Brad Pitt နဲ့ ကွာရှင်းခဲ့တဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့တဲ့ Angelina Jolie

[email protected] [email protected]_offiicial

တစ်ချိန်တုန်းကတော့ Brad Pitt နဲ့ Angelina Jolie တို့စုံတွဲဟာ Hollywood ရုပ်ရှင်လောကသားတိုင်းကော၊ လူတော်တော်များများကော အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အတူတူရှိခဲ့ကြတာ အနည်းဆုံး ၁၀ နှစ်ကျော်ရှိပါတယ်။ ၇ နှစ်ကြာတွဲလာပြီးနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ တရားဝင်စေ့စပ်ခဲ့ပြီး ၂၀၁၄ သြဂုတ်လ ၂၃ ရက်နေ့မှာ တရားဝင်လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာပဲ Jolie ဘက်ကနေ ကွာရှင်းခွင့်တရားဝင် တောင်းဆိုခဲ့ပါတယ်။ အခုလည်း Jolie ဟာ ဘာကြောင့်သူမနဲ့ Brad Pitt တို့ ကွာရှင်းခဲ့ရတာလဲဆိုတဲ့အကြောင်းအရင်းကို ဖွင့်ပြောခဲ့ကြာင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CBBhIxRJ10j/

Jolie နဲ့ Brad Pitt တို့ တစ်ဦးနဲ့တစ်ဦး စတွေ့ခဲ့တာကတော့ ၂၀၀၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Mr. & Mrs. Smith ဇာတ်ကားမှာပါပဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းက Brad Pitt ဟာ နာမည်ကြီးမင်းသမီး Jennifer Aniston နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ဆိုင်တာလားတော့မသိပါဘူး။ Jolie နဲ့ စတွေ့တွေ့ပြီးချင်း တစ်နှစ်လောက်အချိန် ၂၀၀၅ ခုနှစ်မှာ Brad Pitt ဘက်ကနေပြီးတော့ Jennifer နဲ့ ကွာရှင်းဖို့ စတင် ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ ဧပြီလထဲမှာပဲ Brad Pitt ရယ်၊ Jolie နဲ့ Jolie သားလေး Maddox ရယ်နဲ့ ကင်ညာနိုင်ငံမှာ အတူတူတွေ့ခဲ့ရပါတယ်။

READ
ကမ်းခြေမှာ ဆွဲဆောင်မှုရှိရှိလှနေတဲ့ အေးငြိမ်းဖြူရဲ့ ပုံရိပ်များ

https://www.instagram.com/p/B8bs6mBn9ku/

၂၀၀၆ ခုနှစ်အစောပိုင်းမှာပဲ Jolie ဟာ Ethiopia နိုင်ငံက ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Zahara ကို မွေးစားခဲ့ပြီး သူနဲ့ Brad Pitt ဟာ ကလေးယူဖို့ အစီအစဉ်လဲရှိကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေးဖြစ်တဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး Shiloh လို့ အမည်ပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မတ်လလောက်မှာတော့ Vietnam နိုင်ငံက Pax လို့ အမည်ရတဲ့ ကောင်လေးတစ်ယောကို ထပ်မံမွေးစားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Jolie နဲ့ Brad Pitt တို့ရဲ့ ရင်သွေးအမွှာဖြစ်တဲ့ Vivienne နဲ့ Knox တို့ကို မွေးဖွားခဲ့ပြီး Jolie နဲ့ Brad Pitt တို့မှာ သားသမီး ၆ ယောက်အထိ ရှိခဲ့ပါတယ်။

READ
ကင်ဆာရောဂါခံစားနေရတဲ့ Kim Woo Bin
Youtube

“ လမ်းခွဲရတဲ့ အဓိက အကြောင်းအရင်းကတော့ ကိုယ်ရဲ့ ရင်သွေးတွေအပေါ်မှာ Brad Pitt က လုံးဝအာရုံမထားခဲ့ပါဘူး။ တစ်စက်လေးမှကို ဂရုမစိုက်ခဲ့တာပါပဲ။ လူသူအရှေ့၊ မီဒီယာတွေအရှေ့ရောက်ရင်တော့ တော်တော်ဂရုစိုက်ပြပြီး အိမ်မှာနေရင်တော့ လုံးဝကို လှည့်တောင်မကြည့်ပါဘူး။ သူ့အဲဒီအကျင့်ကို ကျွန်မလုံးဝမကြိုက်ပါဘူး။ သားသမီး ၆ ယောက်စလုံးက နှစ်ဦေးသဘောတူ မွေးစားခဲ့ကြသလို ကိုယ်တိုင်လဲ မွေးခဲ့ရတာပါ။ ကလေးတွေကို လုံးဝဂရုမစိုက်လို့ ကျွန်မဘက်ကနေ ကွာရှင်းခွင့် စတောင်းခဲ့တာပါ” လို့ Jolie က ပြောကြားခဲ့ပါတယ်။

View this post on Instagram

#angelinajolie ❤

A post shared by Angelina Jolie (@angelinajolie_offiicial) on

Pyi Hein Kyaw

SHARE