ရှင်ကားတစ်ကားဖြစ်လာခဲ့ပါပြီ။ Joker ရုပ်ရှင်ရဲ့ ရုံတင်ဝင်ငွေဟာ အောက်တိုဘာ(၂၅)ရက်နေ့ကအထိ အမေရိကန်ဒေါ်လာ ၇၈၅.၅ မီလျံအထိ ရှိနေပါတယ်။ R-rated ရုပ်ရှင်ကားတွေထဲမှာ သူ့နောက်မှာတော့ Deadpool က အမေရိကန်ဒေါ်လာ ၇၈၂မီလျံ၊ Deadpool 2 က ၇၈၅.၀၅ မီလျံ  အသီးသီး တို့ရှိနေပါတယ်။

Joker ရုပ်ရှင်ထွက်မလာသေးခင်အချိန်မှာ ဝင်ငွေအကြမ်းဆုံးr-rated ရုပ်ရှင်နေရာမှာ Deadpool 2 က ရှိနေခဲ့တာပါ။ Deadpool 2 က ထိပ်ဆုံးနေရာမှာ ရှိနေတယ်ဆိုပေမယ့်လို့ ကလေးငယ်များ ကြည့်ရှု့နိုင်အောင်အတွက် သတ်တာဖြတ်တာတွေ မပါဝင်တဲ့ PG-13 ရုပ်ရှင်ကို နောက်တစ်ကြိမ်ထပ်ပြီး ရုံတင်ခဲ့လို့သာ ဒီနေရာကို ရောက်ရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တကယ်လို့  Deadpool 2 ရဲ့ PG-13 ဗားရှင်းကိုသာ ထည့်မတွက်ရင် Joker ကတော့ ထိပ်ဆုံးနေရာမှာ လွတ်လွတ်ကျွတ်ကျွတ်ရောက်ရှိသွားပါပြီ။

Fox/Deadpool

ဒါဟာ ရုံတင်ပြသပြီး အချိန်ခဏလေးအတွင်းမှာ ထွက်ရှိလာတဲ့ ရလဒ်တွေဖြစ်ပြီး Joker ရုပ်ရှင်ကို ဆက်လက်ပြသနေတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် သူ့ရဲ့ဝင်ငွေဟာလည်း ပိုပြီး တိုးလာဖို့ရှိပါတယ်။ အောက်တိုဘာ(၂၉)ရက်နေ့အထိ ရုံဝင်ငွေက အမေရိကန်ဒေါ်လာ (၈၅၂)မီလျံ ရရှိနေပါတယ်။ အမေရိကန်ဒေါ်လာ မီလျံ (၉၀၀) လောက် ထိ ရရှိမယ်လို့ မျှော်လင့်နေကြပါပြီး ၁ဘီလျံအထိလည်း အချိန်မရွေးဖြစ်သွားနိုင်တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

 

ဒီလို Joker ရုပ်ရှင်ဟာ Deadpool ရုပ်ရှင်ကားတွေကို ကျော်တက်ပြီး ဝင်ငွေအကြမ်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့အတွက် Deadpool သရုပ်ဆောင်ဖြစ်တဲ့ Ryan Reynolds ဟာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ချီးကျုးစကားပြောဆိုထားပါတယ်။

R-Rated  ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားဆယ်ကားစာရင်းကိုပါ ဖော်ပြလိုက်ပါတယ်။

(၁) Joker 

READ
ဓါတ်ပုံနဲ့တင်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိနေတဲ့ "စပွန်ဆာ" ရုပ်ရှင်ဇာတ်ကားကြီး

(၂) Deadpool 2

(၃) Deadpool

(၄) The Matrix Reloaded

(၅) It

(၆) Logan

(၇) The Passion of the Christ

(၈) The Hangover Part II

(၉)Fifty Shades of Grey

(၁၀) Ted

 

YYK

SHARE