Disney ရဲ့ ရေသူမလေးရုပ်ရှင်အတွက် ရွေးချယ်ခံခဲ့ရတဲ့ မင်းသားသစ် Jonah Hauer-King

[email protected]

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဖြန့်ချီခဲ့တဲ့ Disney ရဲ့ The Little Mermaid ကာတွန်းဟာဆိုရင် ကျွန်တော်တို့ငယ်ငယ်တုန်းကတည်းက ကလေးတွေနဲ့လူငယ်တွေကြား နာမည်ကြီးလာခဲ့တာ ယနေ့ခေတ်အထိပါပဲ။ ဆံပင်နီရဲရဲ၊ အမြီးစိမ်းစိမ်းလေးကိုပိုင်ဆိုင်ထားပြီး မျက်လုံးအဝိုင်းသားလေးရှိတဲ့ ရေသူမလေး Ariel ကို Disney ကနေပြီး live action ပြန်ရိုက်တော့မယ်ကြားတော့ တော်တော်လေး ရင်ခုန်ခဲ့ရပါတယ်။

ငယ်တုန်းက ကြိမ်ဖန်များစွာကြည့်ခဲ့ရတဲ့ ကာတွန်းလည်းဖြစ်၊ ရေသူမကို CGI effect တွေ၊ လူစင်စစ်တွေသုံးကာ မြင်ရတောမယ်ဆိုတော့လေ။ နောက်တစ်ခု ရင်ခုန်ရတာကတော့ Ariel နေရာ၊ Prince Eric နေရာ၊ King Triton နေရာနဲ့ Ursula နေရာမှာ ဘယ်သူတွေကိုသရုပ်ဆောင်ဖို့ ရွေးမလဲဆိုတာကိုပါပဲ။

Ariel နေရာမှာကတော့ ပြီးခဲ့တဲ့ လတွေတုန်းက Halle Beiley ကို ရွေးလိုက်ပြီဆိုတာ အားလုံးသိထားကြမှာပါ။

ဒုတိယ casting အနေနဲ့ Disney ဖက်မှ တရားဝင်အတည်ပြုလိုက်တာကတော့ Prince Eric နေရာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကတော့ မျက်နှာသစ်တစ်ဦးဖြစ်တဲ့ Jonah Hauer-King ပါတဲ့။ ဒါကတော့ Twitter user တွေ တင်ထားခဲ့တဲ့ Jonah Hauer-King ရဲ့ ပုံလေးတွေပါ။ ဆံပင်ခပ်နက်နက်ကလေးရယ်၊ ပါးချိုင့်လေးတစ်ဖက်ရယ်ကတော့ မူရင်း The Little Mermaid ထဲက Prince Eric နဲ့ ချွတ်စွတ်တူနေခဲ့ပါတယ်။

Twitter-@uncoollove
Twitter-@READYF0RlT

တချို့ user တွေကတော့ Jonah Hauer-King ဟာ Prince Eric ဖြစ်ဖို့ တစ်ခုခုလိုနေသလိုပဲလို့ မှတ်ချက်ပေးထားခဲ့ကြပြီး တချို့ကျတော့လည်း အပိုအလိုမရှိကွက်တိပါပဲဆိုပြီး အားပေးနေခဲ့ကြပါတယ်။ Prince Eric နေရာအတွက် ဘယ်သူမှန်းတရားဝင်မပြောသေးခင်တုန်းက Disney ဟာ One Direction အဖွဲ့ဝင်ဖြစ်တဲ့ Harry Styles ကိုလည်း ကမ်းလှမ်းကာ casting ဝင်ခိုင်းဖူးသေးပြီး fan တွေတော်တော်များများက Harry နဲ့ Prince Eric ဟာ တော်တော်လေးကို ထပ်တူကျတယ်လို့ ပြောခဲ့တာတွေလည်း ရှိနေပြန်ပါသေးတယ်။

READ
အနီရောင်ဘီကီနီနဲ့ ဓါတ်ပုံရိုက်ကူးခဲ့တဲ့ Demi Rose
[email protected]

နောက်ထပ်တော့ King Triton နဲ့ ဘယ်သူတွေ ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ။ ဗီလိန် Ursula နေရမှာတော့ နာမည်ကျော် ဟာသမင်းသမီး Melissa McCarthy က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

The Little Mermaid/Disney

Penny

SHARE