GOT နောက်ဆုံးပိုင်းအတွက် ဇာတ်ညွှန်းဖတ်ပြနေတုန်း ငိုသွားခဲ့တဲ့ Jon Snow

shutterstock, HBO

GOT လို့ လူသိများကြတဲ့ Game of Thrones ဟာ HOB ရုပ်သံလိုင်းကနေတစ်ဆင့် တစ်ကမ္ဘာလုံးအနေအထားနဲ့ ရိုက်ကူးနေခဲ့တာ ၁၀ နှစ်နီးပါးရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှစလို့ ၂၀၁၉ ခုနှစ် မေလ ၁၉ ရက်နေ့အထိ တစ်နှစ်ပြီး တစ်နှစ်ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ ပိုပိုရနေခဲ့တာပါ။

လက်တလော Game of Thrones ရဲ့ အစမ်းလေ့ကျင့်ခဲ့ကြစဉ်တုန်းက HBO မှ လွှင့်ခဲ့တဲ့ အခိုက်အတန့်ဗီဒီယိုလေးတစ်ခုဟာ လူမှုကွန်ယက်တွေပေါ်မှာ ခေတ်စားနေခဲ့ပါတယ်။ ဗီဒီယိုထဲမှာ GOT အဖွဲ့သားတွေအကုန်လုံးကို ပုံမှန်အဝတ်အစားတွေနဲ့ မြင်တွေ့နေရပြီး စားပွဲတစ်ခုမှာ ဝိုင်းထိုင်နေခဲ့ကြပါတယ်။

shutterstock

ရုပ်ရှင်ထဲ ဇာတ်ကောင်တစ်ခုချင်းစီအလိုက် ပြောရမယ့်စကားတွေနဲ့ ဇာတ်ညွှန်းကို တွဲဖက်ပရိုဂျူဆာ Byran Cogman က ရှင်းပြနေတာနေခဲ့တာပါ။ ဒါဟာ ရုပ်ရှင်တစ်ကားရိုက်တော့မယ်ဆိုရင် ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်လို့ ဘာမှ ထူးခြားချက်မရှိပေမယ့် ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ သရုပ်ဆောင်တစ်ယောကက်ရဲ့ အပြုအမူကြောင့် လူတွေကြားထဲ လျှင်လျှင်မြန်မြန်ပျံ့နှံ့သွားခဲ့တာပါ။

Jon Snow အဖြစ် သရုပ်ဆောင်ရတဲ့ မင်းသား Kit Harrington ဟာ နောက်ဆုံးအနေနဲ့ ကြီးကြီးမားမားသရုပ်ဆောင်ရမယ့် ဇာတ်ကွက်ကိုလည်း သိရရော အံ့သြပြီး စိတ်ခံစားချက်တွေပြင်းထန်ကာ ဇာတ်ညွှန်းဖတ်ပြပြီး အစမ်းလေ့ကျင့်နေတုန်း ငိုပါငိုချပစ်ခဲ့တာကို ဗီဒီယိုထဲ မြင်တွေ့ခဲ့ရပါတယ်။

READ
သမီးလေးရတော့မှာဖြစ်လို့ ဝမ်းသာမျက်ရည်ကျလောက်တဲ့အထိ ပျော်ခဲ့တဲ့ စန္ဒီမြင့်လွင်

ဗီဒီယိုထဲပါဝင်နေတဲ့ အကြောင်းအရာကို ပြန်ပြောရမယ်ဆိုရင်တော့ တွဲဖက်ပရိုဂျူဆာဟာ ” ပုလ္လင်ရှေ့မှာမတ်တပ်ရပ်နေတဲ့ ဇာတ်ကောင် Daenerys ဟာ သူမချစ်တဲ့အမျိုးသားကို အနမ်းပေးဖို့အတွက် ရှေ့တိုးလာခဲ့ပါတယ်။ ပြီးပြည့်စုံနဲ့အနမ်းတစ်ခုကို ဖန်တီးဖို့အတွက် Daenerys ရော Jon Snow ရော မျက်လုံးတွေစုံမှတ်ထားခဲ့ကြပြီး သူ့ရဲ့လက်ဟာ သူမရဲ့ခေါင်းအနောက်ကို ကိုင်ရင်း၊ သူမရဲ့လက်ကလေးကတော့ သူ့ရဲ့ပါးပေါ်ကို ကြင်နာစွာကိုင်ထားတဲ့အချိန်၊ ရုတ်တရက် Daenerys ရဲ့ မျက်လုံးပွင့်လာခဲ့တယ်။ ရင်ဝနားက စူးရှပြီး ပူစပ်စပ်ဖြစ်နေတဲ့ ခံစားချက်ကို ခံစားရပြီး လေတစ်ချက်ရှူသွင်းလိုက်မယ်။” ဒီစကားတွေပြောနေတုန်းမှာတင် သရုပ်ဆောင် Kit Harrington ရဲ့ မျက်နှာမှာ အံ့သြခြင်းပေါင်းများစွာနဲ့ ပြည့်နှက်နေခဲ့ပြီး အသက်ခပ်ပြင်းပြင်းရှူသွင်းကာ ခုံနောက်ကျောကို မှီရင်းဆက်နားထောင်နေခဲ့ပါတယ်။

HBO

ပါးစပ်အဟောင်းသားနဲ့ဖြစ်နေတဲ့ Kit Harrington တစ်ယောက် တွဲဖက်ပရိုဂျူဆာပြောတဲ့ စကားတွေကို အာရုံတစိုက်နားထောင်နေပြီး တွဲဖက်ပရိုဂျူဆာမှ စကားဆက်ကာ “မျက်လုံးဖွင့်လာတဲ့ Jon Snow ဟာ မျက်လုံးထဲမှာ မျက်ရည်တွေအပြည့်နဲ့ မလှုပ်မယှက်ရပ်နေရမယ်” လို့ပြောခဲ့ပါတယ်။ Jon Snow သရုပ်ဆောင်ကတော့ စိတ်လှုပ်ရှားနေလို့ပဲလားမသိဘူး၊ လက်ကိုခေါင်းပေါ်တင်ကာ ဇာတ်ကောင် Daenerys ကို သတ်မယ့်သူဟာ သူမှဟုတ်ပါ့မလားဆိုပြီး တွေးနေပုံပေါက်နေပါတယ်။

READ
တည်ကြက် ရုပ်ရှင်ရိုက်ကွင်းသို့ အလည်သွားခဲ့တဲ့ သားငယ်

တွဲဖက်ပရိုဂျူဆာ Bryan ဆီကနေ Daenerys ကို သတ်မယ့်လူဟာ Jon Snow ပါလို့ အတိအလင်းပြောခဲ့ပြီးတဲ့အနောက်မှာတော့ မင်းသား Kin Harrington ဟာ အနောက်ကိုပစ်ထိုင်ခဲ့လိုက်ပြီး ပါးစပ်အုပ်ကာ မျက်ရည်တွေဝဲလာပါတော့တယ်။ Kin ရဲ့ စိတ်ခံစားချက်လွယ်နေတဲ့ အပြုအမူတွေကို ကြည့်ရင်း Sansa Stark နေရာမျာ သရုပ်ဆောင်ခဲ့တဲ့ Sophie Turner နဲ့ The Hound တစ်ဖြစ်လည်း Rory McCann တို့က သဘောကျကာ ရယ်နေခဲ့ကြပုံကို ဗီဒီယိုထဲကြည်နူးစွာမြင်တွေ့ခဲ့ရပါတယ်။

Penny

 

SHARE