ဇနီးချောတွေကို ထုတ်ကြွားထားတဲ့ Jonas Brothers ရဲ့ Sucker

Jonas Brothers ကတော့ အမေရိကန် Pop Band ပါ။(၂၀၀၅)မှာ စတင်ဖွဲ့စည်းထူထောင်ခဲ့တာပါ။Disney Channel television network မှာ ပါဝင်ခဲ့ပြီးနောက် နာမည်ကြီးလာခဲ့ကြတာပါ။အဲ့ဒီအဖွဲ့မှာတော့ ညီအစ်ကို သုံးယောက် Kevin Jonas, Joe Jonas,  Nick Jonas တို့ ပါဝင်ပါတယ်။Jonas Brothers ကတော့ သီချင်း သစ် မထွက်တာ (၁၀)နှစ်လောက်ရှိနေပါပြီ။(၁၀)နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် Sucker ဆိုတဲ့  သီချင်းသစ် တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။

youtube
youtube
youtube

MV မှာတော့ ညီအစ်ကိုသုံးယောက်လုံး Kevin, 31, Joe, 29 နဲ့  Nick, 26 တို့ဟာ သူတို့ရဲ့ ဆိုင်သူကိုယ်စီ နဲ့ အတူ ပါဝင်ခဲ့ကြတာပါ။Nick ကတော့ သူ့ရဲ့ ပူပူနွေးနွေးဇနီးလေး Priyanka Chopra  ကို Mv မှာ ထည့်သွင်း ထားပါ တယ်။Joe ကလည်း သူ့ရဲ့ ဇနီးလောင်း  Game of Thrones မင်းသမီးချော Sophie Turner  ၊Kevin ကတော့ သူ့ရဲ့ဇနီး Danielle နဲ့ အတူ MV မှာ အတူတွဲ သရုပ်ဆောင်ထားပါတယ်။

READ
မိခင်ဆီကို မက်ဆေ့ခ်ျမှားပို့မိလို့ ရယ်စရာဖြစ်ခဲ့တဲ့ရတဲ့ ဘက်ခမ်း
youtube
youtube
youtube
youtube

MV အစကိုတော့ အ၀ါရောက်ကားတစ်စီးက မောင်းဝင်လာတဲ့ အခန်းနဲ့ စထားပါတယ်။Jonas Brothers  တို့ ဖျော်ဖြေတင်ဆက်မှုတွေကိုတော့ သူတို့ရဲ့ ဆိုင်သူ Lady တွေက စောင့်ကြည့်အားပေးနေပါတယ်။Turner နဲ့ Danielle တို့ကတော့ ထူးခြားတဲ့ ၀တ်စုံတွေကို ၀တ်ဆင်ထားပါတယ်။အမျိုးသမီးတွေထိုင်နေတဲ့ ခုံနားမှာတော့ ယုန် တွေ အများကြီးဝန်းရံထားပါတယ်။Chopra ကတော့ Band ရဲ့ နောက်ကနေ ထွက်လာပြီး၊နေကာမျက်မှန်ကို ချွတ်ပြီး ခင်ပွန်းဖြစ်သူနား ဖြည်းဖြည်းချင်း အနားကပ်သွားတဲ့ ပုံမျိုးနဲ့ MV ကို စထားပါတယ်။

Source Dailymail

SHARE