ဂေဟာကို Pitbull ခွေးလေးကို မွေးစားခွင့်ရခဲ့လို့ အပျော်ကြီး ပျော်နေတဲ့ Jonah Hill

[email protected] jonahhill

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် မင်းသားတစ်ကြီးတစ်ဦးဖြစ်တဲ့ Jonah Hill ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ The Wolf of Wall Street, 21 Jump Street, Superbad, War Dogs, The Sitter အစရှိတဲ့ နာမည်ကျော် Hollywood ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ Jonah ဟာ ကျရာဇာတ်ရုပ်မှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ဦး ဖြစ်တဲ့အပြင် သူပါဝင်ခဲ့တဲ့ ဇာတ်လမ်းမှန်သမျှဟာ တော်တော်လေးကို ဟာသဆန်ပြီး ရယ်ရတဲ့ ဇာတ်ကားတွေပါပဲ။ အခုလည်း Jonnah ဟာ အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ စွန်ပစ်ခံ ခွေးမလေးတစ်ကောင်ကို မွေးစားခဲ့ကြောင်း သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Love Leo Rescue (@loveleorescue)

အဆိုပါ ခွေးမလေးကတော့ အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ Fig အမည်ရ Pitbull ခွေးအမျိုးအစားပဲ ဖြစ်ပါတယ်။ Fig ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့ရှိ Love Leo Rescue အမည်ရ တိရစ္ဆာန်ဂေဟာမှာ လာရောက်စွန့်ပစ်ခံခဲ့ရတဲ့ ခွေးမလေးပဲ ဖြစ်ပြီး သူ့ကို မွေးစားမယ့်သခင်ကို မျှော်လင့်နေရတဲ့ ခွေးမလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Jonah ကနေ Fig ကို တရားဝင်မွေးစားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Fig လေးဟာ Jonah နဲ့ အတူတူ နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၁.၁.၂၀၂၁)တုန်းက Jonah ဟာ သူ့ရဲ့ Instagram အကောင့်မှာ သူ့ရဲ့ မိသားစုဝင်အသစ်တစ်ယောက်ဖြစ်တဲ့ Fig ကို သူ့ရဲ့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

READ
PPE ၀တ်ရာမှာ Safe Side ဖြစ်ဖို့ ကြည့်မှန်တွေ လှူခဲ့တဲ့ ပိုးကြာဖြူခင်

 

 

View this post on Instagram

 

A post shared by Jonah Hill (@jonahhill)

“ကျွန်တော့်အနေနဲ့ Love Leo Rescue ကို တော်တော်လေး ကျေးဇူးတင်မိပါတယ်။ သူတို့ော့ာင့်ပဲ ကျွန်တော်ဟာ Fig လေးကို မွေးစားခွင့် ရခဲ့တာပါ။ Fig က တော်တော်လေးကို လူယဉ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ခွေးမလေးတစ်ကောင် ဖြစ်ပါတယ်။ တော်တော်လေးလည်း ဆော့ပြီး ကျွန်တာ့်ကိုလည်း အမြဲလိုလို အရိပ်တကြည့်ကြည့် ရှိနေတတ်တဲ့ ခွေးမလေးတစ်ကောင်ပါ။ ကျွန်တော့်အနေနဲ့ Fig ကို မွေးစားခွင့်ရလို့ တော်တော်လေးကို ပျော်မိပါတယ်”လို့ Jonah ဟာ သူ့ရဲ့ Instagram အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

READ
ဟောလိဝုဒ်ကားတွေမှာ သရုပ်ဆောင်ဖို့ အင်္ဂလိပ်စာ လေ့လာခဲ့တဲ့ ကိုရီးယားဆယ်လီများ
[email protected] jonahhill

Pyi Hein Kyaw

SHARE