ချစ်သူနဲ့ စေ့စပ်လိုက်တဲ့ အမေရိကန်မင်းသား Jonathan Bennett

Image:IG/Jonathan Bennett & Jaymes

မင်းသား Jonathan Bennett က တော့ သူ့ချစ်သူ TV Host Jaymes Vaughan နဲ့ စေ့စပ် လိုက်ပါပြီ။သူတို့ အတွဲရဲ့ ကြည်နူးစရာ ပုံရိပ်တွေကိုတော့ Instagram မှာ ဝေမျှ ထားပါတယ်။ Jonathan Bennett က တော့ “Mean Girls” ဇာတ်ကားထဲမှာ Aaron Samuels ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင် ထားတာပါ။ချစ်သူ Jaymes Vaughan က Surprise လုပ် ပြီး လက်ထပ် ခွင့် တောင်း ခဲ့တာကြောင့် Jonathan Bennett တစ်ယောက် ၀မ်းသာ မျက်ရည် တွေ တောင် ကျ ခဲ့ရပါတယ်။ဒီအကြောင်းကိုတော့ Page Six မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Jonathan Bennett (@jonathandbennett)

အသက် ၃၉ နှစ်အရွယ် Jonathan Bennett က တော့ က တော့ သူတို့တွေ မိသားစု ခရစ်စမတ်ကတ် ဓါတ်ပုံ ရိုက်ဖို့ အတွက် သွားကြရင်း နဲ့ ချစ်သူက Surprise လုပ်တာကို ခံခဲ့ရတာပါ။ညီမ လုပ်သူကေ န အပြင်အမြန် ထွက်လာ ဖို့ ခေါ် လို့ အပြေး ထွက်လာ ခဲ့ ချိန် မှာတော့ Jaymes ရဲ့ လက်ထဲမှာ ဆိုင်းဘုတ်အမှတ်အသား တစ်ခု ကိုင်ထားတာကို တွေ့လိုက်ရတယ်လို့် Jonathan Bennett က ပြောခဲ့ပါတယ်။”ကိုယ်တို့နှစ်ယောက် အတွက် သီချင်းကို တခါမှ မရှာခဲ့ဖူးဘူး။

 

View this post on Instagram

 

A post shared by Jonathan Bennett (@jonathandbennett)

ဒါကြောင့် ဒီသီချင်းကို မင်းအတွက် ရေး ခဲ့တာ လို့ ပြောတဲ့ အချိန် မှာပဲ လက်ထပ်ခွင့် တောင်းတယ်ဆိုတာကို သိလိုက်တာ.သူကျွန်တော့်ကို ချစ်တယ်လို့ ဖွင့်ပြော တုန်းက သူကိုင်ထားတဲ့ ဆိုင်း ဘုတ် သင်္ကေတ နဲ့ ပုံစံ တူတာကို ကိုင်ထားတာ. ပြီးတော့ ကျွန်တော် လည်း ငိုချ လိုက်တယ်။ငိုသမျှ ထဲ တော့ ရုပ် အဆိုးဆုံးပဲ..” လို့ သူ့ဘ၀ ရဲ့ ပျော်စရာအမှတ်တရ ကို ပြန်ဝေမျှ ခဲ့ပါတယ်။Vaughan က တော့ producer တစ်ယောက်နဲ့ အတူ ဒီသီချင်းသံစဉ်ကို ဖန်တီးခဲ့တာပါ။ Bennett တစ်ယောက် Hallmark Channel ရဲ့ “The Christmas House.” ရိုက်ကူးရေး အတွက် က နေဒါကို (၆) ပတ် လောက် ရောက် နေတဲ့ အချိန် မှာ ပြင်ဆင် ခဲ့တာပါ။

 

View this post on Instagram

 

A post shared by Jonathan Bennett (@jonathandbennett)

ချစ်သူက ဒူးထောက်လိုက်တဲ့ အချိန်မှာတော့ စိတ်လှုပ်ရှားတာရော ပျော်တာရော ပေါင်းပြီး အော်မိလိုက် လိုက်ကာ ချက်ချင်းပဲ Yes လို့ ပြန် ဖြေခဲ့ ကြောင်း Jonathan Bennett က ပြောခဲ့ပါတယ်။၂၀၂၀ အစောပိုင်းတည်းက Vaughan နဲ့ စေ့စပ်ဖို့ မျှော်လင့် ကြောင်း Bennett က ထုတ်ပြော ခဲ့ဖူးပါတယ်။ Jonathan Bennett က တော့ ၂၀၁၇ အောက်တိုဘာ တုန်းက သူဟာ Gay တစ်ယောက် ပါလို့ ထုတ် ပြော ခဲ့သလို Vaughan နဲ့ သူ တွဲနေတဲ့အ ကြောင်းကိုပါ တရားဝင်ချပြခဲ့တာပါ။အရင်တုန်းက တော့ မင်းသမီး Elizabeth Hendrickson နဲ့ 2001 – 2003 အထိ တွဲခဲ့ဖူးပါတယ်။၂၀၁၂ မှာတော့ American television personality အချော လေး Stephanie Pratt နဲ့ တွဲ ခဲ့ပါတယ်။၂၀၁၄-၂၀၁၅ အထိ က တော့ မင်းသား Matt Dallas နဲ့ တွဲခဲ့ဖူးပါတယ်။

 

View this post on Instagram

 

A post shared by Jonathan Bennett (@jonathandbennett)

#SHWEMOM

SHARE