ယုံကြည်မှုလွန်ကဲတာကြောင့် လူ(၁,၀၀၀)နီးပါး ပျော်ပျော်ကြီး သေပွဲဝင်ခဲ့ကြတဲ့ ဖြစ်ရပ်

(၉/၁၁) အရေးအခင်း မတိုင်ခင်အထိ အမေရိကန်သမိုင်းမှာ မြို့လုံးကျွတ် အကြီးမားဆုံး လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးအကြောင်းတွင်တွင် တရားဟောဖူးတဲ့ ဂိုဏ်းဆရာတစ်ယောက်က သူ့ရဲ့ဂိုဏ်းဝင်တပည့်တွေ အားလုံးကို ဆင်းရဲဒုက္ခတွေအပေါင်းက လွတ်ငြိမ်းချမ်းသာရအောင်လို့ဆိုပြီး အားလုံးကို ဆိုက်ယာနိုက်ဒ်အဆိပ် သောက်သုံးစေကာ မပြန်လမ်းကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

(Image: The Washington Post)

(၁၉၇၈)ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၄င်းအဖြစ်ဆိုးဟာ ဂူယာနာမြောက်ပိုင်း ဂျိုးစ်တောင်းမှာဖြစ်ခဲ့တာပါ။ ဂျိုးစ်တောင်းဟာ ဂိုဏ်းဆရာ ဂျင်မ်ဂျုံးစ်တည်ထောင်ထားတဲ့ People Temple ဂိုဏ်းအဖွဲ့သားတွေ စုစည်းနေထိုင်တဲ့ နေရာဖြစ်ပါတယ်။ မြို့လေးသဖွယ် ဖြစ်နေတဲ့နေရာမှာ ဂျင်မ်ဂျုံးစ်ကို ကိုးကွယ်ဆည်းကပ်ကြတဲ့ ဂိုဏ်းသူဂိုဏ်းသားပေါင်း (၉၀၉)ဦး နေထိုင်ကြပါတယ်။

(Image: Archive Photos)

ဂျင်မ်စ်ဂျုံးဟာ မြို့ကို အာဏာရှင်ဆန်ဆန်နဲ့ အကြမ်းဖက် အုပ်ချုပ်တာကြောင့် သူ့ရဲ့ဂိုဏ်းသားတွေက မြို့မှာ အစာရေစာရှားပါးပြီး ဒုက္ခရောက်နေကြောင်း လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လီယိုရွိုင်ယန်ကို တိုင်တန်းကြပါတယ်။ မြို့ကို လီယိုရွိုင်ယန်လာရောက်လည်ပတ်ပြီး အပြန်မှာ ဂျင်မ်ဂျုံးစ်ဟာ သူ့ရဲ့ဂိုဏ်းသားတွေကို လွှတ်တော်အမတ်နဲ့ နောက်ပါအဖော်တွေကို သတ်ဖြတ်ဖို့ စေခိုင်းခဲ့ပါတယ်။

READ
ကမ္ဘာ့အကြီးဆုံး၊ အကောင်းဆုံး ဇိမ်ခံရွက်လှေများ
Mirror

လူသေမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်မှာကို စိုးရိမ်တဲ့အတွက် ဂျင်မ်ဂျုံးစ်ဟာ သူ့ကိုကိုးကွယ်နေတဲ့ဂိုဏ်းသားတွေ အကုန်လုံးကိုပါ သတ်ဖြတ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဂျင်မ်ဂျုံးစ်ဟာ ဂိုဏ်းသားတွေ အကုန်လုံးကို စုရုံးဖို့ ဖိတ်ခေါ်ပြီး သူ့ရဲ့နိဗ္ဗာန်ရောက်ကြောင်း ၀ါဒကို စတင်ဟောပြော ပါတော့တယ်။

(Image: 3rd Party – Misc.)

အိပ်ဆေးနဲ့ ဆိုက်ဒ်ယာနိုက် ရောစပ်ထားတဲ့ ကော့တေးထဲကို စပျစ်အရသာပေါ်အောင် ဖျော်စပ်ပြီး မိခင်တွေနဲ့ကလေးငယ်တွေကို ဆေးထိုးအပ်နဲ့ ပါးစပ်ထဲ ထည့်တိုက်ပါတယ်။ ဂျင်မ်ဂျုံးစ်ရဲ့အသံကို ဖမ်းထားတဲ့ တိတ်ခွေတစ်ခွေမှာတော့ “ငါပြောလိုက်မယ်။ အော်သံတွေ၊ ဆူသံတွေ ဘယ်လောက်ကြားကြား ငါဂရုမစိုက်ဘူး။ အခုဘ၀မှာ(၁၀)ရက် အသက်ရှင်နေရတာထက် သေခြင်းဆီသွားရတာ အဆသန်းပေါင်းများစွာ ပိုကောင်းတယ်။ သေခြင်းရဲ့ ဟိုဘက်မှာ ဘာရှိလဲဆိုတာ မင်းတို့ ကြိုသိခဲ့ရင် မင်းတို့ ၀မ်းသာကြမှာပါ။” လို့ ပြောခဲ့ပါတယ်။

READ
လူသေတွေကို မမြှုပ်ပဲ ဒီတိုင်းထားတဲ့ အင်ဒိုနီးရှား ကျေးရွာတစ်ရွာရဲ့ ထူးဆန်းတဲ့ ဓလေ့
(Image: Archive Photos)

မြို့သူမြို့သား အားလုံးသေဆုံးပြီး နောက်မှာတော့ ဂျင်မ်ဂျုံးစ်ကိုယ်တိုင် သူ့ဦးခေါင်းကိုသူ သေနတ်နဲ့ပစ်သတ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ဟာ ပုဂ္ဂိုလ်စွဲနဲ့ သာသာရေး အမြင်ကန်းတာကြောင့် အပြစ်မဲ့သူပေါင်းများစွာ သေဆုံးကြရတဲ့ အမေရိကန်က အကျည်းတန်ဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းထဲမှာ ရှိနေခဲ့ပါပြီ။

(Image: Archive Photos)

လင်းလင်း (ShweMom)

Ref: Mirror

SHARE